DVB Logo
Home
မြန်မာသတင်း
အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ဆက်လုပ်သွားမည်ဟု ကေအန်ယူထုတ်ပြန်
DVB
·
October 11, 2012
အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ဆက်လုပ်သွားမည်ဟု ကေအန်ယူထုတ်ပြန်
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)  ထိပ်ပိုင်းခေါင်းဆောင်ပိုင်း ၃ ဦးကို ရာထူးက ဖယ်ရှားမှုနဲ့ပတ်သက်ပြီး အဖွဲ့အတွင်း ပြဿနာတွေ ရှိနေပေမယ့် အစိုးရနဲ့ ဆွေးနွေးနေဆဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အစီအစဉ်အတိုင်း ဆက်လက် လုပ်ဆောင်သွားမယ်လို့ ကေအန်ယူ အထွေထွေအတွင်းရေမှူးက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အောက်တိုဘာ ၁၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာဖြစ်ပြီး ဒီကြေညာချက်မှာ  ကရင်အမျိုးသားအစည်းအရုံးဟာ ကရင်တမျိုးသားလုံးနဲ့အတူ ရပ်တည်နေပြီး ကရင်လူထု တန်းတူ အခွင့်အရေးရရှိဖို့အတွက် အစိုးရနဲ့ တွေ့ဆုံဆွေးနွေးနေဆဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ပျက်ပြယ်သွားမှာမဟုတ်ဘဲ အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

ကေအန်ယူအနေနဲ့ အနှစ် ၆၀ ကျော်အတွင်း အုပ်ချုပ်ရေးမှာ လိုက်နာရမယ့် အခြေခံဥပဒေနဲ့ အခြေခံစည်းမျဉ်းစည်းကမ်းတွေ ရှိထားပြီသားဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာတွေဟာ အဖွဲ့အစည်းအတွင်းပြဿနာတွေဖြစ်ပြီး ပြေလည်သွားအောင် လက်ရှိ ခေါင်းဆောင်တွေ တိုင်ပင်ဆွေးနွေးနေတယ်လို့လည်း စာမှာ ဖော်ပြထားပါတယ်။

လက်ရှိ ကေအန်ယူမှာ ဦးဆောင်လုပ်ကိုင်နေတဲ့ ခေါင်းဆောင်တွေအနေနဲ့ ငြိမ်းချမ်းမှုကို အမှန်တကယ် လိုလားသူတွေဖြစ်တဲ့အကြောင်း၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့အတွက် အစိုးရနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆက်လက်ပြုလုပ်သွားမယ်လို့ ဖော်ပြထားပါတယ်။

ဒီသတင်းထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့  ကေအန်ယူ တာဝန်ရှိသူတွေကို ဒီဗွီဘီက ကြိုးစား ဆက်သွယ်မေးမြန်းနေပေမယ့် မရသေးပါဘူး။
ကေအန်ယူဗဟိုကနေ ထုတ်ပယ်ခံထားတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး အပါအ၀င် ခေါင်းဆောင် ၃ ဦးကတော့ လာမယ့် အောက်တိုဘာ ၁၃ ရက် ကျရင် ကရင်ပြည်နယ် မြ၀တီမြို့က ဆက်ဆံရေးရုံးမှာ ကေအန်ယူကနေ ထုတ်ပယ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွားမှာဖြစ်ကြောင်း ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013