DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်း​ရေးအတွက်​ မန္တ​လေးမြို့တွင် ဘာသာ​ပေါင်းစုံ စု​ပေါင်း မေတ္တာပို့
DVB
·
March 21, 2019
ငြိမ်းချမ်း​ရေးအတွက်​ မန္တ​လေးမြို့တွင် ဘာသာ​ပေါင်းစုံ စု​ပေါင်း မေတ္တာပို့
Donate to DVB

ပြည်​​ထောင်​စုငြိမ်းချမ်း​ရေးအတွက်​ ဘာသာ​ပေါင်းစုံ စု​ပေါင်းမေတ္တာပို့သပွဲကို မတ်​လ ၂၀ရက်​​ည​နေက မန္တ​လေးတိုင်း​ဒေသကြီး၊ ချမ်းမြသာစည်​မြို့နယ်​၊ မန္တလာသီရိအားကစားကွင်းမှာ ကျင်းပပါတယ်​။

ဦး​သောဘိသ  (အလင်္ကာကြယ်​)က “ငြိမ်းချမ်း​ရေးရဖို့ဆိုရင်​ ဘာသာ​ပေါင်းစုံထက်​ လက်​နက်ကိုင်​​ပေါင်းစုံက ငြိမ်းချမ်းရေးကို လိုချင်​ဖို့ အ​ရေးကြီးတယ်။ ဦးဇင်းတို့က​တော့ လူ​တွေကို ငြိမ်းချမ်း​ရေးလိုချင်​​အောင်​ ​နောက်​တခုက​တော့ သက်​ဆိုင်​ရာလက်​နက်​ကိုင်​​ခေါင်း​ဆောင်​​တွေကို ငြိမ်းချမ်း​ရေးရဲ့အသီးအပွင့်​​တွေကို သိ​အောင်​​ပြောဖို့လိုတယ်။ စစ်​တပ်​​ထောက်​ခံပွဲ​တွေ လုံးဝ မလုပ်​ဖို့်​လိုတယ်​။ အခုဆိုရင်​ ရခိုင်​မြောက်​ဦးဘုရားကို ဗုံးဆန်တွေမှန်​တယ်​။ အဲလိုဆိုရင်​ စစ်​တပ်​ကို​ထောက်​ခံတဲ့ ဘုန်းကြီး​တွေကဘုရားကို ပစ်​တဲ့ကျည်ဆန်တွေမှာ သူတို့ရဲ့ ပ​ယောဂပါသွားပြီ။ အပြစ်​မဲ့ပြည်​သူ​တွေကိုမှန်​တယ်​၊ သူတို့ရဲ့ပ​ယောဂ​တွေပါသွားတယ်​။ ဒါ​တွေကိုသ​ဘော​ပေါက်​ဖို့လိုတယ်​။ ဦးဇင်းတို့ ဘာသာ​ရေး​ခေါင်း​ဆောင်​​တွေက စစ်​ပွဲ​တွေ ငြိမ်း​အောင်​လည်းလုပ်​မယ်​။ ဘယ်​စစ်​တပ်​ကိုမှ အား​ပေးလို့မရဘူးဆိုတာသ​ဘော​ ပေါက်​ဖို့လိုတယ်​”လို့ မိန့်ကြားပါတယ်။

ဘာသာ​ပေါင်းစုံ​မေတ္တာပို့သပွဲကို မန္တ​လေးတိုင်း​ဝန်​ကြီးချုပ်​​ ဒေါက်​တာ​ဇော်​မြင့်​​မောင်​နဲ့အတူ တိုင်း​အစိုးရအဖွဲ့ဝင်​တွေနဲ့အတူ တက်​​ရောက်​လာကြတဲ့အဖွဲ့အစည်းအသီးသီးတို့က ဖယောင်းတိုင်​မီးတွေ ထွန်းညှိပြီး ဆု​တောင်းမတ္တာပို့သခဲ့ကြပါတယ်​။

ပြည်​​ထောင်​စုငြိမ်းချမ်း​ရေးအတွက်​ မန္တ​လေးမြို့ ဘာသာ​ပေါင်းစုံ စု​ပေါင်း ​မေတ္တာပို့သပွဲကို အထင်​ကရ ဆရာ​တော်​ကြီးတွေနဲ့ ဘာသာ​ပေါင်းစုံက အကြီးအကဲတွေ၊ တိုင်းရင်းသားတွေနဲ့ ​ကျောင်းသား/သူများပြည်​သူ ၁၀၀၀​ ​ကျော်​တက်​​ရောက်​ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013