DVB Logo
Home
မြန်မာသတင်း
အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား အကယ်ဒမီဆု ဘယ်သူရနိုင်မလဲ
DVB
·
March 22, 2019
အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား အကယ်ဒမီဆု ဘယ်သူရနိုင်မလဲ
1 / 6
Donate to DVB

၂၀၁၈ ခုနှစ် တနှစ်တာအတွင်း ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ကား တွေထဲမှာ ထူးချွန်ပြောင်မြောက်စွာ ကြိုးစားခဲ့ကြတဲ့ အနုပညာရှင်တွေကို ဂုဏ်ပြုချီးမြှင့်မယ့် မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုချီးမြှင့်ပွဲ အခမ်းအနားကို မနက်ဖန် မတ်လ ၂၃ရက်မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာတော့ ရုပ်ရှင်ဇာတ်ကားပေါင်း ၈၃ ကားရုံတင်ပြသနိုင်ခဲ့ပြီး အဲဒီထဲကမှ ဒုတိယအဆင့်ဆန်ကာတင် ရုပ်ရှင်ကား ၂၅ ကားကို ရွေးချယ်ထားခဲ့ပြီး ဖြစ် ပါတယ်။

ဒီကားတွေထဲမှာတော့ ပုံမှန်သမားရိုးကျ အခြေအနေတခုကနေ ပြန်လည်ခွဲထွက် ပြီး ထူးခြားတဲ့ တင်ဆက်ပုံတွေနဲ့ ရိုက်ကူးထားတဲ့ မြန်မာရုပ်ရှင်ကားတွေလည်း ပါဝင်နေ ခဲ့တာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကနေ အကယ်ဒမီပေးပွဲကို ဦးဆောင်ကျင်းပပြု လုပ်လာတာ ၆ နှစ်ရှိခဲ့ပြီဖြစ်ပြီး အခုနှစ်မှာတော့ အကယ်ဒမီဆု ၁၁ဆု ချီးမြှင့်သွားမှာ ဖြစ် ပါတယ်။

အခုနှစ်မှာတော့ ဘယ်ရုပ်ရှင်ကားကများ မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုကို  ဆွတ်ခူး ရရှိသွားမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

ပရိသတ်တွေကရော ရေပန်းစားနေတဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ဘယ်ကားက အခုနှစ် ရဲ့ မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုကို ဆွတ်ခူးသွားနိုင်မလဲဆိုတာကို ခန့်မှန်းပေးကြ ပါဦး။

ဥပါဒါန်

ဖြစ်ရပ်မှန်ဇာတ်လမ်းတပုဒ်ကို အခြေပြုပြီး ဖန်တီးပုံဖော်ထားခဲ့တဲ့ ဒီကားဟာ ထူးခြားတဲ့ မြန်မာရုပ်ရှင်ကားတကားဖြစ်ပြီး အကြောင်းကြောင်းတွေကြောင့် ထွက်ရှိဖို့ ကြန့်ကြာနေခဲ့ရပြီး အချိန် ၁၀ နှစ်ကျော်လောက်အကြာမှ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

မောင်အောင်(ရူပဗေဒ)ရဲ့ ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက်တာ ဗန်းကြီးက ရိုက် ကူးထားခဲ့တဲ့ ဒီရုပ်ရှင်ကားကတော့ သာသနာကို မြတ်နိုးတန်ဖိုးထားတဲ့ ရဟန်းပျိုတပါးနဲ့ ဘာသာသနာအပေါ် ကြည်ညိုလွန်းခဲ့ပေမယ့် သဒ္ဓါလွန်ကဲပြီး ဆုတောင်းမှားခဲ့တဲ့ မိန်းမ ချောလေးတယောက် အကြောင်းကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီကားကို စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး သရုပ်ဆောင်သစ် မင်းသား ခိုင်ထူးသာနဲ့ မင်းသမီး နန်းဆုဦးတို့က ခေါင်းဆောင် ပါဝင်ထားကြတာ ဖြစ်ပါတယ်။

တခြားသရုပ်ဆောင်တွေအနေနဲ့ ၀ါရင့်သရုပ်ဆောင်တွေဖြစ်ကြတဲ့ ခင်ဇာခြည် ကျော်၊ မေသဉ္ဇာဦး၊ ချိုပြုံးနဲ့ တခြားသရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါ တယ်။

မီ

နာမည်ကြီး စာရေးဆရာမကြီး ကြည်အေးရဲ့ ၀တ္ထုကို ဒါရိုက်တာ ဏကြီးက ကိုယ်တိုင်ဇာတ်ညွှန်းခွဲ၊ ကိုယ်တိုင်ရိုက်ကူးထားတာဖြစ်ပြီး Victoria Film Production က တင်ဆက်လိုက်တာ ဖြစ်ပါတယ်။

၁၉၅၀ ပြည့်လွန်ကာလကို အခြေတည်ရေးဖွဲ့ထားတဲ့ ဒီဇာတ်လမ်းဟာ နားလည် ရခက်တဲ့ မီဆိုတဲ့ မိန်းကလေးတယောက်ကြောင့် ယောက်ျားတွေ အရူးအမူးဖြစ်ကြတဲ့ အကြောင်း၊ ချစ်တဲ့စိတ်တဖက်၊ သံသယစိတ်တဖက်နဲ့ မီကို လက်ထပ်ယူခဲ့တဲ့ အ မျိုးသားတယောက် အကြောင်းကို တင်ပြထားခဲ့တာပါ။ ဒီကားထဲမှာတော့ အဲဒီခေတ်က လို အပြင်အဆင်တွေ၊ အထူးပြုလုပ်မှုတွေနဲ့ ရုပ်ရှင်အဖြစ် ပုံပေါ်လာအောင် ရိုက်ကူး ထားခဲ့တာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ အဓိကဇာတ်ကောင် မီနေရာမှာ သရုပ်ဆောင်မင်းသမီး ပိုင်ဖြိုး သုက ခေါင်းဆောင်ပါဝင်ထားပြီး သူနဲ့အတူ သရုပ်ဆောင်မင်းသားတွေဖြစ်ကြတဲ့ နေတိုး၊ ရဲအောင်၊ မင်းဦး၊ သားညီ၊ အောင်ရဲထိုက်တို့က အတွဲညီညီ တွဲဖက်ပါဝင်ထားကြတာ ဖြစ်ပါတယ်။

မုဒြာရဲ့ခေါ်သံ

နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ပြသခဲ့ပြီးမှ မြန်မာနိုင်ငံမှာ ရုံတင်ပြသနိုင်ခဲ့တဲ့ ဒီရုပ်ရှင်ကားကတော့ အခုလာမယ့် အကယ်ဒမီဆုဆန်ကာတင်စာရင်းမှာ ပါဝင်နေခဲ့ပြီ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားကတော့ Central Base Productions ကနေ ထွက်ရှိလာခဲ့တာဖြစ်ပြီး အမျိုးသမီး ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ ပွဲဦးထွက်လက်ရာရုပ်ရှင်ကား တကားဖြစ်ပါ တယ်။

အမေရိကန်နိုင်ငံမှာ ကြီးပြင်းခဲ့တဲ့ မြန်မာပြည်ဖွား ဂျေဒန် (Jaden)ဟာ သူ့ရဲ့ ဇစ် မြစ်ကို ရှာဖွေဖို့ မြန်မာပြည်သို့ပြန်လာခဲ့ချိန်မှာ ထင်မှတ်မထားတဲ့ အမှန်တရားတခုကို ရှာ ဖွေတွေ့ရှိခဲ့ရတဲ့ ဇာတ်လမ်းတပုဒ်ပါ။ မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ဂျေဒန်ဟာ  သူ့ရဲ့ ဂီတမဟာတန်းသုတေသန စာတမ်းအတွက် မြန်မာ့ရိုးရာဂီတနဲ့ အကကို သုတေသနပြုဖို့ ကြိုးစားချိန်မှာ ယဉ်ကျေးမှုတက္ကသိုလ်မှ ရိုးရာဂီတဘာသာရပ်နဲ့ ဘွဲ့ရထားခဲ့သူ နှင်းသူဇာနဲ့ ဆုံခဲ့ကြတယ်။ သူ့ရဲ့ အကူအညီနဲ့ ဂျေဒန်ရဲ့ မိဘအရင်းနဲ့ ဇာစ်မြစ်ကို ရှာဖွေပုံနဲ့ တင်ဆက်ထားတဲ့ ဒီကားထဲမှာတော့ မြန်မာပြည်ခရီးစဉ်တလျှောက် လူသိနည်းတဲ့ ဒေသခံတွေရဲ့ နေထိုင်မှုပုံစံတွေ၊ တွေ့မြင်ရခဲတဲ့ အလှအပတွေကို ထင်ဟပ်စေတဲ့ ဇာတ် ကားတကား ဖြစ်ခဲ့ပါတယ်။

ဒီကားထဲမှာ မျက်နှာသစ် သရုပ်ဆောင်မင်းသား ဇဏ်ခီနဲ့အတူ သရုပ်ဆောင် မင်း သမီး လှယဉ်ကျေး၊ နန်းဝေေ၀ထွန်းတို့က ပါဝင်ထားခဲ့ကြတာပါ။

နိုင်ငံတကာမှာ ရုပ်ရှင်ထူးချွန်ဆုတွေ ရရှိထားတဲ့ ဒီရုပ်ရှင်ကားက မြန်မာ့ရုပ်ရှင်အ ကယ်ဒမီဆုကိုရော ဆွတ်ခူးသွားနိုင်မလားဆိုတာကိုတော့ မကြာခင်မှာ သိကြရတော့မှာ ဖြစ်ပါတယ်။

မုန်းစွဲ

၂၀၁၈ နှစ်ကုန်ပိုင်းလောက်မှာ ရုံတင်ပြသခဲ့ပြီး ရုံတင်စံချိန်ချိုးခဲ့တဲ့ ဒီရုပ်ရှင်ကား ဟာ ဖြစ်ရပ်မှန် တရားတော်တပုဒ်ကို ရုပ်ရှင်အဖြစ် ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။

ဒီကားကိုတော့ 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး လွင်မင်းအံ့ရဲ့ ဇာတ်ညွှန်းကို ဒါရိုက်တာ သြရသက ပုံဖော်ရိုက်ကူးပေးထားတာ ဖြစ်ပါ တယ်။

ဒီရုပ်ရှင်ကားဟာ ဆရာတော် အရှင်ဆန္ဒာဓိက ဟောကြားတဲ့ အသေလှတဲ့သူ အ မည်ရတဲ့ ဖြစ်ရပ်မှန်တရားတော်ကို ရုပ်ရှင်အဖြစ် ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါ တယ်။

‘ချစ်စွဲ မုန်းစွဲ’ နဲ့ သေပြီးတော့ လူအဖြစ်ဝင်စားတဲ့အခါမှာ မုန်းစိတ်က အရမ်းစွဲ လမ်းနေပြီး မုန်းစွဲစိတ်နဲ့ လူဝင်စားဖြစ်ချိန်မှာ ဒုက္ခများရတဲ့အကြောင်းတွေ၊ အဓိက, ကတော့ ဘဝကို ချစ်ခြင်း၊ မုန်းခြင်း ကင်းကင်းနဲ့ ရှေ့ဆက်ဖို့ လိုတဲ့အကြောင်း၊ လက်ရှိ ဘ၀မှာရော၊ သံသရာမှာရော အစွဲအလမ်း မကြီးသင့်တဲ့အကြောင်း၊ အမုန်းတရားတွေ ကင်းစင်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားခဲ့တာပါ။

ဒီကားထဲမှာတော့ နာမည်ကြီး သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ နေတိုး၊ ကျော်ကျော်ဗို၊ ဖွေးဖွေး၊ အေးဝတ်ရည်သောင်းတို့နဲ့အတူ မကြာခင်ကမှ ကွယ် လွန်ခဲ့တဲ့ သရုပ်ဆောင်မင်းသား မင်းသွေးလည်း ပါဝင်ထားခဲ့တာ ဖြစ်ပါတယ်။

မုန်းစွဲရုပ်ရှင်ကားဟာ ထွက်မလာခင်ကတည်းက ပရိသတ်တွေကြားမှာ နာမည်ကြီးနေ ခဲ့တာဖြစ်ပြီး ရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေ၊ ဓာတ်ပုံ၊ အသံအထူးပြုလုပ် ချက်တွေဟာလည်း သေသပ်နေတာမို့ အကယ်ဒမီရှေ့ပြေးစာရင်းမှာ ရေပန်းစားနေခဲ့ တာပါ။

သမ္မတကြီးထံပေးစာ

ဒီကားကိုတော့ စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး စာရေး ဆရာ လူနေရဲ့ ၀တ္ထုကို နေနော်က ဇာတ်ညွှန်းခွဲထားပေးပြီး ဒါရိုက်တာ ၀ိုင်းက ပုံဖော် ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။

ပဲပြုတ်သည် အဖွားအို တယောက်ရဲ့ စာတစောင်ကနေ ဇာတ်လမ်းစတင်ထားတဲ့ ဒီရုပ်ရှင်ကားဟာ လူသတ်မှုတစ်ခုကို ဇာတ်အိမ်ဖွဲ့ရိုက်ကူးထားတာ ဖြစ်ပါတယ်။ တရား ဥပဒေရဲ့ အထက်မှာ အာဏာနဲ့ ငွေဟာ တကယ်ပဲ ရှိနေပြီလား။ တရားခံ မဟုတ်ဘူး ဆိုတာ သိနေလျက်နဲ့ ဒီအမှုကို ဘာကြောင့် မဖော်ထုတ်ခဲ့တာလဲ။ ဒါဟာ ငွေကြောင့် လား။ လုပ်ပိုင်ခွင့်ကြောင့်လား။ ငွေများငွေနိုင် တရားရေးကို လက်မခံနိုင်တော့တဲ့ အမှု တခုမှာ တရားဥပဒေကို မယုံကြည်နိုင်တော့တဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာ တွေကို ဒီရုပ်ရှင်ကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ ထူးထူးခြားခြား လူငယ်သရုပ်ဆောင် မင်းသားမင်းသမီး သစ်တွေနဲ့ တွဲဖက်ရိုက်ကူးထားတာဖြစ်ပြီး အလင်းရောင်၊ ချမ်းမင်းရဲထွဋ်၊ ဖွေးဖွေး၊ မေဆူးမောင်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာပါ။

မြန်မာနိုင်ငံရဲ့ တရားရေးမဏ္ဍိုင်ကို မီးမောင်းထိုး ဖော်ကျူးထားတဲ့ သမ္မတကြီးထံ ပေးစာ ရုပ်ရှင်ကားဟာ အကယ်ဒမီထူးချွန်ဆုကို ဆွတ်ခူးရရှိသွားလေမလားဆိုတာကို တော့ ရင်ခုန်စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013