DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒပြပွဲ ယင်းမာပင်မြို့နယ်တွင် ကျင်းပ
DVB
·
March 18, 2019
ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒပြပွဲ ယင်းမာပင်မြို့နယ်တွင် ကျင်းပ
1 / 7
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ချီတက်လမ်းလျှောက် ဆန္ဒဖော်ထုတ်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့မှာ မတ်လ ၁၈ ရက်နေ့က ကျင်းပခဲ့ပါတယ်။

ဒီဆန္ဒဖော်ထုတ်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ကျင်းပတာဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ လူမှုရေးဝန်ကြီးလည်း လာရောက်ဝန်းရံခဲ့သလို ဝန်ထမ်းအချို့၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီဝင်တွေ၊ ပြည်သူတွေ စုစုပေါင်း အင်အား ၈၀၀ လောက် ပါဝင်ခဲ့ကြပါတယ်။

“သမိုင်းကြောင်းနဲ့ ပြောမယ်ဆိုရင် အန်အယ်လ်ဒီက ဒီဖွဲ့စည်းပုံကို လုံးဝလက်မခံပါဘူး။ ပြည်သူအများစုကလည်း ပြင်ဆင်လိုတဲ့ ဆန္ဒရှိနေတယ်။ အဲဒီအတွက် ပြည်သူပြင်ချင်ရင် ပြင်ကိုပြင်ရမှာပါ။ ဒါကြောင့် လာပြီး ဝန်းရံတာပါ” လို့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောပါတယ်။

ဒီဆန္ဒဖော်ထုတ်ပွဲကို မုံရွာ- ပုလဲ- ဂန့်ဂေါလမ်းအတိုင်း ယင်းမာပင်မြို့အဝင် တဖက်ကနေ အခြားတဖက်ထိ အသွားအပြန် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခဲ့ကြပြီး လမ်းတလျှောက်မှာ ပြည်သူအချို့ကလည်း ရေနဲ့ စားစရာတွေ ဝေငှခဲ့ကြပါတယ်။

ဒီမိုကရေစီမကျသော ပြဋ္ဌာန်းချက်ပါ ဥပဒေများ ပြင်ဆင်ပေးရေး၊ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး ဒို့အရေး၊ ၂၁ ရာစုပင်လုံညီလာခံ အောင်ရမည် စတဲ့ ကြွေးကြော်သံတွေကိုလည်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်မှာ ကော်မတီဖွဲ့ကာ လုပ်ဆောင်နေပါတယ်။ ဒီကော်မတီကို ထောက်ခံတဲ့အနေနဲ့ အနယ်နယ်အရပ်ရပ်မှာလည်း ကြိုဆိုထောက်ခံပွဲတွေကို ပြုလုပ်နေကြပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာလည်း မြို့နယ် ၃၇ မြို့နယ်ရှိတဲ့အထဲက ၁၅ မြို့နယ်လောက်မှာ ပြုလုပ်ခဲ့ပြီး ကျန်ရှိနေသေးတဲ့ မြို့နယ်တွေကလည်း ဆက်လက်လုပ်ဆောင်သွားနိုင်ဖို့ ပြင်ဆင်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013