DVB Logo
Home
မြန်မာသတင်း
တနင်္သာရီဝန်ကြီးချုပ်အဖြစ် ဦးမြင့်မောင်ကို သမ္မတ အဆိုပြုထား
DVB
·
March 19, 2019
တနင်္သာရီဝန်ကြီးချုပ်အဖြစ် ဦးမြင့်မောင်ကို သမ္မတ အဆိုပြုထား
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးမြင့်မောင်ကို တိုင်းဝန်ကြီးချုပ်အဖြစ်ခန့်အပ်ဖို့ သမ္မတဦးဝင်းမြင့်က တိုင်းလွှတ်တော်ဆီ အဆိုပြုလွှာပေး ပို့လိုက်ပါတယ်။

မတ် ၁၇ရက်က သမ္မတရဲ့ အဆိုပြုလွှာရောက်ရှိပြီး ဒီကိစ္စအတွက် မတ် ၂၂ရက်မှာ တိုင်းလွှတ်တော်အရေးပေါ်အစည်းလုပ်ဖို့ ခေါ်ထားတယ်လို့ တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောပါတယ်။

တနင်္သာရီတိုင်းဝန်ကြီးချုပ်သစ်ဖြစ်လာမယ့် ဦးမြင့်မောင်ဟာ ရိုးသားပြီး ပါတီအပေါ် သစ္စာရှိသူတဦးဖြစ်တယ်လို့လည်း ဦးခင်မောင်အေးက ပြောပါတယ်။

“သူကတော့ ရိုးသားတယ်ဗျ။ နံပတ်တစ် ကျနော်ပြောချင်တာက ရိုးသားတယ် ပြီးတော့ အန်အယ်လ်ဒီထဲမှာလည်း ကြာပြီဗျ။ တိုင်းအတွင်းရေးမှူးတာဝန်လည်း ပါတီမှာ သူက ယူထားတယ်။”

ဦးမြင့်မောင်ဟာ အသက် ၄၀ကျော် အရွယ်ပဲရှိသေးတဲ့ စီမံခန့်ခွဲမှုအပိုင်းမှာ အတွေ့အကြုံရှိသူ တဦးဖြစ်တယ်လို့လည်း ပြောပါတယ်။

ခုရက်ပိုင်းအတွင်းကျင်းပဖို့ရှိနေတဲ့ တိုင်းဒေသကြီးအရေးပေါ်လွှတ်တော် အစည်းအဝေးမှာ ဦးမြင့်မောင်ကို ၀န်ကြီးချုပ်အဖြစ် အဆိုပြုတင်သွင်းမှာ ဖြစ်ပြီး ကန့်ကွက်သူမရှိရင် ၀န်ကြီးချုပ်ဖြစ်လာမှာပါ။

ဦးမြင့်မောင်ဟာ လက်ရှိမှာ တိုင်းသယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးတာဝန်ယူထားသူဖြစ်လို့ သူ ၀န်ကြီးချုပ်ဖြစ်ရင် သူ့အစား ၀န်ကြီးတဦး ထပ်မံခန့်အပ်ရဦးမှာ ဖြစ်ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူထားပြီး ရာထူးတာဝန်ကနေ ရပ်စဲလိုက်တဲ့အတွက်  တိုင်းဝန်ကြီးချုပ်နေရာ လစ်လပ်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013