DVB Logo
Home
Lead Story
အမျိုးသမီးဇာတ်ဆောင် အကယ်ဒမီဆု ဘယ်သူရနိုင်မလဲ(မဲပေးနိုင်)
DVB
·
March 21, 2019
အမျိုးသမီးဇာတ်ဆောင် အကယ်ဒမီဆု ဘယ်သူရနိုင်မလဲ(မဲပေးနိုင်)
Donate to DVB
[poll id="2"]
၂၀၁၈ ခုနှစ် တနှစ်တာအတွင်း ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ကားတွေထဲမှာ ထူးချွန်ပြောင်မြောက်စွာ ကြိုးစားခဲ့ကြတဲ့ အနုပညာရှင်တွေကို ဂုဏ်ပြုချီးမြှင့်မယ့် မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုချီးမြှင့်ပွဲ အခမ်းအနားကို ခုသီတင်းပတ်ကုန် မတ်လ ၂၃ ရက်မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာတော့ ရုပ်ရှင်ဇာတ်ကားပေါင်း ၈၃ ကားရုံတင်ပြသနိုင်ခဲ့ပြီး အဲဒီထဲကမှ ဒုတိယအဆင့်ဆန်ကာတင် ရုပ်ရှင်ကား ၂၅ ကားကို ရွေးချယ်ထားခဲ့ပြီး ဖြစ် ပါတယ်။
ဒီကားတွေထဲမှာတော့ ပုံမှန်သမားရိုးကျ အခြေအနေတခုကနေ ပြန်လည်ခွဲထွက် ပြီး ထူးခြားတဲ့ တင်ဆက်ပုံတွေနဲ့ ရိုက်ကူးထားတဲ့ မြန်မာရုပ်ရှင်ကားတွေလည်း ပါဝင်နေ ခဲ့တာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကနေ အကယ်ဒမီပေးပွဲကို ဦးဆောင်ကျင်းပပြု လုပ်လာတာ ၆ နှစ်ရှိခဲ့ပြီဖြစ်ပြီး အခုနှစ်မှာတော့ အကယ်ဒမီဆု ၁၁ဆု ချီးမြှင့်သွားမှာ ဖြစ် ပါတယ်။
အခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အမျိုးသမီး ဇာတ်ဆောင်ဆုရရှိမယ့်သူ တွေအဖြစ် ဒီမင်းသမီးတွေကတော့ ရေပန်းစားနေပါတယ်။
ပရိသတ်တွေကရော ဘယ်သူက အခုနှစ်ရဲ့ မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုကို ဆွတ် ခူးသွားနိုင်မလဲဆိုတာကို ခန့်မှန်းမဲပေးနိုင်ပါတယ်။
ဖွေးဖွေး
သရုပ်ဆောင်မင်းသမီး ဖွေးဖွေးကတော့ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ အကယ်ဒမီဆုတွေကို ဆွတ်ခူးနိုင်ခဲ့သလို အခုနှစ်မှာလည်း သူပါဝင်သရုပ်ဆောင်ထားတဲ့ ရွှေကြာ၊ မုန်းစွဲ၊ သမ္မတကြီးထံပေးစာစတဲ့ ရုပ်ရှင်ကားတွေနဲ့ ပရိသတ်အားပေးမှု ရရှိနေတဲ့ အနုပညာရှင်တဦးပါ။
နာမည်ကြီး ရွှေကြာ ရုပ်ရှင်ကားဟာ စာရေးဆရာမ ပုညခင်ရဲ့ အရှေ့တံခါးအ၀င် မည်ရတဲ့ ၀တ္ထုကို ရုပ်ရှင်အဖြစ် အသက်သွင်းရိုက်ကူးထားခဲ့တာဖြစ်ပြီး ဒီကားကိုတော့ ဒါရိုက်တာ ၀ိုင်းက ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။
ပြည့်တန်ဆာ မိန်းကလေးတွေရဲ့ ဘဝတွေကို ပုံဖော်ရိုက်ကူးထားခဲ့တဲ့ ဒီရုပ်ရှင် ကားကို အားပေးတဲ့သူတွေလည်း ရှိခဲ့သလို ဝေဖန်မှုတွေလည်း ရှိခဲ့ပြီး ဖွေးဖွေးရဲ့ သရုပ် ဆောင်မှုတွေဟာ အသက်ဝင်ပီပြင်နေတာမို့ ပရိသတ်တွေကြား အကယ်ဒမီရမယ့်ရုပ်ရှင် ကားတကားအနေနဲ့ ထင်ကြေးပေးနေကြတာပါ။
ပိုင်ဖြိုးသု
နာမည်ကြီး စာရေးဆရာမကြီး ကြည်အေးရဲ့ ၀တ္ထုကို ဒါရိုက်တာ ဏကြီးက ကိုယ်တိုင်ဇာတ်ညွှန်းခွဲ၊ ကိုယ်တိုင်ရိုက်ကူးထားခဲ့တဲ့ မီရုပ်ရှင်ကားဟာ ရုံတင်ပြသခဲ့တဲ့ မြန်မာရုပ်ရှင်ကားတွေထဲမှာ ပွက်လောရိုက်သွားစေခဲ့တဲ့ ရုပ်ရှင်ကားတကားပါ။
၁၉၅၀ ပြည့်လွန်ကာလကို အခြေတည်ရေးဖွဲ့ထားတဲ့ ဒီဇာတ်လမ်းဟာ နားလည် ရခက်တဲ့ မီဆိုတဲ့ မိန်းကလေးတယောက်ကြောင့် ယောက်ျားတွေ အရူးအမူးဖြစ်ကြတဲ့ အကြောင်း၊ ချစ်တဲ့စိတ်တဖက်၊ သံသယစိတ်တဖက်နဲ့ မီကို လက်ထပ်ယူခဲ့တဲ့ အမျိုး သားတယောက် အကြောင်းကို တင်ပြထားခဲ့တာပါ။
ဒီကားထဲမှာတော့ အဓိကဇာတ်ကောင် မီနေရာမှာ သရုပ်ဆောင်မင်းသမီး ပိုင်ဖြိုး သုက ခေါင်းဆောင်ပါဝင်ထားပြီး အပိုအလိုမရှိ သရုပ်ဆောင်သွားနိုင်ခဲ့တာမို့ အကယ်ဒမီ တစ်ကြိုပေးနေကြတာ ဖြစ်ပါတယ်။
ဝတ်မှုန်ရွှေရည်
ပြီးခဲ့တဲ့ နှစ်က ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ကားတွေထဲမှာတော့ ၀တ်မှုန်ရွှေရည် ပါဝင် ခဲ့တဲ့ ရန်သူ ဇာတ်ကားဟာ ၀တ်မှုန်ရွှေရည်ရဲ့ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေအပေါ် ပရိ သတ်အားပေးမှုအခိုင်အမာ ရရှိခဲ့တဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။
စာရေးဆရာမ လွန်းထားထားရဲ့ ၀တ္ထုကို မိုးနီလွင်က ဇာတ်ညွှန်းခွဲထားပေးခဲ့တဲ့ ဒီ ကားကိုတော့ ဒါရိုက်တာ မီးပွားက ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။
သက်ထင်ညို၊ ဆန်းကြယ်၊ လေပြေနုသွေးဆိုတဲ့ လူငယ်သုံးယောက်ရဲ့ သုံး ပွင့် ဆိုင် အချစ်ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားခဲ့တဲ့     ဒီကားထဲမှာတော့ သရုပ်ဆောင်မင်း သားမင်းသမီးတွေဖြစ်ကြတဲ့ နေမင်း၊ ၀တ်မှုန်ရွှေရည်နဲ့ နေခြည်ဦးတို့က အတွဲညီညီနဲ့ ခေါင်းဆောင်ပါဝင်ထားကြတာဖြစ်ပါတယ်။
ပရိသတ်အချစ်တော် ၀တ်မှုန်ရွှေရည်ကတော့ ဒီကားထဲမှာ မိန်းကလေး တ ယောက်ကို တခြားအမျိုးသားတယောက်နဲ့ အပြိုင်ပိုးပန်းရတဲ့ Tomboy တယောက်နေ ရာက ထူးထူးခြားခြားသရုပ်ဆောင်ထားခဲ့ပြီး သရုပ်ဆောင်မင်းသား နေမင်းကတော့ စ ရိုက်၊ ပုံစံမတူတဲ့ မိန်းကလေး ၂ ယောက်ကြား ပုံစံမတူတဲ့ ချစ်ခြင်းနဲ့ ချစ်မိပြီး ရန်သူ တွေမဖြစ်စေချင်တဲ့ စိတ်နဲ့ ဗျာများရသူတယောက်နေရာမှာ ပါဝင်ထားခဲ့တာ ဖြစ်ပါတယ်။
ဆန်းကြယ်ဆိုတဲ့ ဇာတ်ကောင်စရိုက် ပီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့တဲ့ ၀တ်မှုန် ရွှေရည်ဟာ အခုနှစ်ရဲ့ အကယ်ဒမီဆုရှင် ဖြစ်လာလေမလားဆိုတာကတော့ မကြာခင် မှာ သိရှိနိုင်တော့မှာ ဖြစ်ပါတယ်။
သက်မွန်မြင့်
အမျိုးသမီး လူငယ်ဒါရိုက်တာအသစ်၊ သရုပ်ဆောင်သစ်တွေ အများစုနဲ့ သတ္တိရှိရှိ အသွင်သစ်နဲ့ရိုက်ကူးရုံတင်ခဲ့တဲ့ ဥပါယ်တံမျဉ်ရုပ်ရှင်ကားထဲမှာ ဇင်မာအဖြစ် သရုပ် ဆောင်ခဲ့သူ မင်းသမီး သက်မွန်မြင့်ကိုလည်း အကယ်ဒမီရှေ့ပြေးအဖြစ် ထင်ကြေးပေး လို့ နေကြပါတယ်။
ဒီကားဟာ မြန်မာ့ရုပ်ရှင်ရဲ့ ကောင်းမွန်တဲ့ အနာဂတ်အလားအလာကို ဖော် ဆောင်နိုင်မယ့် ဇာတ်ကားအဖြစ် ရှုမြင်ကြိုဆိုအားပေးခံခဲ့ရပြီး အမျိုးသမီး ရုပ်ရှင်ဒါရိုက် တာ ခရစ္စတီးနားခီက ရိုက်ကူးပုံဖော်ပေးထားခဲ့တာပါ။
ဇာတ်လမ်းကျောရိုးအရ ပုံမှန်မြင်တွေ့နေကျ အိမ်ထောင်ရေး ဖောက်ပြန်မှု ဇာတ် လမ်းတပုဒ်သာ ဖြစ်မယ်လို့ ထင်ကြေးပေးခဲ့ကြပေမယ့် တကယ့်ကို ထင်မှတ်မထားတဲ့ လှည့်ကွက်တွေနဲ့ ဖန်တီးထားတဲ့ ရာဇဝတ်ပြစ်မှုဆိုင်ရာ စုံစမ်းထောက်လှမ်းရေးရုပ်ရှင် အမျိုးအစား ဖြစ်နေတာကလည်း ဆွဲဆောင်မှုတခုအဖြစ် ကြည့်ရှုသူတွေကို ဖမ်းစား နိုင်ခဲ့ပါတယ်။
ဒီကားထဲမှာ သေသပ်လှပတဲ့ ဇာတ်ညွှန်းနဲ့ လိုက်ဖက်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ အပိုအလိုမရှိ သရုပ်ဆောင်နိုင်ခဲ့တဲ့ သက်မွန်မြင့်ဟာ အခုနှစ်ရဲ့ အကယ်ဒမီဆုရှင် ဖြစ် လာနိုင်မလားဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။
ထွန်းအိန္ဒြာဗို
ဒီရုပ်ရှင်ကားကိုတော့ ကိုးဆယ်ဆသာလိမ့်မယ်ရုပ်ရှင်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ မောင်ယဉ်အောင်က ဇာတ်လမ်း ဇာတ်ညွှန်းခွဲပြီး ကိုယ်တိုင်ရိုက်ကူးပုံဖော် ထားခဲ့တာ ဖြစ်ပါတယ်။
ဆရာဝန်တယောက်ရဲ့ သစ္စာတရားကို အဓိကထားပြီး ပုံဖော်ရိုက်ကူးထားတဲ့ ဒီ ရုပ်ရှင်ကားထဲမှာတော့ ပုဂံနဲ့ မန္တလေးဝန်းကျင် ရှုခင်းအလှအပတွေနဲ့အတူ ဇာတ်ကောင် တွေရဲ့ အချစ်နဲ့ မာန၊ ပညာနဲ့ ငွေ၊ နာကျည်းမှုနဲ့ သစ္စာတရားတွေရဲ့ အားပြိုင်မှုတွေကို ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ သရုပ်ဆောင် မင်းသမီး ထွန်းအိန္ဒြာဗိုက လူကုံ တန်အသိုင်း အ၀ိုင်းမှ ဆင်းသက်လာသူ အမျိုးသမီး စန္ဒာမြတ်ခအဖြစ် ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်ထား ခဲ့တာမို့ အခုနှစ်ရဲ့ အကယ်ဒမီဆုကို ဆွတ်ခူးသွားမလားဆိုတာကိုတော့ မကြာခင်မှာ စောင့်မျှော်ကြည့်ရှုကြရတော့ မှာပါ။
ရွှေမှုံရတီ
    အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတလက်အဖြစ် အနုပညာပြေးလမ်းပေါ် ရောက်လာခဲ့တဲ့ မင်းသမီး ရွှေမှုံရတီကတော့ အခုနှစ်ရဲ့ အကယ်ဒမီဆုရှင်အဖြစ် ပရိ သတ်တွေက ထင်ကြေးပေးနေကြပါပြီ။
    မြိတ်တင်အောင်ရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ ၀င်းထွန်းထွန်းပုံဖော်ဖန်တီးထားတဲ့ ငယ်ကျွန်ရုပ်ရှင်ကားထဲမှာ ရွှေမှုံရတီက လူမင်း၊ အောင်ရဲလင်း၊ စိုးမြတ်သူဇာတို့နဲ့အတူ ပါဝင်ထားခဲ့တာ ဖြစ်ပါတယ်။
    လွမ်းမောဖွယ် နာကျည်းဖွယ် အချစ်တွေ၊ အားပြိုင်မှုတွေနဲ့ ခြယ်မှုန်းထားတဲ့ ဒရာ မာရုပ်ရှင်ကားထဲမှာ ဆတ်ဆတ်ကြဲ အငြိုးကြီးတဲ့ မိန်းကလေး ယိမ်းအဖြစ် ရွှေမှုံရတီရဲ့ သရုပ်ဆောင်မှုတွေဟာ တကယ့်ကို အံ့သြလောက်စရာကောင်းအောင် ပီပြင်နေခဲ့ပါ တယ်။
ဆွေဂုဏ် မျိုးဂုဏ်မောက်ပြီး သားအပေါ် အတ္တနဲ့ အချစ်ကြီးတဲ့ မိခင်အဖြစ် စိုးမြတ် သူဇာ၊ ဇနီးရဲ့ အစေ အပါးတစ်ဦးလိုဆက်ဆံခံရတဲ့ ခင်ပွန်းအဖြစ် လူမင်း၊ မိခင်လောင်း ရိပ်အောက်က ရုန်းမထွက်နိုင်တဲ့ သားအဖြစ် အောင်ရဲလင်း၊ သူ့ကို ချစ်မိတဲ့ မိန်းက အဖြစ် ရွှေမှုံရတီရဲ့ အပြိုင်သရုပ်ဆောင်မှုတွေဟာ အပိုအလိုမရှိ ပိုင်နိုင်လွန်းတာမို့ အ ကယ်ဒမီဆုကို ဆွတ်ခူးသွားလေမလားဆိုတာကတော့ မကြာခင်မှာ သိကြရတော့မှာ ဖြစ်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo
About Us
For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.
Follow Us
© Democratic Voice of Burma 2013