DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်ရုပ်တု ရွှေ့ပြောင်း၊ဖြုတ်ချမှု လက်မခံဟု ကြေးရုပ်ဖြစ်မြောက်ရေးကော်မီတီ ထုတ်ပြန်
DVB
·
March 22, 2019
ဗိုလ်ချုပ်ရုပ်တု ရွှေ့ပြောင်း၊ဖြုတ်ချမှု လက်မခံဟု ကြေးရုပ်ဖြစ်မြောက်ရေးကော်မီတီ ထုတ်ပြန်
Donate to DVB

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကန္ဒာဟေဝန်ပန်းခြံအတွင်း ထားရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်တုကို ရွှေ့ပြောင်းဖြုတ်ချတာတွေကို  လုံးဝ လက်ခံမှာ မဟုတ်ဘူးလို့ ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေးကော်မီတီက ကြေညာပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ ပြည်ထောင်စုရဲ့ဖခင်၊ မြန်မာ့လွတ်လပ်ရေးဗိသုကာကြီးအဖြစ် မြန်မာသာမက ကမ္ဘာကပါလေးစားရတဲ့ ပုဂ္ဂိုလ်ဖြစ်ပြီး ကယားပြည်နယ်ဟာ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း တည်ရှိနေတာဖြစ်လို့  ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ ရုပ်တုကို လွိုင်ကော်ပန်းခြံမှာ ထားရှိတာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြပါတယ်။

ဗိုလ်ချုပ်ရုပ်တု ဖြစ်မြောက်ရေးကော်မီတီအနေနဲ့ ကြေးရုပ်အတွက် အစိုးရကို အခွန်ဆောင်ထားပြီးဖြစ်လို့ ဖြုတ်ချတာကို လုံးဝလက်ခံမှာမဟုတ်ဘူးလို့ ကြေးရုပ်ဖြစ်မြောက်ရေး ကော်မီက ဦးကျော်သန်းက ပြောပါတယ်။

“ အခုက တဖက်က တောင်းဆိုလာတဲ့ ပြောင်းရွှေ့ဖို့အရေးကို ဆောင်ရွက်နေတာပေါ့နော်။ သူတို့ ပြောင်းရွှေ့ဖို့အရေးကို သပိတ်စခန်းဖွင့်ပြီးမှ သပိတ်ကော်မီတီအနေနဲ့ လုပ်ပြီးမှ သူတို့က ပြောင်းရွှေ့ဖို့ တောင်းဆိုတာကိုး။ အကယ်၍ ကျနော်တို့က ပြောင်းရွှေ့လိုက်မယ်ဆိုရင် ကျနော်တို့ကလည်း သပိတ်လုပ်ဖို့တော့မဆန်းဘူးပေါ့နော်။ မပြောင်းဖို့ မရွှေ့ဖို့သပိတ်လည်း ကျနော်တို့က အဲလိုမျိုးဆန္ဒအပြည့်အ၀ ရှိတာပေါ့နော်။ ”

ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့ မတ်လ ၂၀ ရက်က လွိုင်ကော်မြို့မှာ ပြည်နယ်အစိုးရ၊ ရုပ်တုဖြစ်မြောက်ရေးကော်မတီ၊ ရုပ်တုကိုကန့်ကွက်တဲ့ ကရင်နီပြည်အင်အားစု သပိတ်ကော်မတီ၊  ကရင်နီအမျိုးသား တိုးတက်ရေးပါတီနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန တို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ကရင်နီပြည်အင်အားစု သပိတ်ကော်မတီကတော့ ဗိုလ်ချုပ်ကြေးရုပ်ကို ပြည်နယ် ပြင်ပကို ပြောင်းရွှေ့ဖို့၊ ဒီလိုအဆင်မပြေဘူးဆိုရင်လည်း အန်အယ်လ်ဒီရုံး၊ ပရဟိတရုံးလို အများနဲ့ မသက်ဆိုင်တဲ့နေရာ တခုခုကို ပြောင်းရွှေ့ဖို့ အဆိုပြုချက် ၂ ရပ် ပြန်လည်တင်ပြခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ ဗိုလ်ချုပ်အောင်ဆန်းကြေး ရုပ်တုကိစ္စ နှစ်ဖက်လက်ခံနိုင်တဲ့ ဖြေရှင်းချက်ရရှိရေးငြိမ်းချမ်းစွာဆွေးနွေးညှိနှိုင်းကြဖို့နဲ့ နှစ်ဖက်အဆိုပြုချက်နည်းလမ်းတွေ အပေါ်မှာ ပြန်လည်သုံးသပ်ကာ ဧပြီလမကုန်မီ လေးပွင့်ဆိုင် ပြန်လည်တွေ့ဆုံအပြီးသတ် ဆွေးနွေးကြဖို့ သဘောတူညီမှုရခဲ့ပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်တည်ဆောက်ရာမှာ ကျပ်သိန်း ၆၀၀ ကျော်ကုန်ကျတာဖြစ်ပြီး အစိုးရဆီက သိန်း ၄၀၀ အလှူငွေကောက်ခံရရှိခဲ့ပြီး ကျန် သိန်း၂၀၀ ကျော်ကတော့ ကယားပြည်နယ်က ဒေသခံတွေ၊ ကုမ္မဏီတွေနဲ့ ပရဟိတအဖွဲ့တချို့ ပါဝင်ထည့်ဝင်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013