DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့တွင် ငါးလုပ်ငန်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
DVB
·
March 17, 2019
မြိတ်မြို့တွင် ငါးလုပ်ငန်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
Donate to DVB

မြိတ်မြို့မှာ ရေလုပ်သားတွေနဲ့လုပ်ငန်းရှင်တွေ ကြုံတွေနေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ငါးလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတခုကို မြိတ်ခရိုင်ငါးလုပ်ငန်း အဖွဲ့ချုပ်ရုံးမှာ မတ်လ ၁၆ ရက်နေ့က ကျင်းပခဲ့ပါတယ်။

၂၀၁၈-၁၉ ငါးဖမ်းရာသီအတွက် ကြိုတင်ဆွေးနွေးတာဖြစ်ပြီး ရေလုပ်သားတွေနဲ့ လုပ်ငန်းရှင်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ လိုအပ်ချက်တွေကို တိကျစွာဆွေးနွေးနိုင်ဖို့ ကျင်းပရတာလို့ မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်က သိရပါတယ်။

“ဒီဆွေးနွေးပွဲက ထူးခြားတဲ့ဆွေးနွေးပွဲတခု ဖြစ်တယ်။ အရင်က ပြည်ထောင်စုအဆင့်ကနေ ညွှန်ကြားလာတဲ့အတိုင်း ကျနော်တို့ ရေလုပ်ငန်းရှင်တွေက လိုက်နာရပါတယ်။ အခုဒါနဲ့ ပြန်ပြောင်းလှန်ပြီး ပြောင်းလဲလာတဲ့ ခေတ်စနစ်အတိုင်း ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ဒီလို ဆွေးနွေးပွဲမျိုးက ပထမဆုံးအကြိမ်ပါ။ အောက်ခြေ လုပ်သားတွေနဲ့ ရေလုပ်ငန်းရှင်တွေက တင်ပြ လာတဲ့အပေါ်မှာ ပြည်ထောင်စုအဆင့်ကနေ ပြန်သုံးသပ်ပေးမယ့်ပုံစံပါ။ ကမ်းနီးကမ်းဝေးလုပ်ငန်း တွေအနေနဲ့လည်း မိမိတို့လုပ်ငန်းကဏ္ဍအလိုက် လိုအပ်ချက်တွေကို ဆွေးနွေးစေချင်တယ်။ ဒါမှတိကျတဲ့ အဖြေတခုကို ကျနော်တို့ ပြန်လည်ရရှိလာမှာ ဖြစ်ပါတယ်” လို့ မြိတ်ခရိုင် ငါးလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစန်းမောင်က ပြောပါတယ်။

အလုပ်ရုံဆွေးနွေးပွဲကို ရေလုပ်သားတွေ၊ ကမ်းနီးကမ်းဝေးလုပ်ငန်းရှင်တွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

လာမယ့် ငါးသားပေါက်ရာသီမှာ ငါးဖမ်းရရာသီ၊ ငါးမဖမ်းရ ဧရိယာ သတ်မှတ်ရေးအတွက် အုပ်စုအလိုက်ဆွေးနွေးခဲ့ကြပြီး ငါးလုပ်ငန်းအတွက် အပြောင်းအလဲတခု ဖြစ်လာနိုင်ကြောင်း လုပ်ငန်းရှင်တွေက မျှော်လင့်နေပါတယ်။

ဆွေးနွေးပွဲမှ ရရှိလာတဲ့ အချက်အလက်တွေကို မတ် ၂၂ ရက်နေ့ ပြုလုပ်မယ့် နေပြည်တော် အစည်းအဝေးမှာ တင်ပြမယ်လို့ သိရပါတယ်။

မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013