DVB Logo
Home
မြန်မာသတင်း
အလောင်းတော်ကဿပ ဘုရားဖူးကား ချောက်ထဲထိုးကျ ခရီးသည်အချို့သေဆုံး
DVB
·
March 18, 2019
အလောင်းတော်ကဿပ ဘုရားဖူးကား ချောက်ထဲထိုးကျ ခရီးသည်အချို့သေဆုံး
1 / 4
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်အတွင်း အာဆီယံအမွေအနှစ် အမျိုးသား ဥယျာဉ်ရှိ အလောင်းတော်ကဿပဘုရားလမ်းမှာ မတ်လ ၁၈ ရက် မနက်က ဘုရားဖူး ယာဉ်တစီး ချောက်ထဲထိုးကျပြီး ကားပေါ်ပါတဲ့ ခရီးသည်အချို့ သေဆုံးဒဏ်ရာရခဲ့ပါတယ်။

ကနီမြို့နယ်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက "ကျနော့်ဆီကိုလည်း ကားသမားတဦးက ဖုန်းဆက်သတင်းပို့တာ။ ချောင်းမကြီးနားမှာ ဖြစ်တာလို့ပြောတယ်။ သေဆုံးသူများတယ်လို့ ပြောတယ်။ သူ့ကားပေါ်မှာကို ဒဏ်ရာရ ၁၂ ယောက်ကို ဆေးရုံပို့ဖို့ တင်လာခဲ့တယ် ပြောတယ်။ ရဲကင်းကို ဖုန်းဆက်တော့ သွားနေတယ် ပြောတယ်။ အသေးစိပ် မသိရသေးဘူး"လို့ ပြောပါတယ်။

ကားပေါ်မှာ ဘုရားဖူးခရီးသည် အယောက် ၄၀ ဝန်းကျင်ပါလောက်ပါတယ်လို့လည်း ကနဦးသတင်းတွေအရ သိရပါတယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတာ မသိရသေးသလို ခရီးသည် သေဆုံးဒဏ်ရာရအခြေအနေလည်း အသေးစိပ်မသိရသေးပါဘူး။

အလောင်းတော်ကဿပလမ်းက ဖုန်ထူလမ်းကြမ်းပြီး အကွေးအကောက်များတဲ့အတွက် နှစ်စဉ် ယာဉ်မတော်တဆဖြစ်နေ ကျဖြစ်ပြီး အခုနှစ်အတွင်း ယာဉ်မတော်တဆမှုဖြစ်တာ ၃ ကြိမ်ရှိပါပြီ။

မနေ့ကလည်း နိုင်ငံခြားသား ခရီးသွားတဦး ဆင်ပေါ်က ပြုတ်ကျလို့ ဆေးကုသမှုခံယူဖို့ မုံရွာဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

အလောင်းတော်ကဿပဘုရားမှာ အခုရက်ပိုင်းက ပွဲတော်ရက်ကာလဖြစ်လို့ အနယ်နယ် အရပ်ရပ်က ခရီးသွားတွေနဲ့လည်း စည်ကားနေကာ နေ့စဉ်ကားအစီးရေ ရာနဲ့ချီ၊ လူဦးရေ ထောင်နဲ့ချီ လာရောက်နေကြတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013