DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံ ပြင်ဆင်ရေး ထောက်ခံပွဲ ပခုက္ကူမြို့တွင် ကျင်းပ
DVB
·
March 17, 2019
ဖွဲ့စည်းပုံ ပြင်ဆင်ရေး ထောက်ခံပွဲ ပခုက္ကူမြို့တွင် ကျင်းပ
Donate to DVB

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ထောက်ခံပွဲကို မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့မှာ မတ်လ ၁၇ ရက်နေ့က ပြုလုပ်ပါတယ်။

၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်မှသာ နိုင်ငံရဲ့ အနာဂတ်လှပဖို့ နောက်မျိုးဆက်တွေလှပဖို့ လူထုလှုပ်ရှားမှု လုပ်ရတာလို့ ပွဲစီစဉ်သူ ဦးမျိုးနိုင်ဝင်းက ပြောပါတယ်။

“စစ်မှန်တဲ့ ပြည်သူ့ဆန္ဒမဟုတ်ဘဲနဲ့ တဖက်သတ်ရေးဆွဲထားတဲ့ အခြေခံဥပဒေကြီးကို၊ ပြည်သူလူထုတရပ်လုံး ပြင်ဆင်ခွင့်ရှိမတဲ့ ဒီအခြေခံဥပဒေကြီးကို တကယ်တမ်းကတော့ ဒီအခြေခံဥပဒေကြီးက အသစ်ကို ဆွဲရမှာဗျ။ ဒါပေမယ်လို့ ပြင်ဆင်တာတွေ ပြင်ဆင်မယ်ဆိုလည်း နိုင်ငံကောင်းသွားဖို့ နိုင်ငံအနာဂတ်လှဖို့ နောင်မျိုးဆက်တွေ ကောင်းဖို့ အခြေခံဥပဒေ လူထုလှုပ်ရှားမှုလုပ်တာပါ” လို့ ပြောပါတယ်။

အခြေခံဥပဒေပြင်ဆင်ဖို့၊ ပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ထောက်ခံကြောင်းပြသဖို့ လာရောက်ခဲ့တာလို့ ဆန္ဒပြပွဲမှာ ပါဝင်သူ ကိုမျိုးမော်က ပြောပါတယ်။

“တဖက်သတ်ရေးဆွဲထားတဲ့ ဥပဒေဖြစ်တဲ့အတွက် ပြည်သူတရပ်လုံးက ဆန့်ကျင်ပြီးတော့ ဒီဥပဒေကို ပြင်ဆင်ဖို့ထောက်ခံတဲ့အနေနဲ့ ပြည်သူတရပ်လုံး ပါဝင်မယ်ဆိုတဲ့ဆန္ဒနဲ့ ကျနော်ဒီပွဲကို ပါဝင်ရတာ”လို့ ပြောပါတယ်။

အခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံပွဲကို  ပခုက္ကူခရိုင်တွင်းမြို့တွေဖြစ်တဲ့ ဆိပ်ဖြူ၊ မြိုင်၊ ရေစကြို၊ ပေါက်စတဲ့ မြို့တွေအပြင် မုံရွာ ညောင်ဦးစတဲ့ အနီးအနားမြို့တွေက ပြည်သူတွေလည်း လာရောက်ခဲ့ကြပါတယ်။

၂၀၀၈ ဖွဲ့စည်ပုံပြင်ရေး ထောက်ခံပွဲတွေကို နိုင်ငံတ၀ှမ်း မြို့ကြီး တော်တော်များများမှာလည်း ပြုလုပ်နေပါတယ်။

မြင့်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013