DVB Logo
Home
မြန်မာသတင်း
ပြည်နယ်၊ တိုင်း အစိုးရများကို အွန်လိုင်းက စောင့်ကြည့်နေဟု သမ္မတ ပြော
DVB
·
March 22, 2019
ပြည်နယ်၊ တိုင်း အစိုးရများကို အွန်လိုင်းက စောင့်ကြည့်နေဟု သမ္မတ ပြော
Donate to DVB

ပြည်နယ်၊ တိုင်းအစိုးရတွေ ဘာလုပ်နေလဲဆိုတာ စောင့်ကြည့်နေတဲ့ ဌာနတခု ဖွင့်ထားသလို သူကိုယ်တိုင်လည်း အွန်လိုင်းက စောင့်ကြည့်နေတယ်လို့ သမ္မတ ဦးဝင်းမြင့်က ပြောပါတယ်။

မတ်လ ၂၁ ရက်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံစဉ် သမ္မတက ပြောခဲ့တာဖြစ်ပြီး ပြည်နယ်အစိုးရရဲ့ အားလုံးကောင်းပါသည်ခင်ဗျား ဆိုတာကိုလည်း သမ္မတက ဝေဖန်ထောက်ပြခဲ့ပါတယ်။

“ပြည်နယ်၊ တိုင်း၊ မြို့နယ်အသီးသီးမှာ အခြေအနေအရပ်ရပ်တွေ ဖြစ်ပျက်နေတာ သိဖို့အတွက် ကျနော့်ဆီမှာကို ဌာနတခု ဖွင့်ထားတယ်၊ ဌာနတခုကို ဖွင့်ထားတယ်၊ တိုင်ကြားစာဌာနကို သတ်သတ်ဖွင့်ထားတယ်၊ ပြီးရင် ဖြစ်ပျက်နေတဲ့ အခြေအနေ အမှန်သိဖို့အတွက် သုတေသနဌာန ဖွင့်ထားတယ်၊ ကောင်းပြီ၊ ဒါတင်မကဘူး၊ ကျနော့်ဆီက ဝန်ထမ်းတွေ အခုပါလာတယ်၊ ရှိတယ်၊ အပ်ဒိတ် ဘာဖြစ်နေလဲ၊ မှန်တာ မှားတာ ဘေးဖယ်ထား၊ အွန်လိုင်းက ကျနော်ကြည့်တယ်။”

ပြည်နယ်၊ တိုင်း ဝန်ကြီးချုပ်တွေဆီ ဖုန်းဆက်ပြီး ဘယ်နေရာမှာ ဘာဖြစ်နေတယ်ဆိုပြီး အချိန်မီ ထိန်းသိမ်းနိုင်အောင် လုပ်ဆောင်နေတယ်လို့လည်း သမ္မတက ပြောပါတယ်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်အောင်က သမ္မတထံ အစီရင်ခံ တင်ပြရာမှာ မြေသိမ်းယာသိမ်းအမှုတွေ အားလုံး ရှင်းလင်းပြီးပြီလို့ တင်ပြခဲ့ပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တင်ပြရာမှာတော့ မြေသိမ်းအမှုပေါင်း ၁၅၇ မှု ရှိနေသေးတယ်လို့ တင်ပြခဲ့မှု အပေါ်မှာလည်း သမ္မတက ဝေဖန်ထောက်ပြခဲ့ပါတယ်။

အားလုံးကောင်းပါတယ်လို့ ပြည်နယ်အစိုးရက တင်ပြခဲ့လို့ ဒီလိုသာ အားလုံးကောင်းနေရင် သမ္မတက ဘာလုပ်ပေးစရာ လိုဦးမလဲလို့လည်း သမ္မတက ဝေဖန်ပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်အစိုးရအဖွဲ့က ဝန်ကြီးတဦးဟာ ဝန်ကြီးဖြစ်ပြီးကတည်းက သူ့ဆန္ဒမဲနယ်မြေကို တခါမှ မဆင်းတော့တဲ့ အပေါ်မှာလည်း သမ္မတက သတိပေးခဲ့ပါတယ်။

ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးပြဿနာကို ထိထိရောက်ရောက် ကိုင်တွယ်ဖို့ သမ္မတက သတိပေးခဲ့ပြီး ထိထိရောက်ရောက် မကိုင်တွယ်သူတွေကို အရေးယူမယ်လို့လည်း သမ္မတ ဦးဝင်းမြင့်က ပြောခဲ့ပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့တယ်လို့ သမ္မတရုံးသတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013