DVB Logo
Home
မြန်မာသတင်း
လွှတ်တော်များ သီးခြားလွတ်လပ်သည့် မဏ္ဍိုင်အဖြစ် မရပ်တည်ဟု နာယကဟောင်း ဝေဖန်
DVB
·
March 22, 2019
လွှတ်တော်များ သီးခြားလွတ်လပ်သည့် မဏ္ဍိုင်အဖြစ် မရပ်တည်ဟု နာယကဟောင်း ဝေဖန်
Donate to DVB

အန်အယ်လ်ဒီကိုယ်စားလှယ်တွေ အများစု နေရာယူထားတဲ့ ဒုတိယအကြိမ် လွှတ်တော်အနေနဲ့ သီးခြားလွတ်လပ်တဲ့ မဏ္ဍိုင်အဖြစ် မရပ်တည်ဘဲ အစိုးရအဖွဲ့ရဲ့ ဦးဆောင်မှုအောက်မှာ လည်ပတ်နေရတယ်လို့ ပြည်ထောင်စုလွှတ်တော် နာယကဟောင်း ဦးခင်အောင်မြင့်က ပြောပါတယ်။

သက်တမ်း ၃ နှစ် ပြည့်သွားပြီဖြစ်တဲ့ လွှတ်တော်နဲ့ အစိုးရအဖွဲ့တို့ရဲ့ လုပ်ဆောင်နိုင်မှုတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီနဲ့ တွေ့ဆုံမေးမြန်းရာမှာ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် နာယကဟောင်း၊ လက်ရှိ အမျိုးသားလွှတ်တော်အမတ် ဦးခင်အောင်မြင့်က ပြန်လည်ဖြေဆိုခဲ့တာပါ။

“ပါတီနဲ့ လွှတ်တော် သီးခြားစီရှိရမယ်ဆိုတဲ့ ကိစ္စက မရှိဘူးဆိုတာ သွားတွေ့ရတယ်။ အစိုးရကပဲ ပါတီကိုရော၊ လွှတ်တော်ကိုပါ ဦးဆောင်နေတယ်။ အရင်လည်း အဲလိုလုပ်ချင်တယ်။ အန်ကယ်က လက်မခံလို့။ ဒါဘာကြောင့်လဲဆိုတော့ ပထမဆုံး စလုပ်ရတဲ့လူ ဆိုတာက ဒီ အင်စတီကျူးရှင်းကြီး ရှင်သန်ခိုင်မာ ဖြောင့်မတ်ဖို့ နောက်လူတွေ စံနမူနာယူဖို့ လုပ်မယ်ဆိုတဲ့ သန္နိဋ္ဌာန်စိတ်နဲ့ လုပ်ခဲ့တာ” လို့ ဦးခင်အောင်မြင့်က ပြောပါတယ်။

တိုင်းပြည်အတွက် အမှန်တကယ် အကျိုးရှိစေမယ့် မေးခွန်းနဲ့ အဆိုတင်သွင်းမှုတွေကို လွှတ်တော်မှာ ပယ်ချခံရတာတွေကြောင့် လွှတ်တော်လုပ်ငန်းစဉ်ကို စတင်ခဲ့သူတဦးအနေနဲ့ စိတ်မကောင်းဖြစ်ရတယ်။ ဒါ့ကြောင့် လွှတ်တော်မှာ မေးခွန်းမေးတာ အဆိုတင်သွင်းတာတွေ မလုပ်တော့ဖို့ ဆုံးဖြတ်ထားတယ်လို့လည်း ဆိုပါတယ်။

“ပွင့်ပွင့်လင်းလင်း ပြောမယ်ဆိုရင် ဒီအင်စတီကျူးရှင်းကြီးကို စခဲ့တဲ့ အန်ကယ် အတော်စိတ်မကောင်းဖြစ်တယ်။ စိတ်မကောင်းဖြစ်တဲ့အတွက် အန်ကယ် လွှတ်တော်ထဲမှာ မေးခွန်းလည်း မမေးတော့ဘူး။ အဆိုလည်း မတင်တော့ဘူး။ အဲတော့ လုပ်နေတဲ့ ဥက္ကဋ္ဌတွေ မသိလို့ လာမေးရင်တော့ ဖြေမယ်။ လာမမေးရင်တော့ မပြောတော့ဘူး။ သိသိနဲ့ အမှားလုပ်တာမျိုး ဆိုရင်လည်း မပြောတော့ဘူး” လို့ ဦးခင်အောင်မြင့်က ပြောပါတယ်။

ဒုတိယအကြိမ်လွှတ်တော်ရဲ့ လွှတ်တော်ဆိုင်ရာ လုပ်ငန်းစဉ်တွေနဲ့ မဏ္ဍိုင်အချင်းချင်း အပြန်အလှန် ထိန်းကျောင်းမှုအပိုင်းတွေ အပေါ်မှာ အားမရတဲ့အကြောင်းနဲ့ လွှတ်တော်အနေနဲ့ အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်မှုတွေအပေါ် အားပေးမှုပုံစံနဲ့ လည်ပတ်ခဲ့တာဖြစ်တယ်လို့ တပ်မတော်၊ ကြံ့ခိုင်ရေးနဲ့ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တချို့ကလည်း မှတ်ချက်ပြု ပြောဆိုပါတယ်။

ဒီပြောဆိုချက်တွေအပေါ်မှာ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်တွေအနေနဲ့ ငြင်းဆိုခြင်းမရှိဘဲ ကျန်ရှိနေတဲ့ လွှတ်တော်သက်တမ်း ၂ နှစ်တာကာလအတွင်း အပြန်အလှန် ထိန်းကျောင်းတဲ့ပုံစံနဲ့ အသားပေးလုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013