DVB Logo
Home
မြန်မာသတင်း
ဆင်သတ်မုဆိုး ဖမ်းမိရေး သတင်းပေးသူများနှင့် ဖမ်းဆီးသူများကို ဆုငွေပေးအပ်
DVB
·
March 18, 2019
ဆင်သတ်မုဆိုး ဖမ်းမိရေး သတင်းပေးသူများနှင့် ဖမ်းဆီးသူများကို ဆုငွေပေးအပ်
1 / 5
Donate to DVB

တောဆင်ရိုင်း အသတ်ခံရမှုကာကွယ်ရေးအတွက် ဆင်သတ်မုဆိုးတွေ ဖမ်းဆီးမိရေး သတင်းပေးသူတွေနဲ့ ဖမ်းဆီးခဲ့တဲ့ တပ်ဖွဲ့ဝင်တွေအား ဆုငွေပေးအပ်ပွဲကို တိုက်ကြီးမြို့နယ် ဥက္ကံမြို့ ရွှေကံသာခန်းမမှာ ဒီနေ့ ကျင်းပပါတယ်။

တောရိုင်းတိရစ္ဆာန်ကာကွယ် ထိန်းသိမ်းရေးမိတ်ဆွေများအဖွဲ့ (FOW) က ဆုငွေပေးအပ်ခဲ့ တာလည်း ဖြစ်ပါတယ်။

FOW စီမံကိန်းတာဝန်ခံ ဦးထွန်းဦးက "တောဆင်ရိုင်း အသတ်ခံရမှု ကာကွယ်ရေးက ပြည်သူတွေ ပူးပေါင်းပါဝင်မှ အောင်မြင်တာ။ အခုပေးတဲ့ ဆုငွေက ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း ဆင်သတ်မုဆိုး ၄ မှုအတွက် ပေးတဲ့ဆုငွေ ၁၅ သိန်းကျပ်ပါ။။ ရဲတပ်ဖွဲ့ဝင် ၈ ဦး၊ သတင်းပေးပြည်သူ ၃ ဦးပေါင်း ၁၁ ဦးကို ပေးတာပါ။ ရခိုင်ပြည်နယ်မှာ တကြိမ်၊ ဧရာဝတီတိုင်းမှာ တကြိမ်နဲ့ ရန်ကုန်တိုင်းမှာ နှစ်ကြိမ်ပါ။ နောက်လည်း ထပ်ပေးဖို့ အစီအစဉ်ရှိပါတယ်" လို့ ပြောပါတယ်။

မြောက်ပိုင်းခရိုင် သစ်တောရဲတပ်ဖွဲ့မှ ရဲအုပ် ထွန်းထွန်းဝင်းအေးက "ကျနော်တာဝန်ယူ ထားတဲ့ လှည်းကူးမြို့နယ်နဲ့ တိုက်ကြီးမြို့နယ်မှာ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း ဆင်သတ်မှု ၁၃ မှုဖြစ်ပွားခဲ့တယ်။ ဆင်သတ်တရားခံတွေကိုလည်း တရားစွဲဆိုနိုင်ခဲ့ပြီး ပြစ်ဒဏ်တွေလည်း တချို့ကျခံစေခဲ့တယ်။ သစ်တောရဲတပ်ဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးပိုင်း တွေ ပူးပေါင်းပြီး လှည်းကူးမြို့နယ်မှာ စခန်းတခု၊ တိုက်ကြီးမြို့နယ်မှာ စခန်းတခုစီချပြီး ဆင်နေ အများဆုံး ကျက်စားတဲ့နေရာတွေကို နေ့ညမပျက် စောင့်ကြည့်နေတဲ့အတွက် ဆင်သတ်ခံရမှု သိသိသာသာလျော့နည်းလာပါတယ်" လို့ ပြောပါတယ်။

ဆုငွေပေးအပ်ပွဲကို FOW အဖွဲ့က တာဝန်ရှိသူတွေ၊ ရန်ကုန်တိုင်းသစ်တောရဲတပ်ဖွဲ့မှူးနဲ့ တပ်ဖွဲ့ဝင်တွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့တွေ၊ တိုက်ကြီးမြို့နယ် ရဲတပ်ဖွဲ့စခန်း၊ ဥက္ကံနယ်မြေ ရဲတပ်ဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013