
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးနှစ်ဦးကို ရာထူးကနေ နုတ်ထွက်ခွင့် ပြုလိုက်တယ်လို့ နိုင်ငံတော်သမ္မတရုံးက မတ်လ ၁၉ ရက်စွဲနဲ့ အမိန့်စာ ထုတ်ပြန်လိုက်ပါတယ်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းနဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်တို့ကို သူတို့ရဲ့ သဘောဆန္ဒအလျောက် ရာထူးကနေ နုတ်ထွက်ခွင့်ပြုလိုက်တာလို့ အမိန့်စာမှာ ဖော်ပြပါတယ်။
တနင်္သာရီတိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်ကိုလည်း တိုင်းဝန်ကြီးချုပ်အဖြစ် ခန့်အပ်ဖို့ သမ္မတဦးဝင်းမြင့်က တိုင်းလွှတ်တော်ဆီ အဆိုပြုလွှာ ပေးပို့ထားပါတယ်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူကာ တာဝန်က ရပ်စဲလိုက်ပြီးနောက် တိုင်းအစိုးရအဖွဲ့အတွင်း ဝန်ကြီးနေရာ အပြောင်းလဲတွေ ဖြစ်ပေါ်နေပါတယ်။











