DVB Logo
Home
မြန်မာသတင်း
တရုတ်ပြည်က ၀မ်တိန် သစ်သီးကွင်း  (ဓာတ်ပုံ)
DVB
·
March 20, 2019
တရုတ်ပြည်က ၀မ်တိန် သစ်သီးကွင်း  (ဓာတ်ပုံ)
1 / 3
Donate to DVB

ဧက ၈၀ ကျယ်ဝန်းတဲ့ ၀မ်တိန်သစ်သီးကွင်းကြီးဟာ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့အနီး တရုတ်ဘက်ခြမ်း ၀မ်တိန်မြို့ မှာတည်ရှိပါတယ်။

ကျင်စန်းကျော့ - ၀မ်တိန်လမ်းနဲ့ ကြူကုတ် ပန်ဆိုင်း - ၀မ်တိန်လမ်း ၊ လမ်းနှစ်သွယ်ကနေ ဒီသစ်သီးကွင်း၊ သစ်သီးဈေးကွက်ကို သွားနိုင်ပါတယ်။

တရက်ကို မြန်မာအလုပ်သမား  ၁၀၀၀ ကျော်ရဲ့ လုပ်အားနဲ့လည်ပတ်ပါတယ်။ မြန်မာကုန်တင်ကား ၅၀၀နဲ့  တရုတ်ကုန်တင်ကား ၅၀၀ လောက် စုစုပေါင်း ကုန်တင်ကား ၁၀၀၀လောက်ကို တပြိုင်ထဲ ရွှေ့ပြောင်းနိုင်အောင်စီစဉ်ထားပါတယ်။

သစ်သီးတွေ ရွေးချယ်၊ ထုပ်ပိုး၊ ကားပေါ်တင်ခအဖြစ် ဖရဲသီး ၁တန်ကို တရုတ်ငွေ ၁၁၀ (မြန်မာငွေ ကျပ် နှစ်သောင်းကျော် ) ရရှိပါတယ်။

သစ်သီးတင်ကားတစီးဟာ မန္တလေးက မူဆယ်ကို ၁၅ နာရီမောင်းရပါတယ်။ မြန်မာကုန်ကားတွေဟာ မြန်မာဘက်ခြမ်း ၁၀၅ မိုင် ကနေ ၀မ်တိန်ကို ပုံမှန် တနာရီခွဲမောင်းရပါတယ်။ ကားလမ်းပိတ်နေရင် ၂၄ နာရီကျော် ကြာပါတယ်။ အများအားဖြင့် လမ်းပိတ်နေတတ်ပါတယ်။

၁၀၅ မိုင်မှာ သစ်သီးကုန်သည်တွေဟာ ဈေးဆိုင်ခဲ့ကြပေမယ့် တရုတ်ဘက်ခြမ်း ၀မ်တိန်မှာ ပြန်လည်ထုပ်ပိုး၊ တရုတ်ကုန်ကားပေါ်တင်ပြီးမှသာ ငွေချေတာမို့ ၀မ်တိန်မှာပဲ အရောင်းအ၀ယ် ပြီးပြတ်တယ်လို့ ဆိုနိုင်ပါတယ်။

သစ်သီးတွေကို  မြန်မာဘက်ခြမ်းမှာ အပြီးသတ်ထုပ်ပိုး တင်ဆောင်နိုင်ဖို့ ကုန်သည်တွေက လိုလားနေပေမယ့် လက်ရှိအခြေအနေမှာ တရုတ်ကုန်ကားတွေအတွက် လုံလောက်တဲ့ လမ်းအကျယ်၊ အာမခံ ၊ လုံခြုံရေးတွေ မြန်မာဘက်က အားနည်းနေပါသေးတယ်။

တရုတ်ကုန်ကားတွေဟာ မြန်မာကုန်ကားတွေ ထက် တန်ချိန် အဆသုံးပုံတစ်ပုံ ပိုမို တင်ဆောင်နိုင်ကြပါတယ်။   

သားကြီးမောင်ဇေယျ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013