DVB Logo
Home
မြန်မာသတင်း
သံလွင်ရေကာတာစီမံကိန်းကို ဒုက္ခသည်စခန်း ၈ ခုမှ ပြည်သူများ ကန့်ကွက်ဆန္ဒပြ
DVB
·
March 18, 2019
သံလွင်ရေကာတာစီမံကိန်းကို ဒုက္ခသည်စခန်း ၈ ခုမှ ပြည်သူများ ကန့်ကွက်ဆန္ဒပြ
1 / 9
Donate to DVB

သံလွင်မြစ်ပေါ်တည်ဆောက်မယ့် အကြီးစား ရေကာတာစီမံကိန်း လုံးဝ ဖျက်သိမ်းဖို့ ကရင်ပြည်နယ်အတွင်း ဒုက္ခသည်စခန်း ၈ ခု က ပြည်သူတွေ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

လွတ်လပ်စွာစီးဆင်းနေတဲ့ သံလွင်မြစ်ပေါ်မှာ အကြီးစားရေကာတာ စီမံကိန်း ၅ ခုတည်ဆောက်ဖို့ လုပ်ဆောင်နေတဲ့အပေါ် မတ် ၁၄ ရက်နေ့ ကျရောက်တဲ့ နိုင်ငံတကာ မြစ်ချောင်းများနေ့မှာ ကရင်ပြည်နယ် ဖာပွန်မြို့နယ် သံလွင်မြစ်ချောင်းကမ်းက အီးတူးထ ပြည်တွင်းဒုက္ခသည်စခန်းအနီး စုပေါင်းဆန္ဒပြခဲ့ကြပြီး ဌာနတိုင်းရင်းသားတွေရဲ့ အသက်သွေးကြောဖြစ်တဲ့ သံလွင်မြစ်ကို ဂုဏ်ပြုခဲ့ကြပါတယ်။

ဆယ်စုနှစ်တခုကျော် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်တွင်းစစ်ပြေးဒုက္ခသည်တွေအနေနဲ့ ဟတ်ကြီးရေကာတာ စီမံကိန်းကြောင့် သူတို့ရဲ့ ဘိုးပွာပိုင်မြေတွေ ရေလွှမ်းမိုးပြီး ပျက်စီးမှာကို စိုးရိမ်ကြသလို ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တပ်မတော်အကြား ပဋိပက္ခတွေ ပိုမိုဖြစ်ပွား လာမှာကို စိုးရိမ်နေကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်က ဟိုက်ကြီးရေကာတာစီမံကိန်းအနီး တပ်မတော်နဲ့ ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေအကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့်လူပေါင်း ၅၀၀၀ လောက် နေရပ်စွန့်ခွာခဲ့ရပြီး လက်ရှိ မြိုင်ကြီးငူ စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေထိုင်နေကြပါတယ်။

အဲဒီဒုက္ခသည်တွေဟာ အစားသောက်အတွက် ကူညီထောက်ပံ့မှုတွေ လျော့နည်းလာတဲ့ အတွက် စားသောက်ရေးအခက်အခဲနဲ့ ရင်ဆိုင်နေကြရသလို သံလွင်မြစ်ဘေးက အီတူးထ ဒုက္ခသည်စခန်းမှာလည်း သူတို့ရဲ့ လူသားချင်းစာနာမှု အကူအညီတွေ ကြီးမားစွာ ဖြတ်ထောက်ခံနေရတယ်လို့ ကရင်မြစ်ချောင်းများကွန်ရက်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အခုလို ငြိမ်းချမ်းရေးတည်ဆောက်နေချိန်မှာ အကြီးစားရေကာတာ စီမံကိန်းတွေဟာ ထောင်နဲ့ချီတဲ့ ပြည်သူတွေနေရပ်စွန့်ခွာမှုကို တွန်းပို့နိုင်သလို ပဋိပက္ခတွေ ထပ်မံဖြစ်ပွားနိုင်တဲ့အတွက် ဒီစီမံကိန်းကို ဖျက်သိမ်းပေးဖို့လည်း တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013