DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် အလုပ်သွားလုပ်မည့်သူများ ကော့သောင်းတွင် သောင်တင်
DVB
·
October 12, 2012
ထိုင်းတွင် အလုပ်သွားလုပ်မည့်သူများ ကော့သောင်းတွင် သောင်တင်
Donate to DVB

မြန်မာနိုင်ငံ ပြည်နယ်နဲ့ တိုင်းဒေသအသီးသီးက အလုပ်သမားတွေဟာ ထိုင်းနိုင်ငံမှာ အလုပ်ရမယ်ဆိုပြီး ပြည်တွင်းအေဂျင်စီတခုနဲ့ ချိတ်ဆက်ပြီး  မြန်မာ-ထိုင်းနယ်စပ် ကော့သောင်းမြို့ပေါ်မှာ ရောက်လာကြပေမယ့် သုံးလေးလကြာ တဲ့အထိ ထိုင်းနိုင်ငံကို မသွားရသေးဘဲ အခက်အခဲ ကြုံနေကြရပါတယ်။

ဧရာဝတီတိုင်း လပွတ္တာမြို့နယ်က မမြင့်မိုရ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ကတည်းက  ရန်ကုန်က အေဂျင်စီတခုကို ငွေကျပ် ၃ သိန်းခွဲပေးပြီး ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ ကော့သောင်းမြို့ပေါ် ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

“ရေသန့်ဘူးစက်ရုံရယ်၊ မုန့်စက်ရုံ၊ စက်ရုံတွေက အများကြီးပဲတဲ့။ စာချုပ်ချုပ်ရင် ကိုယ်လုပ်ချင်တဲ့စက်ရုံကို ရွေးပြီးလုပ်ရမယ်ပြောတယ်။ သူတို့ပြောတာက ရက် ၂၀ လောက်ပဲ စောင့်ရမယ်တဲ့။ အခု ကော့သောင်းမှာနေတာ သမီးတို့ ၃ လကျော်သွားပြီ။ နေရထိုင်ရတာနဲ့ စားဝတ်နေရေး အခက်အခဲ ရှိတယ်။ လာကာစတုန်းကဆို အဆောင်က မိုးမလုံဘူး။ မိုးတွေယိုတယ်။ အပြင်မှာနေတဲ့ ယောက်ျားလေးတွေဆိုရင် တချို့ အိပ်စရာနေရာမရှိလို့ ငုပ်တုတ်ထိုင်နေရတယ်။ ရောက်စတုန်းက အယောက် ၁၄၀ ကျော်တယ်။ ထမင်းတွေ၊ ဟင်းတွေက တခါတလေ မလာဘူး။ လုစားရတဲ့အခါလည်း ရှိတယ်။ အခုအချိန်ကြာလာတော့ မစောင့်နိုင်ကြတော့လို့ ပြန်သွားတဲ့သူတွေလည်း ရှိတယ်။ အောက်လမ်းက သွားတဲ့သူတွေလည်း ရှိတယ်။ အခုတော့ အဆောင်မှာ လူနည်းသွားပြီ။”

အလုပ်သမားတွေဟာ ထိုင်းနိုင်ငံထဲ အလုပ်မလုပ်ရသေးတဲ့အပြင် ကော့သောင်းမှာ နေရေးစားရေးအတွက် အဆင်မပြေတာကြောင့် အိမ်ကိုအဆက် အသွယ်လုပ်ပြီး ငွေတွေ ပို့ခိုင်းနေရပါတယ်။

မမြင့်မိုရ်ရဲ့ ဖခင်ကတော့ စီးပွားရေးအဆင်မပြေလို့ ငွေမပို့နိုင်သလို သမီးဖြစ်သူကို ပြန်ခေါ်ရင်လည်း ကုန်ကျစရိတ်  ၁၅ သိန်း ပြန်လျော်ရ မယ်လို့ ကုမ္ပဏီကဆိုတာကြောင့် အခက်အခဲဖြစ်ရပုံကို မမြင့်မိုရ်ရဲ့  ဖခင်  ဦးမြင့်ဌေးက ပြောပါတယ်။
“ကျနော့်ညီရယ်၊ သမီးရယ်၊ တူမရယ် သုံးယောက်ကို ရန်ကုန်ပွဲစားကတဆင့် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ဆိုပြီး ကော့သောင်းကိုလွှတ်တယ်။ အခုဆို ၄ လထဲဝင်နေပြီ။ ကျနော်တို့ ပိုက်ဆံပို့ရတာ ခဏပြီးခဏ ရှာပြီးပို့ရတယ်။ ဘာမှမရှိလို့ သွားလုပ်ခိုင်းတာ။ ထပ်ပို့ရဦးမယ်ဆိုရင် မပို့နိုင်တော့ဘူး။ သူတို့ မသွားရဘူးဆိုရင် ရန်ကုန်က ပွဲစားကို ၁၅ သိန်းနဲ့ သိန်း ၂၀ ကြားမှာ ကျနော်တို့ လျော်ရမယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013