DVB Logo
Home
မြန်မာသတင်း
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ ပထမဆုံးရုံးခွဲ ရန်ကုန်တွင် ဖွင့်လှစ်
DVB
·
March 16, 2019
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ ပထမဆုံးရုံးခွဲ ရန်ကုန်တွင် ဖွင့်လှစ်
Donate to DVB

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရဲ့ ပထမဆုံးရုံးခွဲကို ရန်ကုန်မှာ ဒီနေ့ ဖွင့်လှစ်လိုက်ပြီး ဆက်စပ်တဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ လုပ်ငန်းတွေ မြန်မြန်ဆောင်ရွက်နိုင်တော့မယ်လို့ ကော်မရှင် ဥက္ကဋ္ဌက ပြောပါတယ်။

ရုံးကို ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားလမ်းမှာ ဒီနေ့ မနက်ပိုင်းက ဖွင့်လှစ်လိုက်တာပါ။

ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က “ဒီရုံးခွဲဟာ ကော်မရှင်ရဲ့ ပထမဆုံးရုံးခွဲဖြစ်ပြီးတော့ ဒီနှစ်အတွင်းမှာပဲ ကျနော်တို့ မန္တလေးရုံးခွဲကိုလည်း ဆက်လက်ဖွင့်လှစ်သွားဖို့ စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း အသိပေးတင်ပြလိုပါတယ်။ ဒီရုံးခွဲကို ဗဟိုပြုပြီးတော့ ရန်ကုန်တိုင်းဒေသကြီးနဲ့ ဆက်စပ်နေတဲ့ တိုင်းဒေသကြီးများ၊ ပြည်နယ်များတွေမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ပညာပေးရေးလုပ်ငန်းတွေ၊ တားဆီးကာကွယ်ရေးလုပ်ငန်းတွေနဲ့ စုံစမ်းစစ်ဆေးရေး လုပ်ငန်းတွေကို ပိုမိုလျှင်မြန် ထိရောက်စွာ ဆောင်ရွက်သွားနိုင်မှာ ဖြစ်တဲ့အပြင် လူထုနဲ့ ပိုမို နီးကပ်စွာ ထိတွေ့ဆက်ဆံ ဆွေးနွေးနိုင်ခွင့်လည်း ရရှိလာမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

အမှန်စင်စစ် အဂတိလိုက်စားမှု တားဆီးကာကွယ်တယ်ဆိုတာ တခြားသူတွေရဲ့ မှားယွင်းတဲ့ အတွေ့အကြုံကနေပြီးတော့ သင်ခန်းစာရယူပြုပြင်ပေးတဲ့ နည်းလမ်းဖြစ်တယ်လို့လည်း ပြောပါတယ်။

ဖွင့်ပွဲကို တက်ရောက်လာတဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ ဒီရုံးဟာ ရန်ကုန်တိုင်းရဲ့ ဂုဏ်ကျက်သရေဖြစ်တယ်လို့ ပြောပါတယ်။

“ဒါဟာ ရန်ကုန်တိုင်းရဲ့ ဂုဏ်ကျက်သရေ တခုပဲဖြစ်ပါတယ်။ ကျနော်တို့အားလုံးဟာ အဂတိ တိုက်ဖျက်ရေးဆိုတဲ့ အခြေအနေကို ကြားတဲ့အခြေအနေတိုင်းမှာ အလုပ်လုပ်ရမှာကို တွန့်ဆုတ် နေတတ်တာမျိုးတွေ ဖြစ်တတ်ကြပါတယ်။ ဒီရုံးတွေကို တည်ဆောက်နေတဲ့ ဆောင်ရွက်မှုတွေထဲမှာ ဒီစိုးရိမ်မှုတွေကို ဖြေဖျောက်ပေးနိုင်ဖို့အတွက်ဖြစ်ပါတယ်။ ကျနော်တို့က အသိပညာပေးပြီး ဘာတွေက လုပ်သင့်တယ်၊ ဘာတွေက မလုပ်သင့်ဘူး၊ လူမှုရပ်ဝန်းမှာ ဘယ်လို နေထိုင်ခြင်းဟာ အများပြည်သူ အကျိုးအတွက် အထောက်အကူပြုပြီး ဖွံ့ဖြိုးတိုးတက်ရေးတွေကို ဖြစ်စေနိုင်တယ်ဆိုတဲ့ အသိတွေကို ပေးနိုင်ဖို့အတွက် ဒီရုံးတွေကို ဖွင့်လှစ်ဆောင်ရွက်နေတာ” လို့ ပြောပါတယ်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဆောင်ရွက်နေတာမှာ ကျောသား၊ ရင်သားမခွဲခြားဘဲ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်းထိန်းညှိသွားကြရမယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013