DVB Logo
Home
မြန်မာသတင်း
တရားစီရင်ရေးတွင် အသားအရောင်၊ ဘာသာတရား မခွဲခြားရန် သမ္မတ တိုက်တွန်း
DVB
·
March 22, 2019
တရားစီရင်ရေးတွင် အသားအရောင်၊ ဘာသာတရား မခွဲခြားရန် သမ္မတ တိုက်တွန်း
Donate to DVB

တရားစီရင်ရေးအပိုင်းမှာ ဘက်မလိုက်ဘဲ ရာထူး၊ ငွေကြေး၊ မျက်နှာကြီးငယ်၊ အသားအရောင်၊ ဘာသာတရား မခွဲခြားဘဲ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ဆုံးဖြတ်ကြဖို့ သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းလိုက်ပါတယ်။

သမ္မတဦးဝင်းမြင့်ဟာ မတ် ၂၁ ရက်နေ့က မြစ်ကြီးနားမြို့တော်ခန်းမမှာ ပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်နယ်တရားလွှတ်တော်နဲ့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်တွေက ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပွဲမှာ အခုလို ပြောကြားခဲ့တာပါ။

“တရားစီရင်ရေး အပိုင်းတွင်လည်း ဘက်မလိုက်သည့် တရားစီရင်ရေး ဖြစ်စေလိုပါကြောင်း၊ ရာထူး၊ ငွေကြေး၊ မျက်နှာကြီးငယ်၊ အသားအရောင်၊ ဘာသာတရား ခွဲခြားမှုမရှိဘဲ တရားစီရင်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆုံးဖြတ်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံသူ၊ နိုင်ငံသားအားလုံး ဥပဒေနှင့်အညီ ဖြစ်ရမည် ဖြစ်ပါကြောင်း၊ ဥပဒေ၏ ရှေ့မှောက်တွင် အားလုံး တန်းတူညီတူဖြစ်မှသာ ဒီမိုကရေစီစနစ် ခိုင်မြဲမည်ဖြစ်ပါကြောင်း၊ ဥပဒေ၏အထက်တွင် မည်သူမျှ မရှိရပါကြောင်း၊ တရားမျှတမှုရှိသည့် လူ့အဖွဲ့အစည်း တည်ဆောက်နိုင်မှသာ ဒီမိုကရေစီစနစ် ခိုင်မြဲမည်ဖြစ်ပါကြောင်း။”

ဒ့ါအပြင် အမှုတွေကို ကြန့်ကြာမှုမဖြစ်စေဘဲ မှန်မှန်နဲ့မြန်မြန် ဆုံးဖြတ်ကြဖို့၊ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းထားတဲ့ သက်သေခံပစ္စည်းတွေကို ပြည်သူ့ဘဏ္ဍာ အလေအလွင့်မဖြစ်အောင် ဥပဒေနဲ့အညီ မြန်မြန်ဆန်ဆန် ဆောင်ရွက်ကြဖို့လည်း သမ္မတက တိုက်တွန်းပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့လည်း မိမိနဲ့သက်ဆိုင်တဲ့ နယ်မြေတွေကို သွားရောက်ပြီး ပြည်သူတွေနဲ့ ထိတွေ့ကြဖို့၊ သိမ်းဆည်းမြေများ ပြန်လည်ပေးအပ်နိုင်ဖို့ ချမှတ်ထားတဲ့ မူဝါဒ၊ ဥပဒေစည်းမျဉ်း၊ စည်းကမ်းတွေအညီ ဆောင်ရွက်ကြဖို့၊ မူးယစ်ဆေးဝါး၊ သစ်နဲ့ ကျောက်စိမ်းကိစ္စတွေကို မျက်နှာလွှဲမနေဘဲ ဥပဒေနဲ့အညီ ဆောင်ရွက်ကြဖို့ ပြောကြားခဲ့ပါတယ်။

စစ်ဘေးရှောင် ပြည်သူတွေရဲ့ ကျန်းမာရေး၊ နေထိုင်ရေးနဲ့ စားဝတ်နေရေး ကိစ္စရပ်တွေကို ဂရုစိုက်ပေးဖို့၊ ပြန်လည်နေရာချထားရေးနဲ့ လုံခြုံရေးကိစ္စတွေကိုလည်း ဆောင်ရွက်ပေးဖို့နဲ့ မဏ္ဍိုင်သုံးရပ်လုံးမှာ ကန့်သတ်ချက်တွေ ရှိတာကြောင့် လုပ်ပိုင်ခွင့်တွေကို ကျော်လွန်ပြီး မလုပ်ဆောင်ဖို့ လိုကြောင်းလည်း သမ္မတက တိုက်တွန်းခဲ့ပါတယ်။

သမ္မတ ဦးဝင်းမြင့်ဟာ မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးကိုလည်း သွားရောက်ခဲ့ပြီး လူနာတွေကို အားပေးစကား ပြောကြားခဲ့သလို စားသောက်ဖွယ်ရာတွေ ပေးအပ်ခဲ့တယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013