DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
March 16, 2019
Donate to DVB

မတ်ပဲ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာမတ်ပဲကပိဿာ၆၀၀င်တအိတ်ကို ၆၄၁၅၀ ပေါက်ဈေးရပြီး ၅၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မန္တလေးပွဲစားကုန် သည်စက်ပိုင် အသင်းမှာတော့ မတ်ပဲ အသစ်က  တအိတ်ကို ၆၈၀၀၀ ကနေ ၇၅၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂၀၀၀ ကျပ်ဈေး တက်လာပါတယ်။  ရန်ကုန်နဲ့မန္တလေး ကုန်စည်ဒိုင် မှာ ၁၀၈၅၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ  ပဲစင်းငုံနီ(သစ်)ကပိဿာ၆၀၀င်တအိတ်ကို ၇၇၅၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲမရှိပါဘူး။

မြင်းခြံကုန်စည်ဒိုင်မှာတော့ တအိတ်ကို  ၇၈၆၀၀ ပေါက်ဈေးရှိပြီး ၆၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနှင့် မြင်းခြံ ကုန်စည်ဒိုင်မှာ ၁၁၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ကုလားပဲ

မန္တလေးကုန်စည်ဒိုင်မှာ  ကုလားပဲv2 က ၅၇.၂၅ ပိဿာဝင်တအိတ်ကို ၇၁၀၀၀ ကနေ ၇၁၅၀၀ ပေါက်စေးရှိပြီး တအိတ်ကို ၅၀၀ ကျပ်ဈေးတက်လာပါတယ်။

ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၇၀၅၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၉၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၁၀၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

ပဲထောပတ်

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲထောပတ်က တအိတ်ကို ၁၀၅၀၀၀ ကနေ ၁၁၇၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။

ပခုက္ကူကုန်စည်ဒိုင် မှာတော့ တအိတ်ကို ၁၀၅၃၀၀ ကနေ ၁၁၁၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၈၀၀ ကျပ်ဈေးကျဆင်းသွားပါ တယ်။မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၆၀၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

ပဲဇီးကွက်

မန္တလေးကုန်စည်ဒိုင်မှာ ပဲဇီးကွက်က ၅၈.၂၅ ပိဿာဝင် တအိတ်ကို ၅၇၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ပခုက္ကူကုန်စည်ဒိုင် မှာတော့ တအိတ်ကို ၅၇၃၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၃၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

နှမ်းနက်(စမုံ)

မန္တလေးကုန်စည်ဒိုင်မှာ နှမ်းနက်(စမုံ)က ၄၅ ပိဿာဝင် တအိတ်ကို ၂၅၅၀၀၀ ကနေ ၂၆၅၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

အောင်လံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၂၅၀၀၀၀ ကနေ ၂၅၅၀၀၀ ပေါက်ဈေးရှိ ပါတယ်။မန္တလေး နဲ့အောင်လံကုနစည်ဒိုင်တအိတ်ကို ၁၀၀၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013