DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ရေး ပူးပေါင်းကော်မတီအစည်းအဝေးများ သင်္ကြန်ပြီးမှ ပြန်စမည်
DVB
·
March 19, 2019
ဖွဲ့စည်းပုံပြင်ရေး ပူးပေါင်းကော်မတီအစည်းအဝေးများ သင်္ကြန်ပြီးမှ ပြန်စမည်
Donate to DVB

ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ အစည်းအဝေးတွေကို ဒီနေ့ ပြုလုပ်တဲ့ ကော်မတီရဲ့ ၈ ကြိမ်မြောက် အစည်းအဝေး အပြီးမှာ ရပ်နားလိုက်ပြီး သင်္ကြန်ပိတ်ရက်အပြီး ဧပြီလ ၂၂ ရက်ကျမှ  ပြန်လည်စတင်မှာ ဖြစ်ပါတယ်။

ကော်မတီမှာပါဝင်တဲ့ အန်အယ်လ်ဒီ ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က  "အမှန် နဂိုအစည်းအဝေးက ၂၆ ရက်နေ့လောက်အထိ ရှိမယ်လို့ ဆွဲထားတာလေ။ အခုက ပုံမှန်လေးသွားနေတော့ အဆင်ချောချောလေးနဲ့ သွားနေတဲ့အတွက် ဒီကြားထဲမှာ ဖြတ်လိုက်တာ။ တချို့လည်း မဲဆန္ဒရှင်တွေဆီ သွားဖို့ ရှိတယ် " လို့ ပြောပါတယ်။

ဒီကနေ့ ၈ ကြိမ်မြောက်ကျင်းပတဲ့ အစည်းအဝေးမှာတော့ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ အခန်း ၄ ပြင်ဆင်ချက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပြီးသွားပြီလို့ သိရပါတယ်။

ပြန်လည်စတင်မယ့် အစည်းအဝေးမှာတော့ ဖွဲ့စည်းပုံ အခန်း ၅ အုပ်ချုပ်ရေးအခန်းအတွက် ပြင်ဆင်ချက်တွေ တင်ကြမှာဖြစ်ပါတယ်။ ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို ၅ လအတွင်းပြီး နိုင်အောင် ကြိုးစားဆောင်ရွက်နေတယ်လို့လည်း ပူးပေါင်း ကော်မတီ ဥက္ကဋ္ဌ လွှတ်တော် ဒုတိယနာယက  ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

"အစီရင်ခံစာကတော့ Target ထဲဝင်အောင်ပေါ့။ အန်ကယ်တို့ကို တာဝန်ပေးထားတဲ့ ရက်ရှိပါတယ်။ အန်ကယ် မှတ်မိသလောက် ၁၇ ရက်၊ ၇ လထင်တယ်။ အဲ့ဒီ Target ထဲဝင်အောင် အန်ကယ်တို့ ကြိုးစားပါ့မယ်။ ဒီပုံစံအတိုင်းဆို ဝင်ပါမယ်လို့ အန်ကယ်တို့က မျှော်လင့်ပါတယ်" လို့ ပြောပါတယ်။

ဧပြီလမှာ ပြန်လည်စတင်မယ့် အစည်းအဝေးမှာတော့ ဖွဲ့စည်းပုံ အခန်း ၅ ပါ အုပ်ချုပ်ရေးခေါင်းစဉ်အောက်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ဖွဲ့စည်းတာ၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဖွဲ့စည်းတာ၊ ပြည်ထောင်စုဝန်ကြီးနဲ့ ဒုဝန်ကြီးတွေ ခန့်အပ်တာဝန်ပေးတာ တွေနဲ့ ပတ်သက်ပြီး ပြင်ဆင်ချက်တွေ တင်သွင်းကြဖို့လည်း ရှိပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013