DVB Logo
Home
မြန်မာသတင်း
ရှမ်းတော်လှန်ရေးတပ်သားများအတွက် စံပြကျေးရွာ တည်မည်
DVB
·
October 11, 2012
ရှမ်းတော်လှန်ရေးတပ်သားများအတွက် စံပြကျေးရွာ တည်မည်
Donate to DVB

ရှမ်းလက်နက်ကိုင် တော်လှန်ရေးတပ်သားတွေနဲ့ မိသားစုတွေအတွက်  စံပြကျေးရွာကြီးတရွာ တည်ဆောက်သွားမယ်လို့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

[caption id="attachment_31850" align="alignright" width="300" caption="ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ်"][/caption]

ရှမ်းပြည်တိုးတက်ရေးပါတီ-ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့နဲ့ အစိုးရ အကြား မနေ့က လားရှိုးမြို့မှာ ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပြီးနောက်  စံပြရွာ အကောင်အထည်ဖော်ဖို့အတွက် အစိုးရနဲ့ ပူးတွဲကော် မတီဖွဲ့ပြီး ဆောင်ရွက်သွားမယ်လို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း ပြောခွင့်ရ ဗိုလ်မှူး စိုင်းလက ပြေကြားလိုက်တာပါ။

“ဒီကော်မတီက အာဏာရှိတဲ့ပုဂ္ဂိုလ်တွေပေါ့။ ရှမ်းပြည်နယ် အစိုးရအဖွဲ့က ဦးအောင်မြတ်ကိုယ်တိုင်ပါဝင်မယ်။ အရှေ့လယ်ပိုင်းတိုင်းမှူးလည်းပါမယ်။ အရှေ့မြောက်တိုင်း တိုင်းမှူးလည်းပါမယ်။ ကျနော်တို့ဘက်ကတော့ ဘယ်သူတွေပါမယ်ဆိုတာ ပြန်ပြီးညှိနှိုင်းရဦးမယ်။ ဒီအောက်မှာ ထပ်ပြီး ကော်မတီအဆင့်ဆင့်လည်း လာဦးမယ်။ ကော်မတီဖွဲ့စည်းပြီးရင်တော့ ပညာရှင်တွေနဲ့ ကွင်းဆင်းပြီးဆောင်ရွက်သွားဖို့ ညှိနှိုင်းခဲ့ကြတယ်။ ”

သံလွင်အရှေ့ခြမ်း ၀ဒေသနဲ့ အခြားဒေသမှာ တကွဲတပြားရောက်နေတဲ့  ရှမ်းပြည်မြောက်ပိုင်း တပ်မဟာ ၃၆ က  တပ်မိသားစုဝင်တွေရော၊ တိုက်ပွဲမှာ  ဒဏ်ရာရပြီး ဒုက္ခိတဖြစ်သွားတဲ့ ရှမ်းစစ်သည်တွေပါ နေထိုင်ဖို့အတွက် အိမ်ခြေ ၃၅၀ ရှိမယ့် စံပြရွာရွာကြီးတရွာကို အစိုးရနဲ့ ပူးပေါင်းဆောင်တည်ဆောက်ကြမှာ ဖြစ်ပါတယ်။

ရွာသစ်တည်မယ့်နေရာဟာ ရှမ်းပြည်နယ် မိုင်းရှူးနဲ့ တန့်ယန်းမြို့နယ်စပ်  မိုင်းအွတ်ဒေသတ၀ိုက်မှာရှိပြီး နှစ်တိုနှစ်ရှည် စိုက်ပျိုးရေးလုပ်ငန်းတွေပါ ဆောင်ရွက်ဖို့အတွက် စုစုပေါင်း မြေဧက ၁ သောင်းကျော်တယ်လို့ ဆိုပါတယ်။

ဒေသခံပိုင်မြေတွေနဲ့ လွတ်ကင်းမှု ရှိမရှိ ၂ ဘက်ကော်မတီတွေ အရင်ဆုံး ကွင်းဆင်းစစ်ဆေးမယ်လို့ ဗိုလ်မှူးစိုင်းလက ပြောပါတယ်။

ကျေးရွာတည်ဆောက်ဖို့နဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်အတွက်  ရှမ်းပြည်တပ်မတော်ဘက်က မတည်ငွေ ကျပ်သိန်းပေါင်း ၁၅၀၀  လျာထားပြီး  နောက်ထပ်လိုအပ်တာတွေကို အစိုးရက ပံ့ပိုးကူညီပေးသွားမယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမတိုင်ခင်က ရှမ်းပြည်တပ်မတော်ရဲ့ တာ့ဆမ်ပူး ကူးတို့ဆိပ်စခန်းကို ဆုတ်ခွာပေးဖို့ ပြည်နယ်အစိုးရက ညွှန်ကြားခဲ့တဲ့ကိစ္စကိုတော့ မဆွေးနွေးဖြစ်ပေမယ့် ၂ ဘက်ကော်မတီ ဖွဲ့ပြီးရင်တော့ တပ်စခန်း နောက်ထပ်ဆုတ်ခွာပေးရေး ကိစ္စအပါအ၀င် ပြဿနာတွေကို ဆွေးနွေးညှိနှိုင်း အဖြေရှာသွားမှာဖြစ်ကြောင်း ရှမ်းပြည်တပ်မတော်က ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကတော့ ပြီးခဲ့တဲ့ လပိုင်းအတွင်းက ရှမ်းပြည်တပ်မတော်နဲ့ အစိုးရတပ်အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး နောက်နောင် တဘက်နဲ့တဘက် အထင်မှားမှု၊ စွပ်စွဲမှုတွေ မရှိရလေအောင် ငြိမ်းချမ်းရေးထိန်းသိမ်းဖို့ ကြပ်မတ်ရေးကော်မတီတရပ် ဖွဲ့စည်းဖို့ လိုအပ်ကြောင်း ပြောသွားတယ်လို့ ဆိုပါတယ်။

မနေ့က လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူးချုပ် ဦးခွန်ဆိုင်း အပါအ၀င် ဗဟိုကော်မတီဝင်တွေ တွေ့ ဆုံဆွေးနွေးခဲ့ကြတာပါ။
ဒီဆွေးနွေးပွဲမှာ  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုသာ အဓိက ဆွေးနွေးခဲ့ကြပြီး  သဘောတူ လက်မှတ်ရေးထိုးတာတော့ မရှိဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013