DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်ကြေးရုပ်ထားရှိသည့် ကန္ဒာဟေဝန်ပန်းခြံတွင် လုံခြုံရေးတိုးမြှင့်
DVB
·
March 15, 2019
ဗိုလ်ချုပ်ကြေးရုပ်ထားရှိသည့် ကန္ဒာဟေဝန်ပန်းခြံတွင် လုံခြုံရေးတိုးမြှင့်
Donate to DVB

ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ကို မတ် ၁၇ ရက် နောက်ဆုံးထား ရွှေ့ပြောင်းပေးဖို့ ကရင်နီပြည်လူငယ်များ အင်အားစုက အသိပေးစာ ထုတ်ပြန်ပြီးနောက် ကြေးရုပ်ထားရှိရာ ကန္ဒာဟေဝန်ပန်းခြံမှာ လုံခြုံရေး တိုးမြှင့်ထားပါတယ်။

မတ်လ ၁၄ ရက်နေ့ ညနေပိုင်းကစပြီး လုံခြုံရေးတွေ တိုးမြှင့်ထားလိုက်ပြီး ပန်းခြံ ခြံစည်းရိုးပေါ်မှာ သံဆူးကြိုးတွေ ကာထားသလို စီစီတီဗွီတွေ တပ်ထားတာကိုလည်း တွေ့ခဲ့ရပါတယ်။

ဒီနေ့ ပန်းခြံရဲ့ အနေအထားအရ လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၁၀ ယောက်ကျော်လောက် ရှိပါတယ်။

လွိုင်ကော်ပန်းခြံမှာ ထားရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်တုကို မတ်လ ၁၇ ရက် နောက်ဆုံးထား ရွှေ့ပြောင်းပေးဖို့၊ ဒီကိစ္စကို ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်ရှိုနဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်တို့က တာဝန်ယူ ဖြေရှင်းပေးဖို့ ကရင်နီလူငယ်တွေက မတ်လ ၁၂ ရက်နေ့က ထုတ်ပြန် တောင်းဆိုလိုက်တာပါ။

ဒါ့အပြင် သက်မဲ့ရုပ်တုထားရှိရေးအတွက် သက်ရှိ ကရင်နီလူမျိုးတွေရဲ့ သမိုင်းကို စတေးခံမှာ မဟုတ်ကြောင်းနဲ့ ကြေးရုပ်ဖြုတ်သိမ်းရေးနဲ့ ရွှေ့ပြောင်းပေးရေး ဆက်လက်ရပ်တည်သွားမယ်လို့ ကရင်နီပြည်လူငယ်များအင်အားစုက သတိပေး ထုတ်ပြန်ခဲ့တာပါ။

ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရကို မေးမြန်းဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် တာဝန်ခံဖြေကြားသူ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013