DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းလွှတ်တော် ကာယကံရှင်များ မတက်သဖြင့် စွပ်စွဲပြစ်တင်မှု အထမမြောက်
DVB
·
October 10, 2012
Donate to DVB

အောက်တိုဘာ ၁၀ ရက်မှာ နောက်ဆုံးနေ့အဖြစ် ကျင်းပခဲ့တဲ့ ဧရာဝတီတိုင်း လွှတ်တော်က တိုင်းအစိုးရအဖွဲ့ကို စွပ်စွဲပြစ်တင်ဖို့ အစီအစဉ်ပါရှိပေမယ့် အထမမြောက်ခဲ့ဘူးလို့ သိရပါတယ်။

စွပ်စွဲပြစ်တင်ခြင်းခံရမယ့် ကာယကံရှင်တွေ ရောက်မလာလို့ စွပ်စွဲပြစ်တင်တာ မလုပ်လိုက်ရဘူးလို့ နောက်ဆုံးနေ့၊ တိုင်းလွှတ်တော်အစည်းအဝေး တက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရေကြည်မြို့နယ် တိုင်းအမတ် ဒေါက်တာလှမြတ်သွေး က  ပြောပါတယ်။

“မနေ့ကအထိ ၀န်ကြီးချုပ်က တက်ပေမယ့် ဒီနေ့ ၀န်ကြီးချုပ် မတက်ပါဘူး။ နောက် ကာယကံရှင် ၂ ယောက်လုံး ၀န်ကြီး ဦးသန်းထွန်း၊ ၀န်ကြီးချုပ်ရော ဒီနေ့ မလာတဲ့အတွက် စွပ်စွဲပြစ်တင်ခြင်း ကို ရွှေ့ဆိုင်းလိုက်ပါတယ်။”

ဒီလ ၁၉ ရက်မှာ နောက်တကြိမ် ကျင်းပဖို့ရှိတဲ့ တိုင်းလွှတ်တော်အစည်းအဝေးကျမှ  စွပ်စွဲပြစ်တင်တော့မယ်လို့လည်း ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဟာ လွှတ်တော်က ဆုံးဖြတ်လိုက်တဲ့  အဆိုတွေ၊ တိုက်တွန်းချက်တွေကို လိုက်နာဆောင်ရွက်မှု အားနည်းခြင်း၊ လွှတ်တော် ကိုယ်စားလှယ်တွေ  ပြည်သူတွေနဲ့  ကင်းကွာအောင်၊ တာဝန်ဝတ္တရားများ ဆောင်ရွက်မရအောင် အနှောင့်အယှက်ပေးခဲ့တဲ့အတွက် စွပ်စွဲပြစ်တင်ရတော့မယ်လို့ လွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့်က ပြီးခဲ့တဲ့လကတည်းက မီဒီယာတွေကို ထုတ်ဖော်ပြောဆိုခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013