DVB Logo
Home
မြန်မာသတင်း
ပုသိမ်စက်မှုမြို့​တော်​ မြေ​နေရာတွင် အထည်ချုပ်စက်ရုံသစ်များ စတင်​တည်ဆောက်​နေ
DVB
·
March 17, 2019
ပုသိမ်စက်မှုမြို့​တော်​ မြေ​နေရာတွင် အထည်ချုပ်စက်ရုံသစ်များ စတင်​တည်ဆောက်​နေ
Donate to DVB

ဧရာဝတီတိုင်း​ဒေသကြီး ပုသိမ်မြို့နယ်​က ဧက ၂၇၀၀ မှာ တည်​​ဆောက်​​နေတဲ့ စက်မှုမြို့တော်စီမံကိန်း ဧရိယာအတွင်းမှာ အထည်​ချုပ်​စက်​ရုံ​တွေ စတင်​တည်​​ဆောက်​​နေပြီး အထည်​ချုပ်​စက်​ရုံ အားလုံးတည်​​ဆောက်​ပြီးပါက လုပ်​သား ၅ ​သောင်းမှ ၁ သိန်း​လောက်​အထိ အလုပ်​အကိုင်​ရရှိမယ်​လို့ သိရပါတယ်​။

အထည်​ချုပ်​စက်​ရုံ​တွေကို Ayeyarwaddy Development Public Co.,Ltd (ဧရာဝတီ ဖွံ့ဖြိုးတိုးတက်ရေးအများပိုင် ကုမ္ပဏီ) နဲ့ တရုတ်နိုင်ငံ Textile City Group ကုမ္ပဏီ တို့ သဘောတူ လက်မှတ်​ရေးထိုးပြီး CNQC Construction (Myanmar) က တာဝန်​ယူ​ တည်​​ဆောက်​​နေတာပါ။

စက်​ရုံ​ပေါင်း ၅၀ တည်​​ဆောက်​မှာဖြစ်​ပြီး အထည်​ချုပ်​စက်​ရုံတရုံကို လုပ်​သား ၁၀၀၀ က​နေ ၂၀၀၀ ထိ ခန့်​အပ်​သွားမယ်​လို့ သိရပါတယ်​။

"အခုစတင်​ပြီး စက်​ရုံနှစ်​ရုံက ​​ဖောင်​​ဒေးရှင်းပိုင်​မှာပဲ ရှိ​သေးပါတယ်​။ အဲ့ဒီနှစ်​ရုံက​တော့ သြဂုတ်​လအပြီး တည်​​ဆောက်​သွားမှာပါ။ စာချုပ်​ချုပ်​ထားတာ​တော့ စက်​ရုံ​ပေါင်း ၅၀ ပါ။ အထည်​ချုပ်​နဲ့ပတ်​သတ်​တဲ့ စက်​ရုံ​တွေပါပဲ" လို့ ပုသိမ်စက်မှုမြို့တော်စီမံကိန်း မန်နေဂျင်း ဒါရိုက်တာ ဦးစည်သူစိုးက ပြောပါတယ်​။

အထည်​ချုပ်​စက်​ရုံ ၅၀ ရုံမှာ ကြယ်သီးစက်ရုံ၊ ဂျိတ်ဆက်ရုံ၊အပ်ချည်စက်ရုံ အထည်ချုပ်စက်ရုံ စတဲ့အထည်ချုပ်​လုပ်ငန်းနဲ့ပတ်သက်တဲ့ စက်ရုံ​တွေဖြစ်​ပြီး တည်​​ဆောက်​ပြီးပါက ပလတ်​စတစ်​ ကုန်​ကြမ်း စက်​ရုံတည်​​ဆောက်​ရန်​ သ​ဘောတူထားပြီး​ ဆိပ်​ကမ်းတည်​​ဆောက်​မှု လုပ်​ငန်း​တွေကို အပိုင်းလိုက်​လုပ်​​ဆောင်​သွားမှာဖြစ်​ပြီး ကနဦးတည်​​ဆောက်​မယ့် စီမံကိန်းစက်​ရုံများအားလုံးကို ​မြေဧက ၅၀၀ အပိုင်းမှာ ပါဝင်​မယ်​လို့ သိရပါတယ်​။

ပုသိမ်​စက်​မှုမြို့​တော် ​စီမံကိန်းဟာ ဧရိယာ ​မြေ ဧက ၂၇၀၀ မှာ အထည်​ချုပ်​စက်​ရုံ​တွေ၊ ​ပေါင်းဆန်​စက်​ရုံ​တွေ၊ ​​ရေထွက်​ပစ္စည်း အ​အေးခန်းစက်​ရုံ​တွေ၊ မှန်​စက်​ရုံ၊ ပလတ်​စတစ်​စက်ရုံ၊ ဓာတ်​​မြေသြဇာစက်​ရုံ​တွေ၊ ပရိ​ဘောဂစက်​ရုံ​တွေ၊ ဘိလပ်​​မြေစက်​ရုံစက်​ရုံ​တွေ စတဲ့စက်​ရုံ​တွေ ပါဝင်​မှာပါ။

ဒါအပြင် နိုင်​ငံတကာအဆင့်​မီ ​ရေနက်​ဆိပ်​ကမ်းတခုလည်း တည်​​ဆောက်​သွားမှာ ဖြစ်​တယ်​လို့ Ayeyarwaddy Development Public Co.,Ltd (ဧရာဝတီဖွံဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီ) က​နေ သိရပါတယ်။

မြမင်းဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013