DVB Logo
Home
မြန်မာသတင်း
စိုက်ပျိုးရေးဘဏ်ကို အများပိုင်ဘဏ်အဖြစ် အသွင်ပြောင်းမည်
DVB
·
October 11, 2012
Donate to DVB

လယ်ယာနဲ့ စိုက်ပျိုးရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့  အစိုးရပိုင် စိုက်ပျိုးရေးဘဏ်ကို အများပိုင်ဘဏ်အဖြစ် ပြင်ဆင်ပြောင်းလဲဖွဲ့စည်း ဆောင်ရွက်သွားတော့မယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်းနဲ့ စိုက်ပျိုးရေးဘဏ်တို့ ပူးပေါင်းပြီး စိုက်ပျိုးရေးဘဏ်ကို အများပိုင်ဘဏ်အဖြစ် အသွင်ကူးပြောင်းဖို့ သမ္မတက ခွင့်ပြုချက် ပေးထားပြီးဖြစ်တဲ့အကြောင်း အောက်တိုဘာ ၁၀ ရက်က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ စက်မှုလယ်ယာပြပွဲမှာ လယ်ဆည်ဝန်ကြီး ဦးမြင့်လှိုင်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အစိုးရပိုင် စိုက်ပျိုးရေးဘဏ်အနေနဲ့ လယ်သမားတွေကို ထောက်ပံ့ပေးရာမှာ အကန့်အသတ်တွေ ရှိတဲ့အတွက် အခုလို အများပိုင်ဘဏ်အဖြစ် ပြောင်းဖို့ ဆောင်ရွက်တာလို့ အဲ့ဒီပွဲကို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်း၊ ပြန်ကြားရေးတာဝန်ခံ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

အများပိုင်ဘဏ်ဖြစ်လာရင် လယ်သမားတွေအတွက် ပိုမို ဆောင်ရွက်ပေးနိုင်မယ့် မျှော်လင့်ချက်ကိုလည်း ခုလို ပြောပါတယ်။

“နံပါတ် ၁ အချက်အနေနဲ့ တောင်သူလယ်သမားတွေလိုအပ်တဲ့ သွင်းအားစုကို အပြည့်အ၀ရရှိနိုင်အောင် စီစဉ်ဆောင်ရွက်ဖို့အတွက် ကျနော်တို့အနေနဲ့ တောင်းဆိုသွားဖို့ ရှိပါတယ်။ နံပါတ် ၂ အနေနဲ့ ကျေးလက်ဒေသတွေမှာ စိုက်ပျိုးရေးဘဏ်ခွဲလေးတွေ ဖွင့်လှစ်ပေးနိုင်မယ်ဆိုရင်တော့ သူတို့ရဲ့ ငွေရေးကြေးရေးဆိုင်ရာ ဘဏ်စနစ်လည်း ဖွံ့ဖြိုးလာပြီးတော့ ကျနော်တို့ လယ်သမားတွေအနေနဲ့ Micro Finance နဲ့ပတ်သက်ပြီး ပိုပြီး ဖွံ့ဖြိုးတိုးတက်လာနိုင်မယ်လို့ ကျနော်တို့ မျှော်လင်ပါတယ်။ နံပါတ် ၃ အချက်က မလိုလားအပ်တဲ့ သယ်ယူပို့ဆောင်ခတွေပေါ့။ ကျေးလက်တောင်သူတွေက တကယ်တမ်း မြို့တွေ ဘဏ်တွေကို သွားဖို့အတွက် အခက်အခဲရှိတဲ့အတွက်ကြောင့် အချင်းချင်းကို ခိုင်းရတယ်။ အဲ့အတွက် မလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေရှိတယ်။ တချို့ကိစ္စတွေမှာလည်း ချွတ်ချော်တိမ်းစောင်းမှုလေးတွေ ရှိတယ်။ ဒါလေးတွေကို အလိုလို ကာကွယ်ပြီးသား ဖြစ်သွားမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

စိုက်ပျိုးရေးဘဏ်ကို အများပိုင်ဘဏ်အဖြစ် လာမယ့်မိုးစပါးရာသီချိန်အမီ ပြောင်းလဲဖွဲ့စည်းသွားမှာဖြစ်ပြီး၊ ကျေးရွာဘဏ်ခွဲတွေ ဖွင့်လှစ်သွားနိုင်တဲ့အထိ ဆောင်ရွက်သွားဖို့ ရှိတယ်လို့လည်း ဒေါက်တာစိုးထွန်းက ပြောပါတယ်။
အစိုးရစိုက်ပျိုးရေးဘဏ်နဲ့ ပူးပေါင်းမယ့် မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်းဟာ မြန်မာ နိုင်ငံဆန်စပါးအသင်းကို အခြေခံဖွဲ့စည်းထားတာဖြစ်ပြီး၊ စီးပွားရေးလုပ်ပိုင်ခွင့် တရားဝင်ရရှိထားတဲ့ တခုတည်း သော ကော်ပိုရေးရှင်းလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013