DVB Logo
Home
မြန်မာသတင်း
ရခိုင်စစ်ပွဲရပ်တန့်ရေးအတွက် ရခိုင်တမျိုးသားလုံးညီညွတ်ရေးကော်မတီ ဖွဲ့စည်းကြိုးပမ်းမည်
DVB
·
March 21, 2019
ရခိုင်စစ်ပွဲရပ်တန့်ရေးအတွက် ရခိုင်တမျိုးသားလုံးညီညွတ်ရေးကော်မတီ ဖွဲ့စည်းကြိုးပမ်းမည်
Donate to DVB

တပ်မတော်နဲ့ အေအေ (ရက္ခိုင့်တပ်မတော်)တို့အကြား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်တန့်ပြီး ငြိမ်းချမ်းရေးရရှိအောင် တိုက်တွန်းညှိနှိုင်းပေးဖို့အတွက် ရခိုင်တမျိုးသားလုံး ညီညွတ်ရေးကော်မတီ  ဖွဲ့စည်းနိုင်ရေး ရခိုင်လူထုက ကြိုးပမ်းနေပါတယ်။

ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်က တိုင်းရင်းသားမျိုးနွယ်စုတွေပါဝင်တဲ့ ရခိုင်လူထုတွေက စစ်တွေမြို့ ပညာလင်္ကာရကျောင်းမှာ မတ်လ ၁၆ ရက်ကနေ ၁၈ ရက်အထိ ၃ ရက်တာ တွေ့ဆုံပြီး  ကော်မတီ ဖွဲ့စည်းနိုင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်အပါအ၀င် ပြည်ထောင်စုတ၀န်း ငြိမ်းချမ်းဖို့နဲ့ စစ်ပွဲတွေ ကြောင့်ဖြစ်လာတဲ့ ဒုက္ခသည်တွေကို တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးဖို့စတဲ့ ရည်ရွယ်ချက်တွေနဲ့ ကြိုးပမ်းနေ ကြတာလည်း ဖြစ်ပါတယ်။

ပြည်တွင်း ပြည်ပမှာရှိနေကြတဲ့ နိုင်ငံရေး၊ စီးပွားရေးကဏ္ဍတွေမှာ ထူးချွန်တဲ့ ရခိုင်ပညာရှင် တွေကလည်း အဲဒီကော်မတီမှာ ပါဝင်မယ်လို့လည်း ဆွေးနွေးပွဲမှာ ပါဝင်တဲ့  ဦးခင်မောင်ကြီး ပြောပါတယ်။

တိုင်းရင်းသားအားလုံးလိုချင်တဲ့ တန်းတူအခွင့်အရေးတွေ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းလို့ မရတာကြောင့် တိုက်ပွဲတွေဖြစ်လာရတာဖြစ်တယ်လို့ ဦးခင်မောင်ကြီးက သုံးသပ်ပြောပါတယ်။

ရခိုင်နိုင်ငံရေးခေါင်းတွေကတော့ တိုက်ပွဲတွေရပ်စဲဖို့ လက်တွေ့ အဖြေရှာဖြေရှင်းနိုင့်မယ် နည်းလမ်းတွေကို မျော်လင့်နေကြပါတယ်။

ကော်မတီဖွဲ့စည်းဆောင်ရွက်တဲ့အခါမှာ လူထုရဲ့အသံကို ကိုယ်စားပြုမှာဖြစ်သလို ကော်မတီအတွင်းက ပညာရှင်တွေနဲ့လည်း ညှိနှိုင်းတိုင်ပင်ပြီး နည်းစနစ်သစ်တွေ ရေးဆွဲ အဆိုပြုကာ နှစ်ဖက်အဖွဲ့တွေကို တင်ပြသွားမယ်လို့ ဆိုပါတယ်။

တပ်မတော်နဲ့ အေအေ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့အကြား တိုက်ပွဲတွေဖြစ်ပွားနေတာ ၄ လ လောက်ရှိသွားပြီဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း  မြို့နယ် ၆ ခုက ဒေသခံပြည်သူ ၁၀၀၀၀ ကျော် စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေကြရပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013