DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲများလျော့ချရေးအပါအ၀င် အချက် ၅ ချက် သဘောတူညီမှုရရှိ
DVB
·
March 21, 2019
တိုက်ပွဲများလျော့ချရေးအပါအ၀င် အချက် ၅ ချက် သဘောတူညီမှုရရှိ
Donate to DVB

တိုက်ပွဲတွေလျော့ချရေး ဆက်လက်ညှိနှိုင်းကြိုးပမ်းကြဖို့ အပါအ၀င် အချက် ၅ ချက်ကို အန်စီအေ လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့နဲ့  အစိုးရအကြား သဘောတူညီမှု ရရှိသွားပါတယ်။

မတ်လ  ၂၁ ရက် ဒီနေ့မနက်  နေပြည်တော်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နဲ့ NCA-NS EAO တိုင်းရင်းသားလက်နက်ကိုင် ၈ဖွဲ့က ကိုယ်စားလှယ်တွေ  တွေ့ဆုံဆွေးနွေး သဘောတူညီမှု ရရှိခဲ့တာပါ။

သဘောတူညီချက် ၅ ချက်ထဲမှာ လက်ရှိဖြစ်ပွားနေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေ လျော့ချနိုင်ဖို့ ဆက်လက်ညှိနှိုင်းကြိုးပမ်းရန်၊  တနိုင်ငံလုံး တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းနိုင်ဖို့ ဆက်ကြိုးပမ်းရန်၊ ဒေသဖွံ့ဖြိုးရေးနဲ့ ဒေသခံပြည်သူတွေအရေ အလေးထားဆောင်ရွက်ရန်၊  နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းရန်နဲ့ နှစ်ဖက် အဆုံးအဖြတ် ပေးနိုင်မယ့် ပုဂ္ဂိုလ်တွေ ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လုပ်သွားဖို့ ပါဝင်ပါတယ်။

ငြိမ်းချမ်းရေးကော်မရှင်  ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းကတော့ လက်နက်ကိုင်ပြီး အခွင့်အရေးတွေ တောင်းဆိုနေမယ့်အစား နိုင်ငံရေးစားပွဲဝိုင်းကို လာရောက်ကြဖို့ ဖိတ်ခေါ် ကမ်းလှမ်းလိုက်ပြီး အန်စီအေလမ်းကြောင်းနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်လာဖို့ အစိုးရနဲ့ တပ်မတော်က ငြိမ်းချမ်းရေးတံခါးကို အမြဲတမ်း ဖွင့်ထားတယ်လို့ ဆွေးနွေးပွဲအဖွင့် ပြောကြားသွားပါတယ်။

ဆွေးနွေးပွဲကို ‘၀’ ပြည်သွေးစည်းညီညွှတ်ရေးပါတီ (UWASP)၊ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့(KIO)၊  ရှမ်းပြည်အရှေ့ပိုင်းငြိမ်းချမ်းရေးနဲ့ စည်းလုံးရေးကော်မတီ (PSC)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မြန်မာနိုင်ငံ အမှန်တတရားနဲ့ တရားမျှတသော အမျိုးသားပါတီ(MNTJP)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) နဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)  အဖွဲ့တွေက ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်ပါတယ်။

ဒီအဖွဲ့တွေအနေနဲ့  မတ်လ ၂၂ ရက်မှာ တပ်မတော်ကိုယ်စားလှယ်တွေနဲ့ နေပြည်တော်မှာ တွေ့ဆုံပြီး တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေကိုလည်း  ဆွေးနွေးသွားဖို့ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013