DVB Logo
Home
မြန်မာသတင်း
လိမ္မော်သီးနှင့် ဝေလာရီတို့၏ Nonstop Remix မြူးမြူးကြွကြွ သင်္ကြန်သီချင်း (ရုပ်သံ)
DVB
·
March 15, 2019
လိမ္မော်သီးနှင့် ဝေလာရီတို့၏ Nonstop Remix  မြူးမြူးကြွကြွ သင်္ကြန်သီချင်း (ရုပ်သံ)
Donate to DVB

“သင်္ကြန်ရေ လောကကြီးအေးချမ်းကြပါစေ… ပန်းများအတိုင်း လန်းဆန်းကြပါစေ အားလုံးအတွက် နှစ်သစ်ဆုမွန်ကောင်း တောင်းမယ်… သင်္ကြန်ရေ အလွမ်းမီးများ ငြိမ်းအေးကြပါစေ… အိပ်မက်တို့ စိမ်းလန်းကြပါစေ… အားလုံးအတွက် နှစ်သစ်ဆုမွန်ကောင်း တောင်းမယ်”

ဒီသီချင်းကို ကြားလိုက်တာနဲ့ ပရိသတ်တွေက နာမည်ကြီး သင်္ကြန်သီချင်းတပုဒ်ဖြစ်တဲ့ သင်္ကြန်ရေသီချင်းမှန်း သိကြပြီး ဖြစ်မှာပါ။

ဒီတခါမှာတော့ ပရိသတ်တွေက ဒီသီချင်းကို အဆိုတော် လိမ္မော်သီးနဲ့ ညီမဖြစ်သူ ဝေလာရီတို့ ညီအစ်မ ၂ ဦးရဲ့ သီဆိုသရုပ်ဆောင်မှုတွေ၊ အလန်းစားရိုက်ချက်တွေနဲ့အတူ ရှုစားကြရမှာ ဖြစ်ပါတယ်။

“တို့ပျော်ဖို့ အချစ်သင်္ကြန်နေ့လေး… စောင့်ရကျိုးနပ်ဖို့ ရောက်လာပြီ… တို့ရဲ့အသည်းထဲ ပန်းရောင်စုံများ… မင်းအချစ်နဲ့ဖျန်းမှ လန်းနိုင်မယ်… စိုအောင်လောင်း ရွှဲအောင်လောင်း… အေးအောင်လောင်းလိုက်ပါ… မင်းအချစ်နဲ့မှ အေးချမ်းမယ့်ဘဝလေး… စိုအောင်လောင်း ရွှဲအောင်လောင်း… အေးအောင်လောင်းလိုက်ပါ… အသည်းလေးအေး အောင် အမြန်လောင်းလိုက်ပါ”

သင်္ကြန်ရေလို့ အမည်ရတဲ့ ဒီသီချင်းကိုတော့ တေးရေး မြင့်မိုးအောင်က ရေးစပ်ထားတာဖြစ်ပြီး နာမည်ကြီး အမျိုးသမီး အဆိုတော်တွေ ဖြစ်ကြတဲ့ ချောစုခင်၊ မို့မို့ဇော်ဝင်း၊ ယုဇန၊ သီရိဂျေမောင်မောင်တို့နဲ့အတူ ဘရိတ်ကီတို့က သီဆိုခဲ့ကြပြီး ပရိသတ်တွေ အားပေးမှုရရှိခဲ့တဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။

“လက်မြှောက် မိပြီလက်မြှောက်… ပစ်မယ် ရေသေနတ်လေးနဲ့ပစ်မယ်… ရေသေနတ်လေးနဲ့ပစ်မယ်… လက်မြှောက် မိပြီလက်မြှောက်… အချစ်တွေအကုန်လုံး ပေးလိုက်တော့ကွာ… အကုန်လုံး ပေးလိုက်တော့ကွာ… ရင်ခုန်တာ မညာပါနဲ့”

လတ်တလော ထွက်ရှိလာခဲ့တဲ့ ဒီသီချင်းကိုတော့ T – Creation က ပုံဖော်ရိုက်ကူး ပေးထားခဲ့တာဖြစ်ပြီး လိမ္မော်သီး၊ ဝေလာရီတို့နဲ့အတူ မော်ဒယ် Hugo၊ Jade Dragon အကအဖွဲ့တို့လည်း ပါဝင်ထားခဲ့ကြတာ ဖြစ်ပါတယ်။

“ပြောစမ်းပါ မညာနဲ့… အမှန်ကို အမှန်အတိုင်းပဲ… ရှေ့နှစ်ကသင်္ကြန်ရက်မှာ ပြောခဲ့တယ်… မင်းစကားကိုပုံပြီး ယုံစားမိပါတယ်… ငါလေ အခုတော့ သိပြီကွယ်… မင်း ဟာ လည်လည်လည်… ပြောပါကွယ် ငါ့ကိုမညာပါနဲ့”

V7 Entertainment က ဖေ့စ်ဘွတ်ခ် အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တဲ့ ဒီသီချင်းဟာ နာရီပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုသူ တသိန်းကျော်ရှိနေခဲ့တာ ဖြစ်ပြီး ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။

“ဖြည်းဖြည်းလေး မင်းလောင်းလိုက်ပါ… ဖြည်းဖြည်းလေး လောင်းလိုက်ပါလား… တန်ခူးလရဲ့ ဒီအချိန်လေးဟာ… ခဏလောက်နဲ့ ကုန်လွယ်လို့ပါ… ဖြည်းဖြည်းလေး မင်းလောင်းလိုက်ပါ… ဖြည်းဖြည်းလေး လောင်းလိုက်ပါလား… တန်ခူးလရဲ့ ဒီအချိန်လေးဟာ… ခဏလောက်နဲ့ ကုန်လွယ်လို့ပါ… နောက်ထပ်နောက်ထပ် ပေးဦး… ဟေး ... သင်္ကြန်ရက်လေးများ… နောက်ထပ်နောက်ထပ် ပေးဦး… အိုး ... အပျော်ဆုံးအချိန်လေးများ နောက်ထပ်နောက်ထပ် ပေးဦး”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013