DVB Logo
Home
မြန်မာသတင်း
ဖွေးဖွေးနှင့် ခင်ဝင့်ဝါတို့ အပြိုင်သရုပ်ဆောင်ထားသည့် လှပ်၍လွင့်သောရုပ်ရှင်(နမူနာ)
DVB
·
March 19, 2019
ဖွေးဖွေးနှင့် ခင်ဝင့်ဝါတို့ အပြိုင်သရုပ်ဆောင်ထားသည့် လှပ်၍လွင့်သောရုပ်ရှင်(နမူနာ)
Donate to DVB

မြန်မာဒရာမာရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် လှပ်၍လွင့်သော ရုပ်ရှင် ကားကို လာမယ့် မတ်လ ၂၂ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ ခရေဖြူရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး စာရေးဆရာမ စံပယ်ဖြူ နုရဲ့ ၀တ္ထုကို ဒါရိုက်တာ ၀ိုင်းက ကိုယ်တိုင်ဇာတ်ညွှန်းခွဲပြီး ကိုယ်တိုင်ရိုက်ကူးပုံဖော်ပေး ထားတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားဟာ လွန်ခဲ့တဲ့ ၁၈ နှစ်လောက်က လူသတ်မှုတခုမှာ တရားခံအနေနဲ့ ရှိနေခဲ့သူရဲ့ သမီးနဲ့ တရားလိုအဖြစ်ရှိခဲ့သူတို့ရဲ့ သမီး ၂ ယောက် အမှတ်မထင် ပြန်ဆုံ ကြတဲ့ အချိန်မှာ ဖြစ်လာခဲ့တဲ့ အခြေအနေကနေတဆင့် နောက်ကြောင်းပြန်တဲ့ ဇာတ်လမ်းတပုဒ်အနေနဲ့ သရုပ်ဖော် ရိုက်ကူးထားခဲ့တာပါ။ အငြိုးအတေးနဲ့ လူမဆန်စွာ အသတ်ခံရတဲ့ မောင်ဖြစ်သူကို သတ်တဲ့ တရားခံဟာ တကယ်ပဲ တဖက်မိန်းကလေးရဲ့ ဖခင်လား။ တဖက်မှာလည်း ဖခင်ကို ချစ်တဲ့ စိတ်နဲ့ ဖခင်ဖြစ်သူဟာ တကယ်ပဲ သတ်ခဲ့ လေသလားဆိုတဲ့ အမှန်တရားကို သိချင်စိတ်နဲ့ နောက်ကြောင်းရာဇ၀င်တွေကို ပြန်ပြီး ဖော်ထုတ်နိုင်ဖို့ ကြိုးစားချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲ။ သူတို့ ၂ ယောက်ကြားက အမုန်း၊ အာဃာတ၊ အငြိုးအတေး၊ ချစ်ခြင်းမေတ္တာ၊ အမှန်တရားနဲ့ လျို့ဝှက်ချက်တွေကို ဘယ်လိုပုံဖော်ထားမလဲဆိုတာကိုတော့ ပရိသတ်တွေက မကြာခင်မှာ ရှုစားကြရ တော့မှာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ သရုပ်ဆောင်မင်းသမီးတွေဖြစ်ကြတဲ့ ဖွေးဖွေး၊ ခင်ဝင့်ဝါ၊ မို့မို့ မြင့်အောင်နဲ့ ကျော်ရဲအောင်တို့က ခေါင်းဆောင်ပါဝင်ထားကြပြီး တခြားသရုပ်ဆောင် တွေလည်း ပါဝင်ထားကြတာပါ။

ထွက်မလာခင်ကတည်းက နာမည်ကြီးနေခဲ့တဲ့ ဒီရုပ်ရှင်ကား Trailer ဟာ ဖေ့စ် ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သန်းကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က ရန်ကုန်မြို့၊ Junction City ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ပရိသတ်တွေကြားမှာတော့ မင်းသမီး ၂ ယောက်ရဲ့ အားပြိုင်မှုက စိတ်ဝင်စားစရာ ဖြစ်နေခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013