DVB Logo
Home
မြန်မာသတင်း
တောင်ဒဂုံတွင် အမျိုးသမီးတဦး ကိုယ့်ကိုယ်ကိုယ် ဓာတ်ဆီလောင်းမီးရှို့ သေကြောင်းကြံ
DVB
·
March 17, 2019
တောင်ဒဂုံတွင် အမျိုးသမီးတဦး ကိုယ့်ကိုယ်ကိုယ် ဓာတ်ဆီလောင်းမီးရှို့ သေကြောင်းကြံ
Donate to DVB

ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် အမျိုးသမီး ၁ ဦး ကိုယ့်ကိုယ်ကိုယ် ဓာတ်ဆီလောင်း မီးရှို့ သေကြောင်းကြံစည်မှု ဖြစ်ခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။

မတ်လ ၁၆ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၁၀၇ ရပ်ကွက်နေ အသက် ၃၄ နှစ်အရွယ် အမျိုးသမီးတဦးဟာ အဆိုပါရပ်ကွက် မြဝတီမင်းကြီး လမ်းမမှာ ကိုယ့်ကိုယ်ကိုယ် ဓာတ်ဆီလောင်းမီးရှို့ခဲ့ရာ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့လို့ သင်္ဃန်းကျွန်း (စံပြ) ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်မှာ အမျိုးသမီးမှာ ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ ခင်ပွန်းဖြစ်သူနဲ့ ဖုန်းပြောပြီး အဆင်မပြေဖြစ်ရာကနေ မီးရှို့ခဲ့တာလို့ သိရပါတယ်။

အဆိုပါ အမျိုးသမီးအား ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၉ (မိမိကိုယ်ကို သေကြောင်းကြံစည်မှု) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013