DVB Logo
Home
မြန်မာသတင်း
အန်စီအေအပစ်ရပ်လက်မှတ်ထိုးနိုင်ရေး  ကေအန်ပီပီအဖွဲ့ နေပြည်တော်တွင်ဆွေးနွေး
DVB
·
March 18, 2019
အန်စီအေအပစ်ရပ်လက်မှတ်ထိုးနိုင်ရေး  ကေအန်ပီပီအဖွဲ့ နေပြည်တော်တွင်ဆွေးနွေး
1 / 5
Donate to DVB

အန်စီအေ အပစ်ရပ်လက်မှတ်ထိုးနိုင်ဖို့အတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (အန်အာပီစီ)နဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) တို့ မတ်လ ၁၈ ရက် မနက်က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးနေပါတယ်။

ဒီတွေ့ဆုံပွဲနဲ့ပတ်သက်ပြီး ကေအန်ပီပီအတွင်းရေးမှူး ၂ ခူးဒယ်နီရယ်က “ဘာတွေ ဆွေးနွေးဖို့ ရှိလဲဆိုတော့ သူတို့ဘက်က အန်စီအေထိုးဖို့ တိုက်တွန်းမှာပဲ။ ကျနော်တို့ ကတော့ ဒီလက်မှတ်ထိုးနိုင်ဖို့ဆွေးနွေးဖို့ အချက်အလက်တွေအများကြီးတော့ ဆွေးနွေးရဦးမယ်။” လို့ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ဖို့အတွက် အဓိက အခြေခံ အချက်ဖြစ်တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ပါကိစ္စတွေ ဆက်လက်အကောင်အထည်ဖော် နိုင်ရေးအပေါ် အဓိက ဆွေးနွေးသွားမှာဖြစ်ပြီး တပ်ပိုင်းဆိုင်ရာ ကိစ္စတွေကိုတော့ မတ်လ ၁၉ ရက်မှာ ပြုလုပ်မယ့် တပ်မတော်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲမှသာ သီးသန့်ဆွေးနွေး သွားမယ်လို့ ကေအန်ပီပီ ကိုယ်စားလှယ်အဖွဲ့က ဆိုပါတယ်။

ဒေသတွင်းဖြစ်ပေါ်နေတဲ့ အခြေအနေတွေ၊ ဆွေးနွေးသဘောတူလိုက်တဲ့ကိစ္စတွေအပေါ် အကောင်အထည်တဲ့အပိုင်းတွေမှာ အဆင်ပြေတဲ့အချက်တွေနဲ့ အဆင်မပြေတဲ့ အချက်တွေကိုလည်း ဆွေးနွေးကြဖို့ရှိပါတယ်။

တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်လာတဲ့ ကေအန်ပီပီအဖွဲ့ဝင်တွေအနေနဲ့ မိမိတို့ရဲ့ သဘောထားအမြင်တွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးဖို့နဲ့ အစိုးရအဖွဲ့က လုပ်ဆောင်ပေးစေ လိုတဲ့အချက်တွေရှိရင်လည်း ပြောဆိုပေးဖို့  အန်အာပီစီအဖွဲ့ဝင် ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ကမ်းလှမ်းထားပါတယ်။

တွေ့ဆုံဆွေးနွေးပွဲမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (အန်အာပီစီ) အဖွဲ့ကို ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ဦးဆောင်ဆွေးနွေးမှာဖြစ်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) အဖွဲ့ကိုတော့ ဒုတိယ ဥက္ကဋ္ဌ ခူဦးရယ်က ဦးဆောင်ဆွေးနွေးနေတာဖြစ်ပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီဟာ  အန်စီအေ အပစ်ရပ် ဆွေးနွေးပွဲတွေမှာ တောက်လျှောက် ပါဝင်ခဲ့ပေမယ့် ခုချိန်ထိတော့  အန်စီအေ အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးသေးပါဘူး။

သတင်း- နော်နိုရင်း/ အောင်ဆန်းဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013