DVB Logo
Home
မြန်မာသတင်း
မြောက်ဦးရှေးဟောင်းအမွေအနှစ်များ ပျက်စီးမှု ရခိုင်ပါတီ စုံစမ်းစစ်ဆေးမည်
DVB
·
March 22, 2019
မြောက်ဦးရှေးဟောင်းအမွေအနှစ်များ ပျက်စီးမှု ရခိုင်ပါတီ စုံစမ်းစစ်ဆေးမည်
Donate to DVB

ရခိုင်ပြည်နယ် လက်နက်ကိုင်ပဋိပက္ခအတွင်း အရပ်သားတွေ ထိခိုက်သေဆုံးမှုနဲ့ မြောက်ဦးမြို့က သမိုင်းဝင်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေ ထိခိုက်ပျက်စီးမှုတွေကို စုံစမ်းစစ်ဆေးဖို့ ရခိုင်အမျိုးသားပါတီ (အေအန်ပီ)က မတ်လ ၂၀ ရက်မှာ စုံစမ်းစစ်ဆေးရေးကော်ရှင် ဖွဲ့စည်းလိုက်ပါတယ်။

ကော်မရှင်ကို ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ဦးဆောင်မှာဖြစ်ပြီး အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောနဲ့ ဗဟိုအလုပ်မှုဆောင်တွေ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေ အပါအ၀င် အဖွဲ့ဝင် (၉) ဦးနဲ့ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

ပစ်ခတ်မှုတွေကြောင့် ထိခိုက်နစ်နာချက်တွေကို သိရှိဖို့နဲ့  နောက်ဒီလိုမဖြစ်ဖို့ ဘယ်လို ကာကွယ်ပေးဖို့ လိုအပ်မလဲဆိုတာကို တင်ပြလိုတဲ့အတွက် ပဋိပက္ခစုံစမ်းရေး ကော်မရှင်ကို ဖွဲ့စည်းလိုက်တာလို့ ကော်မရှင်အဖွဲ့ဝင် ပါတီအထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောပါတယ်။

“အခုစတင်ပြီး စနစ်တကျ မျက်မြက်သေတွေ၊ ခိုင်လုံတဲ့ သက်သေတွေ၊ နောက်ပြီးတော့ တကယ့်တကယ် ထိတွေ့ခံစားနေရတဲ့ ပုဂ္ဂိုလ်တွေ၊ မြို့မမြို့ဖတွေ၊ သက်ဆိုင်ရာ ရှေးဟောင်းအမွေအနှစ်တွေကို တာဝန်ခံ၊ တာဝန်ယူထားပြီးတော့ အခုကြားနေရတာက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့တောင် ကြိုးစားနေကြတဲ့ ဘယ်အဖွဲ့စည်းက ဘယ်ပုဂ္ဂိုလ်တွေက ဦးဆောင် လုပ်နေတယ်။ ဒီပုဂ္ဂိုလ်တွေက ပျက်စီးမှုတွေကို ဘယ်လောက်ထိသိထားလဲ။ သက်ဆိုင်ရာနယ်ပယ်အားလုံးမှာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ အတတ်နိုင်ဆုံး ခိုင်မာမှု ရှိအောင်၊ ခိုင်လုံမှုရှိအောင် အဲဒီလူတွေနဲ့ ထိတွေ့ပြီးတော့ စုံစမ်းပြီးမှ ဘယ်လောက်အတိုင်းတာထိ ပျက်စီးနေလဲဆိုတာကို သိရမှာပေါ့။”

ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေတွေကို မတ်လ ၂၀ ရက်ကစတင်ပြီး ၇ ရက်အတွင်း စုံစမ်းစစ်ဆေးကာ အပြီးသတ်အစီရင်ခံစာကို ဗဟို အလုပ်မှုဆောင်ကော်မတီသို့ တင်ပြရမှာဖြစ်ပါတယ်။

အဲဒီနောက် အစီရင်ခံစာကို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးနဲ့ လူ့အခွင့်အရေးကော်မရှင်တွေကို လိုအပ်ရင်လိုအပ်သလို တင်ပြသွား မယ်လို့ ဆိုပါတယ်။

လက်ရှိမှာ တပ်မတော်နဲ့  အေအေ (ရက္ခိုင့်တပ်မတော်) အကြား လက်နက်ကိုင်ပဋိပက္ခ ကြောင့် အရပ်သားတွေ ထိခိုက်သေဆုံး ဒဏ်ရာရတာ ရှိနေသလို အိုးအိမ်စွန့်ခွာ တိမ်းရှောင်သူတွေလည်း သောင်းနဲ့ချီရှိနေပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက မြောက်ဦးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်းမှာလည်း ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း UNESCO ဝင်နိုင်ရေး နိုင်ငံတော်အဆင့်ကကြိုးပမ်းနေတဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဇုန်ထဲ လက်နက်ကျည်ဆန်တွေကျရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013