DVB Logo
Home
မြန်မာသတင်း
မြန်မာဘက်တင်သွင်းမည့် စိတ်ကြွဆေး အလုံး ၆၅ သိန်းကျော် ဖမ်းမိ
DVB
·
October 11, 2012
မြန်မာဘက်တင်သွင်းမည့် စိတ်ကြွဆေး အလုံး ၆၅ သိန်းကျော် ဖမ်းမိ
1 / 4
Donate to DVB

မြန်မာနိုင်ငံကို တင်သွင်းမယ့် စိတ်ကြွဆေး အလုံးပေါင်း ၆၅ သိန်းကျော်ကို အောက်တိုဘာ ၆ ရက်နေ့က အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ကိုလားစစ်မြို့အနီး Khuang pui lam အဝေးပြေးလမ်းမကြီးပေါ်မှာ ကိုလားစစ်မြို့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ကနေ ဖမ်းဆီးရမိခဲ့ပါတယ်။

ဒီဆေးတွေရဲ့တန်ဖိုးဟာ ရူပီးငွေ ၉၈ သိန်း၊ ကျပ်ငွေအားဖြင့် သိန်း ၁၅၀၀ ကျော် တန်တယ်လို့ ဆိုပါတယ်။

ကြိုတင်သတင်းရရှိထားချက်အရ အာသံပြည်နယ် မြို့တော် ဂိုဝါဟတီး မြို့ကနေ မီဇိုရမ်ပြည်နယ်ထဲ ၀င်လာတဲ့ ကုန်ကား ၁ စင်း ကို Khuang pui lam အဝေးပြေးလမ်းမကြီး ပေါ်မှာ ရှာဖွေလိုက်ရာက ဖမ်းမိလိုက်တာလို့ မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့က ပြောပါတယ်။

[caption id="attachment_31822" align="alignleft" width="300" caption="ယာဉ်မောင်းသူ"][/caption]

ယာဉ်မောင်းသူရဲ့ ထွက်ဆိုချက်အရ သူတင်ဆောင်လာတဲ့ပစ္စည်း ဘာတွေလဲဆိုတာ မသိဘဲ အိုက်ဇောမြို့ အရောက်ပို့ဖို့ ဖြစ်တယ် ဆိုတာသာ သူသိတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ဟာ ကားဒရိုင်ဘာတွေပါ။ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေက ပေးလိုက်တဲ့ ပစ္စည်းတွေကို လိပ်စာတပ်ထားတဲ့နေရာ အရောက်ပို့ဖို့သာ ကျနော်တို့ တာဝန်ဖြစ်တယ်။ အခုလို ဥပဒေနဲ့ မလွတ်ကင်းတဲ့ ပစ္စည်းတွေ ပါလာတော့ ကျနော်တို့လည်း ဒုက္ခရောက်တာပေါ့။ ပေးပို့သူက နာမည်အတု၊ လိပ်စာအတုတွေနဲ့ ပို့နေကြတော့ တရားခံကို ဖမ်းမိဖို့ မလွယ်ဘူးလေ။”

ဒီဆေးတွေ အားလုံးကို ၀န်ကျဉ်းသွားအောင် အခွံခွာပြီး ပလတ်စတစ် အိပ်တွေထဲ ထည့်ထားတာပါ။

အာသံပြည်နယ်မြို့တော် ဂိုဝါဟတီး မြို့ကနေ မီဇိုရမ်ပြည်နယ်ထဲ ၀င်ပြီဆိုရင် ပထမဦးဆုံး ကိုလားစစ် မြို့ကို ရောက်တာပါ။

[caption id="attachment_31823" align="alignright" width="300" caption="ကားဂိတ်မှူး"][/caption]

ကိုလားစစ်မြို့ ကားဂိတ်မှူးက “ကိုလားစစ်မြို့ကနေ အိုက်ဇောမြို့ကို ၀င်မယ့် ကုန်တင်ကားတွေအားလုံး ဒီကားဂိတ်မှာ ရပ်နားရတယ်။ ပျမ်းမျှ တနေ့ကို ကုန်ကားအစီးပေါင်း ၁၅ စီးလောက် ဒီဂိတ်ကိုရောက်တယ်။ ညဘက် ယာဉ်ကြောရှင်းမှ အိုက်ဇောမြို့ထဲကို ၀င်ခွင့်ရှိတယ်။ ပစ္စည်းတွေ အပြည့်တင်ထားကြတော့  စစ်ဆေးဖို့ မလွယ်ကူဘူးလေ။ ပါဆယ်မှန်သမျှ ဖောက်ပြီး စစ်ဆေးဖို့ဆိုတာကလည်း ခက်ခဲတော့ ဖမ်းလို့မမိဘဲ လွတ်သွားတဲ့ စိတ်ကြွဆေးတွေ အများကြီးနေမှာပါ” လို့ ပြောပါတယ်။

ဩဂုတ်၊ စက်တင်ဘာ နဲ့ အောက်တိုဘာ ၃ လအတွင်း မီဇိုရမ်ပြည်နယ်မှာ  မြန်မာနိုင်ငံကို တင်သွင်းမယ့် ရူပီးငွေ ၁၂၉ သိန်း၊ ကျပ်ငွေ အားဖြင့် သိန်း ၂၀၀၀ ကျော် တန်းဖိုးရှိတဲ့ စိတ်ကြွဆေး ဖမ်းဆီးရမိခဲ့ပြီးဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013