DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်​ဆင်​​ရေး ​ထောက်​ခံပွဲ ​ချောက်​မြို့တွင် ပြုလုပ်​၊ လူ ၂၀၀၀၀ ခန့် တက်ရောက်
DVB
·
March 17, 2019
ဖွဲ့စည်းပုံပြင်​ဆင်​​ရေး ​ထောက်​ခံပွဲ ​ချောက်​မြို့တွင် ပြုလုပ်​၊ လူ ၂၀၀၀၀ ခန့် တက်ရောက်
1 / 4
Donate to DVB

မ​ကွေးတိုင်း​ဒေသကြီး ​ချောက်​မြို့မှာ​ ၂၀၀၈ ဖွဲ့စည်းပုံအ​ခြေခံ ဥပ​ဒေပြင်​ဆင်​​ရေး ​ထောက်​ခံပွဲကို ဒီက​နေ့ မနက်​ပိုင်းက ပြုလုပ်​ခဲ့ပါတယ်​။

ချောက်​မြို့မှာ လာ​ရောက်​ပူ​ပေါင်း ​ဟော​ပြော​ပေး​သော ဗိုလ်​ကြီး​ဟောင်း ဦး​နေမျိုးဇင်​က “ပြည်​သူရဲ့လွတ်​လပ်​ပိုင်​ခွင့်​ ပြည်​သူရဲ့ အချုပ်​အခြာ အာဏာကို လူတ​စု စီးပိုးထားတဲ့ အရာမှန်​သမျှ ပယ်​ဖျက်​ဖို့လိုတယ်​။ ၂၀၀၈ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေ တည်​​နေသမျှ စစ်​ကျွန်​ဘဝ မလွတ်​ဘူးဆိုတာနဲ့ စစ်​ကျွန်​ဘဝ လွတ်​ခြင်​ရင်​ ဖွဲ့စည်းပုံ ဥပ​ဒေပြင်​ဆင်​ သို့မဟုတ်​ အသစ်​​ရေးဆွဲမှ ရမယ်” လို့​ပြောပါတယ်​။

၂၀၀၈ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေပြင်​ဆင်​​ရေး၊ ပြည်​သူကို အကျိုးမပြု​သော ပုဒ်​မများ ဖျက်​သိမ်း​ရေး၊ နိုင်​ငံ အနာဂတ်​လှပ​ရေး၊ ဥပ​ဒေပြင်​ဆင်​​ရေး ​ကော်​မတီ ​အောင်​ရမယ် စတဲ့ကြွေးကြော်သံတွေနဲ့ ထောက်ခံပွဲ ပြုလုပ်ခဲ့ကြပါတယ်။

လူ ၂၀၀၀ လောက်ရှိ ပြည်​သူလူထုက ​အေး​စေတီဘုရား ​ခြေ​တော်​ရင်း ရင်​ပြင်​မှ စတင်​ပြီး လမ်းမ​တော်​လမ်း၊​ ဘောလုံးကွင်းလမ်းအတိုင်း အ​နော်​ရထာ တံတားထိပ်​ ဗိုလ်​ချုပ်​​ကြေးရုပ်​ ပန်းခြံအထိ ချီတက်​ခဲ့ကြပါတယ်​။

ကိုလင်း(​ချောက်​)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013