DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင် ယာဉ်တိုက်မှုဖြစ်၊ မြန်မာ ၁ ဦးသေဆုံး ၁ ဦး ဒဏ်ရာရ
DVB
·
March 18, 2019
ထိုင်းနိုင်ငံတွင် ယာဉ်တိုက်မှုဖြစ်၊ မြန်မာ ၁ ဦးသေဆုံး ၁ ဦး ဒဏ်ရာရ
1 / 6
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း ဆင်းပူရီခရိုင်ရှိ အာရှလမ်းမကြီးပေါ်မှာ ဒီကနေ့မနက်က မှန်လုံ ကားတစီနဲ့ ဆယ်ဘီးကားကြီးတစီးတို့ တိုက်မိပြီး မှန်လုံကားထဲက ခရီးသည် ၁ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့  FM91 ရဲတပ်ဖွဲ့သတင်းမှာ ဖော်ပြပါတယ်။

ဆင်းပူရီခရိုင် ဖရဟုမ်ပူရီမြို့နယ်မှ  ဘန်ကောက်ခရိုင်သို့အ၀င် အာရှလမ်းမကြီးပေါ်မှာ ယာဉ်တိုက်မှုဖြစ်ခဲ့တာပါ။ အခင်းဖြစ်တဲ့နေရာကို လူနာတင်ယာဉ်နဲ့အတူ သွားရောက်စစ်ဆေးခဲ့ တယ်လို့ ဖရဟုမ်ပူရီမြို့နယ် ရဲတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါနေရာမှာ အဖြူရောင်တိုယိုတာ မှန်လုံကားတစ်စီးနဲ့ အဖြူရောင် အီစူးဇူးဆယ်ဘီး ကားတို့ တိုက်မိကြတာဖြစ်ပြီး မှန်လုံကားဒရိုင်ဘာရဲ့ အနောက်က ထိုင်ခုံပါ လိုက်ပါလာသူ အသက် ၃၅ နှစ်ရွယ်ရှိ Ye Aung ဆိုသူ မြန်မာနိုင်ငံသား ၁ ဦး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အသက် ၄၅ နှစ်ရွယ် မြန်မာအမျိုးသမီးတဦးနဲ့ အသက် ၃၄ နှစ်ရွယ် ထိုင်း အမျိုးသားတဦးတို့ ဒဏ်ရာရသွားပြီး ဖရဟုမ်ပူရီဆေးရုံကို ပို့ဆောင်ထားတယ်လို့ တာဝန်ကျရဲဝန်ထမ်းက ပြောပါတယ်။

ယာဉ်တိုက်မှုမှာ အရှေ့က မောင်းနှင်နေတဲ့ ၁၀ ဘီးကားကို အနောက်က လိုက်လာတဲ့ မှန်လုံကားကအရှိန်နဲ့ ၀င်တိုက်တာလို့ သိရပြီး ဖရဟုမ်ပူရီမြို့နယ် ရဲတပ်ဖွဲ့က ယာဉ်တိုက်မှုနဲ့ အမှုဖွင့်ထားကာ စုံစမ်းစစ်ဆေးနေတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013