DVB Logo
Home
မြန်မာသတင်း
စိတ်မနှံ့ရွာသားအား သေဆုံးသည်ထိ နှိပ်စက်ခဲ့သည့် ရွာသူကြီးနှင့် ပြည်သူ့စစ်များကို ဖမ်းဆီး
DVB
·
March 18, 2019
စိတ်မနှံ့ရွာသားအား သေဆုံးသည်ထိ နှိပ်စက်ခဲ့သည့် ရွာသူကြီးနှင့် ပြည်သူ့စစ်များကို ဖမ်းဆီး
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းပိုင်ကျေးရွာအုပ်စု ကောင်းဟုန်းကျေးရွာမှာ ဒီနှစ်ဆန်းပိုင်းက စိတ်မနှံ့သူရွာသားတဦးအား သေဆုံးတဲ့အထိ ညှဉ်းပန်းနှိပ်စက်ခံရတာနဲ့ ပတ်သက်ပြီး လားရှိုးရဲတပ်ဖွဲ့ဝင်တွေက တိုက်နယ်သူကြီး၊ ရွာသူကြီးနဲ့ ပြည်သူ့စစ်အဖွဲ့ဝင် အပါအ၀င် စုစုပေါင်း ၇ ဦးကို ဖမ်းဆီးအရေးယူခဲ့ပါတယ်။

လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှ နယ်ထိန်း၊  နမ့်ပေါင်ရဲစခန်းက စခန်းမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ ပြည်သူ့စစ် ခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့  မတ်လ ၁၆ ရက် မနက်ပိုင်းက အခင်းဖြစ်ပွားရာ ကောင်းဟုန်း ကျေးရွာကို သွားရောက်စစ်ဆေးပြီး စိတ်မနှံ့ရွာသားသေဆုံးမှုမှာ ပါဝင်ပတ်သ က်သူတွေကို ဖမ်းဆီးခဲ့တာလို့ ဒီအမှုမှာ သေဆုံးသူ မိခင်ဘက်က လိုက်လံကူညီ ဆောင်ရွက်ပေး နေတဲ့ လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ စိုင်းလှထွေးက ဒီဗွီဘီကို ပြောပါတယ်။

“ကောင်းဟုန်းရွာက စိုင်းအိုက်ထွန်းကို သူကြီးနဲ့ အပေါင်းပါတွေ သေတဲ့အထိ နှိပ်စက်ခဲ့တဲ့ အကြောင်း သူ့မိခင်နဲ့ ကျနော်တို့ပါတီက သွားတိုင်ထားပြီး နောက် ၂ ရက်မှာပဲ သူကြီးနဲ့ အပေါင်းပါတွေကို သွားဖမ်းလိုက်ပြီလို့ လားရှိုးရဲစခန်းက ကျနော်တို့ကို ဖုန်းနဲ့ အကြောင်းကြား လာပါတယ်ခင်ဗျ။ သူတို့သွားဖမ်းတဲ့အထဲမှာ ဟိုပိုင်(မိုင်းပိုင်) ဥက္ကဋ္ဌ စိုင်းကျော်၊ ကောင်းဟုန်း ရွာသူကြီး ချင်းထွန်း ပြီးတော့ သူ့အပေါင်းပါ လုံးမောင်အေး၊ လုံးဘလွတ်၊ ချင်းညွန့်အိုင်ပါတယ်။ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂ ယောက်ပါတယ်။ သူတို့ကို ဖမ်းပြီး လားရှိုး ရဲစခန်းမှာ ပုဒ်မ ၃၀၂ လူသတ်မှု၊ ပုဒ်မ ၄၃၆ အိမ်ယာဖျက်ဆီးမီးရှို့မှု၊ ပုဒ်မ ၅၀၆ ခြိမ်းခြောက်မှုတွေနဲ့ အမှုဖွင့်ထားတယ်လို့ သိရတယ်ခင်ဗျ။”

ဒါ့အပြင် မှုခင်းဆရာဝန်၊ တရားသူကြီးတွေပါ ပါတဲ့အဖွဲ့က သေဆုံးသူ စိုင်းအိုက်ထွန်းရဲ့ အလောင်းကို ပြန်လည်တူးဖော်စစ်ဆေးပေးသွားမှာဖြစ်ကြောင်း၊  လားရှိုးရဲစခန်းအနေနဲ့ ဒီအမှုကို မဆိုင်းမတွ ဆောင်ရွက်ပေးတဲ့အပေါ် ကျေးဇူးတင်ပြီး ဆက်လက်ပြီးတော့ ကျူးလွန်သူတွေကို ထိထိထိထိရောက်ရောက် ပြစ်ဒဏ်ပေးအရေးယူသွားမယ်လို့ မျှော်လင့်ကြောင်း စိုင်းလှထွေးက ပြောသွားပါတယ်။

ကောင်းဟုန်းကျေးရွာမှ စိုင်းအိုက်ထွန်း (၃၄ နှစ်) မှာ စိတ်မနှံ့သူတဦးဖြစ်ပြီး ရွာသူကြီးနဲ့ အပေါင်းပါတစုက စိတ်မနှံ့သူ ရွာထဲ မထားစကောင်းလို့ဆိုကာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၉ ရက်နေ့ က နေအိမ်မှာ လာရောက်ဖမ်းဆီးပြီး ကြိုးနဲ့တုတ်၊ သစ်ပင်တွင်ချိတ်ဆွဲကာ ရိုက်နှက်ညှဉ်းဆဲ ခဲ့တယ်လို့ မိခင်ဖြစ်သူ နိုင်းကျောင်းက  ဒီဗွီဘီကို ပြောပါတယ်။

စိုင်းအိုက်ထွန်းမှာ နှိပ်စက်ခံရတဲ့ဒဏ်ရာနဲ့ နောက်တနေ့မနက်မှာ သေဆုံးပြီး ရွာသူကြီးနဲ့ အပေါင်းပါက အဲဒီနေ့မှာပဲ သူတို့သားအမိနေတဲ့ တဲအိမ်ကိုပါ ဖျက်ဆီးမီးရှို့ခဲ့ပါတယ်။

ဒီကိစ္စ ဘယ်သူ့ကိုမှမပြောဖို့ ပြောတဲ့လူကို တဆွေတမျိုးလုံး သတ်ပစ်မယ်လို့ ခြိမ်းခြောက် ထားတာကြောင့် ရွာကလူတွေ ဘယ်ကိုမှ မတိုင်ရဲဘဲ၊ ရွာကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ မိခင်ဖြစ်သူ နိုင်းကျောင်းက အခုလမှ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ထံ လာရောက် တိုင်ကြားခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013