DVB Logo
Home
မြန်မာသတင်း
ထူးအိမ်သင်ရဲ့ ဝေဒနာသီချင်းနဲ့ The Voice ဒိုင်တွေကို ဖမ်းစားနိုင်ခဲ့တဲ့ ပုသိမ်က ခန့်ရှိုင်း (ရုပ်သံ)
DVB
·
March 20, 2019
ထူးအိမ်သင်ရဲ့ ဝေဒနာသီချင်းနဲ့ The Voice ဒိုင်တွေကို ဖမ်းစားနိုင်ခဲ့တဲ့ ပုသိမ်က ခန့်ရှိုင်း (ရုပ်သံ)
Donate to DVB

The Voice Myanmar သီချင်းဆိုပြိုင်ပွဲ စတုတ္တနေ့ Blind Audition မှာ ပြိုင်ပွဲဝင်ခန့်ရှိုင်းရဲ့ ဆိုဟန်ဆိုပေါက်တွေကို ကြားလိုက်ရတဲ့ Coach Rဇာနည်တယောက် အရင်ဆုံးလှည့်ကြည့် အားပေး အတူတူလိုက်သီဆိုခဲ့ရပြီးနောက် ကျန်တဲ့  Coach အားလုံးလည်း လှည့်ကြည့် ခဲ့ရပါတယ်။

ပြိုင်ပွဲဝင်ခန့်ရှိုင်းဟာ ဧရာဝတီတိုင်းဒေသကြီး  ပုသိမ်မြို့ကနေ လာရောက် ယှဉ်ပြိုင်တာဖြစ်ပြီး ကွယ်လွန်သွားပြီဖြစ်တဲ့ အဆိုတော် ထူးအိမ်သင်ရဲ့  ‘ဝေဒနာ’ သီချင်းနဲ့ အပီအပြင် သီဆိုယှဉ်ပြိုင်သွားခဲ့တာ ဖြစ်ပါတယ်။

သီဆိုပြိုင်ပွဲဝင်အပြီးမှာ  ခန့်ရှိုင်းက Coach လေးဦးထဲက  Rဇာနည်ကိုပဲသူ့ရဲ့ Coach အဖြစ် ရွေးချယ်ခဲ့ပါတယ်။

ခန့်ရှိုင်းရဲ့ သီဆိုယှဉ်ပြိုင်မှု ရုပ်သံကို  ပရိတ်သတ်တွေကလည်း နှစ်ချိုက်အားပေးနေကြပြီး ယူကျု ပေါ်မှာလည်း ကြည့်ရှုသူ သိန်းနဲ့ ချီရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013