DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်တွင် ပစ်ခတ်မှုကြောင့် ဒေသခံ ၅ ဦး​ သေဆုံး၊ ၈ ဦး ဒဏ်ရာရ
DVB
·
March 22, 2019
ဘူးသီးတောင်တွင် ပစ်ခတ်မှုကြောင့် ဒေသခံ ၅ ဦး​ သေဆုံး၊ ၈ ဦး ဒဏ်ရာရ
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စည်တောင်ရွာမှာ မနေ့ညက ပစ်ခတ်မှုတွေကြောင့် ​ဒေသခံ ၅ ဦး ​ကျည်​ထိမှန်​​သေဆုံးပြီး ၈ ​ဦး ဒဏ်​ရာရရှိခဲ့​တယ်လို့ စည်​​တောင်​ဆရာ​တော်​ ဦးစာရဏက မိန့်ပါတယ်။

“စည်​​တောင်​ ​ကျေးရွာကို တပ်​အင်​အား ၁၅၀ ​လောက်​ မတ်​လ ၂၁ ရက်​​နေ့  ​နေလယ်​ ၂ နာရီ​လောက်​မှာ ​ရောက်​လာကြတယ်​။ ည ၉ နာရီ​လောက်​မှာ စပြီး ​ပေါက်​ကွဲတယ်​။ ဗုံးသီး​တွေ ​ပေါက်​တယ်​။ လက်​နက်​ကြီး၊ လက်​နက်​ငယ်​သံတွေ​ ပေါက်​သံကြားတယ်။ သူတို့က ရွာကို ၀ိုင်းပစ်​တာဖြစ်​တယ်။ ဦးဇင်းတို့ မနက်​ပိုင်း သွားကြည့်​​တော ဗုံးခိုကျင်းတခုမှာ အမျိုးသား ၃ ဦးရယ်​၊ အမျိုးသမီး ၁ ဦး ​သေဆုံး​နေတာ ​တွေတယ်။ ​နောက်​ ​နေအိမ်​တ​လုံးမှာ အမျိုးသမီး ၁ ဦး ​သေဆုံး​နေတာ​တွေ့တယ်။ ​နောက်​ ဒဏ်​ရာရရှိသူ ၅ ဦးရှိပြီး သူတို့ကို ​​စေတီ​တောင်​ ​ဆေးရုံမှာ ​ဆေးကုသမှုခံယူလျက်ရှိပါတယ်။ အပြန်​အလှန်​ပစ်​ခတ်​တာက မရှိဘူး၊ တပ်​ဘက်​က ကျတာ နဲ့ ​ဒဏ်​ရာရတာလည်း မရှိဘူး၊ ​တွေ့လည်း မ​တွေ့ဘူး။ ရွာသား​တွေ သေတာ ဒဏ်​ရာရတာပဲ ဦးဇင်းတို့ ​တွေရတယ်”​ လို့ မိန့်ပါတယ်။

ပစ်ခတ်မှုတွေကြောင့် ရွာသား​တွေ အားလုံးနီးပါး နီးစပ်​ရာ ကျေးရွာတွေကို ​ထွက်​​ပြေးနေကြပြီး ဒီနေ့ ၂၂ ရက်​​နေ့ မနက်​ပိုင်း ၇ နာရီ​လောက်​ကလည်း ပစ်​ခတ်​သံတွေ ကြိုးကြားကြိုးကြား​ ကြားနေရတယ်လို့ ဆရာတော်က မိန့်ပါတယ်။

လက်ရှိမှာတော့ ရွာမှာ တပ်​က ​နေရာယူထားပြီး​ မ​နေ့က ပစ်ခတ်တာ ညအချိန်​ဖြစ်တာကြောင့် ဘယ်အဖွဲ့က ပစ်တယ်ဆိုတာ အတိအကျမျက်​မြင်​​ပြောဖို့ ခက်​တယ်​လို့ ဆိုပါတယ်။

တပ်​မ​တော်​သတင်းမှန်​ပြန်​ကြား​ရေးအဖွဲ့ဝင် ဗိုလ်​မှူးကြီး ၀င်းဇော်​ဦးကတော့ မ​နေညက တပ်မတော်​က စည်​​တောင်​နဲ့ စပါးထား နယ်မြေတ၀ိုက်မှာ နယ်​​မြေရှင်းလင်း​ရေး​ ဆောင်ရွက်ရာကနေ အေအေနဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားတာလို့ ပြောပါတယ်။

“ရှင်းလင်း​ရေးလုပ်​တဲ့အခါမှာ လုံခြုံ​ရေးတပ်​ဖွဲဝင်​​တွေကို စည်​​တောင်​​ကျေးရွာတ၀ိုက်​က ၅ ​နေရာက​နေ ပစ်​တယ်။ လက်​နက်​ကြီး လက်​နက်​ငယ်​​တွေနဲ့ ပစ်​တယ်​။ စည်​​တောင်​ဘက်​က အများဆုံးပစ်​တယ်​။ အပြန်​အလှန်​ပစ်​ခတ်​မှု​တွေဖြစ်​တယ်။ ကျနော်​တို့ဘက်​က ထိခိုက်ဒဏ်​ရာရသူ​တွေရှိတယ်။ ​သောင်းကျန်းသူ​တွေက ရွာထဲက ခံပစ်​တဲ့အတွက်​​ကြောင့် ​သောင်​ကျန်းသူ​တွေ ​နေရာယူထားတဲ့ ရွာတွင်းဘက်​ကို အပြန်​အလှန်​ပစ်​ခတ်​တာ​တွေရှိတယ်​။ ​သေဆုံးတာ ဒဏ်​ရာရတာက ကျနော်​တို့​ကြောင့်လား၊ အေ​အေကြောင့်လားဆိုတာ အတိအကျမသိဘူး။ ​အေ​အေပစ်​တာလည်း ဖြစ်​​ကောင်းဖြစ်​နိုင်​တာပဲ။ တိုက်​ပွဲဖြစ်​တဲ့ နယ်​​မြေထဲမှာ ပါ​နေ​တော့ ဘယ်​သူ​ပစ်​လို့ ဖြစ်​တာဆိုတာ ကျနော်​တို့မသိနိုင်​ဘူး။”

ရက္ခိုင့်တပ်​မ​တော်​ ​ပြောခွင့်ရ ခိုင်​သုခ "ကျနော်တို့ဘက်​က တိုက်​ပွဲဖြစ်​ပွားတာ လုံးဝမရှိပါဘူး။ ဗမာတပ်​မ​တော်​ဘက်​က ရွာသား​တွေကို တမင်​သက်​သက်​၀င်​ပြီး ပစ်​ခတ်​သွားတာဖြစ်​တယ်။ မြောက်​ဦးမှာလည်း အရပ်​သား​တွေကို ဦးတည်​ပြီး လက်​နက်​ကြီး​တွေနဲ့ ပစ်​တယ်၊​ လက်​နက်​ငယ်​​တွေနဲ့ ပစ်​တာ​တွေရှိတယ်​။ ရခိုင်​တပ်​မ​တော်​အ​နေနဲ့ ​အောက်​တန်းကျတဲ့ အလုပ်​ကို လုံးဝမလုပ်​ဘူး” လို့ ​ပြောပါတယ်​။

ဘူသီး​တောင်​မြို့နယ်​ စည်​​တောင်​​ကျေးရွာမှာ အိမ်​​ခြေ ၃၀၀ ​ကျော်​ရှိပြီး လူဦး​ရေ ၁၅၀၀ ကျော် နေထိုင်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013