DVB Logo
Home
မြန်မာသတင်း
ကလေးဝမြို့နယ်တွင် လေပြင်းတိုက်ခတ်၍ နေအိမ်အချို့နှင့် ဘုန်းကြီးကျောင်း ပျက်စီး
DVB
·
March 19, 2019
ကလေးဝမြို့နယ်တွင် လေပြင်းတိုက်ခတ်၍ နေအိမ်အချို့နှင့် ဘုန်းကြီးကျောင်း ပျက်စီး
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်ထဲက ကျေးရွာနှစ်ရွာမှာ မတ်လ ၁၈ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်လို့ လူနေအိမ် ၆ လုံးနဲ့ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအမိုးလန် ပျက်စီးသွားပါတယ်။

ကလေးဝမြို့ စီမံခန့်ခွဲရေး ဥက္ကဋ္ဌ ဦးဇော်လင်းက "ညနေ လေးနာရီခွဲလောက်က မိနစ်အနည်းငယ်တိုက်တယ်။ မိုးအနည်းငယ်ပါတယ်။ ၅ မိနစ်ခန့်လောက်ပဲ။ အိမ် ၆ လုံးနဲ့ ဘုန်းကြီးကျောင်း ဓမ္မာရုံတခုနဲ့ သွပ်ချပ်ရေ ၄၄ ချပ် လန်သွားတယ်" လို့ ပြောပါတယ်။

လေတိုက်နှုန်းကတော့ တနာရီ ၁၅ မိုင်လောက်ပဲရှိတယ်လို့ ကလေးဝ မိုးဇလဌာနကို ကိုးကားပြီး ဦးဇော်လင်းက ပြောပါတယ်။

လေပြင်းတွေကြောင့် ကလေးဝတဖက်ကမ်း ကိုင်းကျေးရွာမှာ နေအိမ် ၅ လုံးနဲ့ ဘုန်းကြီးကျောင်း၊ ခုံကြီးရွာမှာ နေအိမ်တလုံး အမိုးတွေလန်ကာ ပျက်စီးခဲ့ရပြီး အပျက်အစီးတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ချက်ချင်း လာရောက်စစ်ဆေး ကူညီပေးခဲ့ပါတယ်။

လေပြင်းတိုက်ခတ်မှုမှာ ပျက်စီးသွားတဲ့ နေအိမ်တွေအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကလည်း ပစ္စည်းနဲ့ ငွေထောက်ပံ့ပေးနိုင်ဖို့ စီစဉ်နေပါတယ်။

သတင်း၊ ဓာတ်ပုံ - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013