DVB Logo
Home
မြန်မာသတင်း
ပြည်သူနှင့်အုပ်ချုပ်ရေးပိုင်း အမြင်မကြည်မှု အုပ်ချုပ်ရေးဘက်က မှားယွင်းတာများနေဟု အတိုင်ပင်ခံပြော
DVB
·
March 16, 2019
ပြည်သူနှင့်အုပ်ချုပ်ရေးပိုင်း အမြင်မကြည်မှု အုပ်ချုပ်ရေးဘက်က မှားယွင်းတာများနေဟု အတိုင်ပင်ခံပြော
Donate to DVB

အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ ပြည်သူတွေကြားမှာ ဖြစ်နေတဲ့ အမြင်မကြည်မှုတွေမှာ ပြည်သူတွေဘက်က မှားတာမဟုတ်ဘဲ အုပ်ချုပ်ရေးဘက်ကမှားတာ များနေတာဟာ စနစ်ကြောင့်ဖြစ်ပြီး ပြုပြင်ပြောင်းလဲနေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပဲခူးတိုင်းခရီးစဉ် ဒုတိယနေ့မှာ ပဲခူးတိုင်းအရှေ့ခြမ်းက ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံပွဲမှာ အခုလို ပြောကြားခဲ့တာပါ။

“ပြည်သူတွေကနေပြီးတော့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာကို ရန်သူတွေလို မြင်နေလို့ရှိရင် ဒါတခုခုမှားလို့ပါပဲ။ ဘယ်သူ့ဘက်က မှားနေလဲဆိုရင် အုပ်ချုပ်ရေးဘက်က မှားနေတာတွေက များပါတယ်။ ကျမတို့ ပြည်သူတွေကလည်း တခါတလေတော့ ဒေါသ နဲ့ လုပ်နေကြတာတွေ ရှိပေမယ့် များသောအားဖြင့်တော့ ပြည်သူတွေရဲ့ တောင်းဆိုချက်တွေက မလွန်ဘူးလို့ ကျမကတော့ မြင်မိပါတယ်။ ကျမတို့ အုပ်ချုပ်ရေးဆိုင်ရာဘက်က ၀န်ထမ်းတွေဘက်က ပြည်သူတွေရဲ့ဆန္ဒကို အပြည့်အ၀ ဖြည့်ဆည်းမပေးနိုင်တာ ၀န်ထမ်းတွေရဲ့အပြစ်ကြီးပဲလည်း မဟုတ်ပါဘူး။ ကျမတို့စနစ်နဲ့လည်း အများကြီး ဆိုင်ပါတယ်၊ ဒီစနစ်ကို ကျမတို့ ပြုပြင်ပြောင်းလဲနေပါတယ်။  ပြုပြင်ပြောင်းလဲနေတာနဲ့အမျှ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ၀န်ထမ်းတွေကလည်း ပြုပြင်ပြောင်းလဲလာလိမ့်မယ်လို့ ကျမအနေနဲ့ မျှော်လင့်ပါတယ်။”

ပြည်သူတွေရဲ့ အခြေအနေတွေ၊ အစိုးရရဲ့ အခြေအနေတွေ၊ အုပ်ချုပ်ရေးပိုင်းဝန်ထမ်းတွေရဲ့ အခြေအနေတွေကို သိလိုတာကြောင့် အခုလို တိုင်းနဲ့ ပြည်နယ်အသီးသီးကို လှည့်လည်သွားလာနေတာလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုပါတယ်၊

အစိုးရဟာ ပြည်သူက ရွေးခြယ်တင်မြှောက်ထားတာကြောင့် ပြည်သူ့အတွက် တာဝန်ခံရမယ်၊ ပြည်သူ့အကျိုးကို ဆောင်ရွက်ပေးရမယ်၊ ပြည်သူအတွက် နိုင်ငံအတွက် အကောင်းဆုံးလုပ်ဆောင်ပေးရမယ့် တာဝန်အရှိဆုံးဖြစ်ပြီး လမ်းမှန်မှန်သွားနိုင်အောင် အစိုးရကို ထိန်းကျောင်းပေးဖို့က ပြည်သူမှာလည်း တာဝန်ရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ကိုယ်တိုင်တင်ပြခွင့်ရရှိသူ တချို့လည်း ရှိသလို တိုင်စာပေါင်း ၂၄၀ ကျော် လာရောက်တိုင်ကြားသွားတယ်လို့ သိရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဆွေးနွေးပွဲကို ဒေသခံပြည်သူ ၂၀၀၀ လောက် တက်ရောက်ခဲ့ကြပြီး ခန်းမထဲကိုတော့ အစိုးအဖွဲ့ အပါအ၀င် ဌာနဆိုင်ရာတွေနဲ့ ပြည်သူ ၅၀၀ လောက်သာ ၀င်ရောက်နိုင်ခဲ့ပြီး နေရာအခက်အခဲကြောင့် ဒေသခံပြည်သူ ၁၀၀၀ ကျော်လောက်ကို ခန်းမအပြင်ဘက်မှာ LED ဘုတ်နဲ့ ပြသထားပါတယ်။

အောင်စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013