DVB Logo
Home
မြန်မာသတင်း
ကြေးနီစီမံကိန်းအရေးဆွေးနွေးရန် လွှတ်တော်ကိုယ်စားလှယ်များရုံးနှင့် ကုမ္ပဏီကို ဒေသခံများ စာပို့
DVB
·
March 17, 2019
ကြေးနီစီမံကိန်းအရေးဆွေးနွေးရန် လွှတ်တော်ကိုယ်စားလှယ်များရုံးနှင့် ကုမ္ပဏီကို ဒေသခံများ စာပို့
1 / 8
Donate to DVB

စစ်ကိုင်တိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်အတွင်းက လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံအချို့နဲ့ ပြေလည်မှုမရှိသေးတာကြောင့် တွေ့ဆုံဆွေးနွေးဖြေရှင်း နိုင်ရေးအတွက် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များရုံးနဲ့ မြန်မာဝမ်ပေါင်ကုမ္ပဏီ ဆက်ဆံရေးရုံးကို သွားရောက်ကာ အကြောင်းကြားစာပေးပို့ ခဲ့ကြပါတယ်။

မတ်လ ၁၆ ရက်နေ့က တွေ့ဆုံဆွေးနွေးရေး အကြောင်းကြားစာကို ဒေသခံ ၄၀ ဝန်းကျင်စုပေါင်းကာ သွားရောက်ခဲ့ကြတာပါ။

ဆားလင်းကြီးမြို့မှာ ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်များရုံးမှာတော့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သိန်းနိုင်နဲ့ ဒေသခံတွေ ဆွေးနွေးခဲ့ကြပြီး အကြောင်းကြား စာကိုလည်း ကိုယ်စားလှယ်ကိုယ်တိုင် လက်ခံခဲ့ပါတယ်။

မြန်မာဝမ်ပေါင်ကုမ္ပဏီရှေ့ကို သွားရောက်ပေးပို့ရာမှာလည်း ဆက်ဆံရေးရုံးတာဝန်ရှိသူက အကြောင်းကြားစာကို လက်ခံခဲ့ပြီး ပြန်လည်အကြောင်းပြန်ပေးမယ်လို့ ကတိပေးပြောဆိုခဲ့ ပါတယ်။

“ပြီးခဲ့တဲ့ ၇ ရက်၊ ၈ ရက်နေ့က နိုင်ငံတောင်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့ကို လာတုန်းက ပြောသွားတာရှိတယ်။ ဘာလဲဆိုတော့ လက်ပံတောင်းအရေးက မပြေလည်ချင်တဲ့ သူတွေရှိလို့ မပြတ်သေးတာလို့ ပြောခဲ့တယ်။ ဒေသခံတွေက မပြတ်ချင်တာမဟုတ်ဘူး။ ကုမ္ပဏီက အစီရင်ခံစာကို မလိုက်နာလို့ စီမံကိန်းကို ကန့်ကွက်နေတာ။ အခုလည်း ဒေသခံတွေဖက်က ပြေလည်ချင်တယ်ဆိုတာ သိစေချင်လို့ ပါဝင်သင့် ပါဝင်ထိုက်သူတွေ မျက်နှာချင်းဆိုင် ဆွေးနွေးနိုင်ရေး စာလာပို့တာဖြစ်ပါတယ်။”လို့ လက်ပံတောင်းတောင် ဒေသခံ ဒေါ်စန်းနွဲ့က ပြောပါတယ်။

ဒေသခံတွေပေးပို့တဲ့ အကြောင်းကြားစာမှာတော့ အစားထိုးမြေဧက ၁၉၀၀ ဖော်ဆောင် ရေး၊ ပိုလျှံမြေ ပြန်လည်ခွဲဝေပေးရေးနှင့် မြေယာလျော်ကြေး နစ်နာကြေး စတဲ့ ကိစ္စ ၃ ရပ်ကို ဆွေးနွေးဖို့ဆိုပြီး ပါရှိပါတယ်။

ဒေသခံတွေကတော့ အစီရင်ခံစာအတိုင်းသာ လိုက်နာဆောင်ရွက်စေချင်ပြီး အစီရင်ခံစာ ကို ဒေသခံတွေက ချိုးဖောက်ရင် ဒေသခံတွေကို အရေးယူစေချင်သလို ကုမ္ပဏီက ချိုးဖောက်ရင် လည်း တိတိကျကျအရေးယူပေးစေချင်တယ်လို့ ဆိုပါတယ်။

အစီရင်ခံစာ ထွက်ပေါ်လာတာ ၅ နှစ်ကျော်လာပြီဖြစ်ပေမယ့် အစီရင်ခံစာပါ အကြံပြုချက် တွေကိုတော့ လိုက်နာအကောင်အထည်ဖော်မှု အားနည်းနေပါသေးတယ်။ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ဒေသခံတွေအနေနဲ့ စာရေးပြီး ပြည်ထောင်စုကို တင်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံရဲ့ မုံရွာလူထုတွေ့ဆုံပွဲမှာ ပြောဆိုခဲ့ပါသေးတယ်။

ဒါ့အပြင် သူ့သက်ဆိုင်ရာပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံပြီးတော့ ညှိနှိုင်းရလိမ့်မယ်။ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ တွေ့ဆုံပြီးတော့ ညှိနှိုင်းရမယ့်သူတွေကို ကျမတို့သတ်မှတ်ပေးမယ်။ အဲဒီလူတွေနဲ့ပဲ ရှင်းကြပါ လို့လည်း ပြောဆိုခဲ့ပါသေးတယ်။

လက်ပံတောင်းတောင်ကိစ္စနဲ့ပတ်သက်ပြီး ကျေးရွာပြောင်းရွှေ့ရမယ့်ပြဿနာ၊ မြေယာ လျော်ကြေး၊ သီးနှံလျော်ကြေး၊ အစားထိုးမြေယာ၊ အလုပ်အကိုင်အခွင့်အလမ်း စတာတွေအပြင် လွန်ခဲ့တဲ့ ၅ လကျော်က စီမံကိန်းက ထွက်ရှိလာတဲ့ အမှုန်အမွှားနှင့် အက်ဆက်ငွေ့တွေကြောင့် သီးနှံစိုက်ခင်းတွေ ပျက်စီးဆုံးရှုံးခဲ့ပေမယ့် ဒီနေ့အချိန်ထိ လျော်ကြေးပေးတာ မရှိသေးပါဘူး။

လက်ပံတောင်းတောင်အရေးနဲ့ပတ်သက်ပြီး စီမံကိန်းစတင်ကတည်းက ဒေသခံတွေ ဆန္ဒပြမှုဟာ အနည်းဆုံး အကြိမ် ၃၀၀ ကျော်ပြီဖြစ်တဲ့အပြင် သံဃာတွေ မီးလောင်ဗုံးနဲ့ အထုခံရတာ၊ ဒေါ်ခင်ဝင်း သေနတ်နဲ့ ပစ်သတ်ခံရတာ စတဲ့ပြဿနာတွေလည်း ရှိနေ ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013