DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ ပညာရေးကဏ္ဍအတွက် ယူရိုငွေ ၂၂၁ သန်း အီးယူကူညီ
DVB
·
March 22, 2019
မြန်မာနိုင်ငံ ပညာရေးကဏ္ဍအတွက် ယူရိုငွေ ၂၂၁ သန်း အီးယူကူညီ
Donate to DVB

မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍ တိုးတက်မြင့်မားရေးအတွက် အီးယူ ဥရောပသမဂ္ဂက  ယူရိုငွေ ၂၂၁ သန်းဖိုး အကူအညီအထောက်အပံ့တွေ ပေးအပ်ဖို့ မြန်မာအစိုးရနဲ့ အီးယူသံတမန် တွေ သဘောတူစာချုပ်ချုပ်ဆိုလိုက်ပါတယ်။

အီးယူရဲ့ အကူအညီနဲ့ ဆောင်ရွက်မယ့် ပညာရေးနဲ့ ကျွမ်းကျင်မှုအခြေခံတွေ မြှင့်တင်ရေး စီမံချက်နဲ့ ပတ်သက်တဲ့ ငွေကြေးထောက်ပံ့မှုဆိုင်ရာ သဘောတူစာချုပ်ကို  မတ်လ ၂၁ ရက် မနက်က နေပြည်တော်မှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်နဲ့ ဥရောပသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာသံရုံးက သံအမတ်ကြီး ခရစ္စတင်း ရှမစ်တို့  လက်မှတ်ရေးထိုးခဲ့ကြတာပါ။

အဆိုပါငွေကြေးအထောက်အပံ့ ယူရို ၂၂၁ သန်းထဲမှာ ဘတ်ဂျက်အထောက်အပံ့ ယူရို ၁၇၅ သန်းနဲ့ ဖြည့်စွက်အထောက်အပံ့ ယူရို ၄၆ သန်း ပါဝင်တယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒီအကူငွေတွေနဲ့ အခြေခံပညာအလယ်တန်းနဲ့ အထက်တန်းပညာရေး ပြုပြင်ပြောင်းလဲတဲ့ လုပ်ငန်း၊ နည်းပညာနဲ့ သက်မွေးပညာ ကဏ္ဍပြုပြင်ပြောင်းလဲတဲ့လုပ်ငန်း၊   အလုပ်ရုံနဲ့ ကျောင်းသားအဆောင်တွေဆောက်လုပ်တဲ့ လုပ်ငန်းတွေအပြင် ဆရာလမ်းညွှန်နဲ့ ကျောင်းသုံး ပုံနှိပ်စာအုပ်တွေရိုက်နှိပ်တာ၊ ဆရာ၊ဆရာမတွေကို အရည်အသွေးပြည့်ဝရေး သင်တန်းတွေ ပေးတာနဲ့  ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို ADB ၊ World Bank ၊ I-IDEA တို့နဲ့ ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

သဘောတူစာချုပ် လဲလှယ်ပွဲအခမ်းအနားကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပြည်ထောင်စုဝန်ကြီးတွေ ဥရောပသမဂ္ဂ နိုင်ငံတွေက သံအမတ်ကြီးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ဓာတ်ပုံ- အတိုင်ပင်ခံရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013