DVB Logo
Home
မြန်မာသတင်း
အဖျောက်မြို့တွင် စက်လှေတိမ်းမှောက်၊ အမျိုးသမီး ၆ ဦး သေဆုံး
DVB
·
March 16, 2019
အဖျောက်မြို့တွင် စက်လှေတိမ်းမှောက်၊ အမျိုးသမီး ၆ ဦး သေဆုံး
Donate to DVB

တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ ဧရာဝတီမြစ်အတွင်း သာရဝေါကူးတို့ဆိပ်မှာ မတ်လ ၁၆ ရက်နေ့ မနက် ၇ နာရီလောက်က စက်တက်လှေတိမ်းမှောက်ခဲ့လို့ ကျောင်းသူတဦး အပါအဝင် အမျိုးသမီး ၆ ဦး သေဆုံးခဲ့ပါတယ်။

အဖျောက်မြို့ အုပ်ချုပ်ရေးမှူး ဦးချမ်းမင်းစိုးက "ကျေးရွာသားတွေက မြစ်ထဲကနေ ကျွန်းပေါ်တွေ သူတို့အလုပ်ရှိတဲ့နေရာကို သွားကြတာပါ။ မော်တော်က အကြီးမဟုတ်ဘူး။ ရိုးရိုးလှေကို စက်တပ်ပြီး မောင်းတာ။ အောက်ကဖောင်ဖွဲ့ပြီး လူ ၂၀ ကျော်လောက်တင်သွားတာ။ ကမ်းခြေနဲ့ပေ ၁၀၀ ကျော်လောက်အကွာရောက်တော့ ကမ်းကလည်း ပြိုထားတယ်၊ ရေကလည်း နက်တော့ မော်တော်မငြိမ်ဖြစ်ပြီး မှောက်တာဖြစ်မယ်။ ၇ တန်းကျောင်းသူတဦး အပါအဝင် အသက် ၂၀ ကျော်အရွယ် အမျိုးသမီး ၆ ဦးသေဆုံးခဲ့တယ်" လို့ ပြောပါတယ်။

စက်လှေပေါ်မှာ လူ ၂၀ ကျော် တင်ဆောင်လာတာလို့ သိရပြီး စက်လှေမောင်းသူ ထွက်ပြေးတိမ်းရှောင်နေလို့ အဖျောက်မြို့ရဲစခန်းက ပေါ့ဆမှုကြောင့်လူသေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄ (က)၊ ရေယာဉ်အား လူ့အသက်အန္တရာယ်ဖြစ်လောက်အောင် ပေါ့လျော့စွာမောင်းနှ်င်မှု ပုဒ်မ ၂၈၀ နဲ့ အမှုဖွင့်ထားပြီးတရားခံဖမ်းစီးရမိရေးဆောင်ရွက်နေတယ်လို့အဖျောက်စခန်းကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013