DVB Logo
Home
မြန်မာသတင်း
သင်္ဃန်းကျွန်းဆေးရုံကြီးအတွက် ဒေါ်လာ ၁သိန်းခန့်တန်ဖိုးရှိ ဆေးရုံသုံးပစ္စည်များလှူဒါန်း
DVB
·
March 20, 2019
သင်္ဃန်းကျွန်းဆေးရုံကြီးအတွက် ဒေါ်လာ ၁သိန်းခန့်တန်ဖိုးရှိ ဆေးရုံသုံးပစ္စည်များလှူဒါန်း
Donate to DVB

သင်္ဃန်းကျွန်း အထွေထွေရောဂါကုဆေးရုံကြီးကို အမေရိကန်ဒေါ်လာ တစ်သိန်းခန့် တန်ဖိုး ရှိတဲ့ ဆေးရုံသုံးပစ္စည်းတွေ လှူဒါန်းပွဲကို မတ်လ ၁၉ ရက်က ရန်ကုန်တိုင်းကျန်းမာရေး ဦးစီးဌာနမှာ ကျင်းပပါတယ်။

အမေရိကန်အခြေစိုက် အဖွဲ့အစည်းဖြစ်တဲ့ Cardiostart International နဲ့ ရန်ကုန်မြို့မှာရှိတဲ့ Rotary Club of Central Yangon (RCCY) တို့က ပူးပေါင်းပြီး ကွန်တိန်နာ တလုံးစာရှိတဲ့ ဆေးရုံသုံးပစ္စည်းတွေကို လှူဒါန်းခဲ့တာပါ။

Rotary Club of Central Yangon က ကမ္ဘာတ၀န်းမှာရှိတဲ့ Rotary Clib ပေါင်း ၃၅၀၀၀ အပါအဝင် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အခြေခံပညာစာတက်မြောက်ရေး၊ ရောဂါဘယတိုက်ဖျက်ရေး၊ သန့်ရှင်းတဲ့ရေရှိရေး၊ မိခင်နဲ့ကလေးစောင့်ရှောင့်ရေး၊ ဒေသန္တရ စီးပွားဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းမှုမြှင့်တင်ရေးလုပ်ငန်းစဉ်နယ်ပယ် ၆ ရပ်အတွက် လှူဒါန်းနေ တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ချင်းပြည်နယ် ဖလန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးကိုလည်း ပေ ၄၀ ကွန်တိန်နာတလုံးစာရှိတဲ့ ဆေးရုံသုံးပစ္စည်းတွေကိုလည်း လှူဒါန်းခဲ့ပါတယ်။

၂၀၁၈ ခုနှစ်ဖေဖော်ဝါရီမှာလည်း ရွှေဘိုပြည်သူ့ဆေးရုံ၊ ညောင်ဦးမြို့ပြည်သူ့ဆေးရုံနဲ့ မြောက်ဦးပြည်သူ့ဆေးရုံကိုလည်း ဆေးရုံသုံးပစ္စည်းတွေကို လှူဒါန်းခဲ့သလို လာမယ့် ဇွန်လမှာ ဆေးရုံသုံးပစ္စည်းတွေကို လှူဒါန်းဖို့ရှိပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013