DVB Logo
Home
မြန်မာသတင်း
မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များနှင့် ကေအန်ပီပီကို ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်
DVB
·
March 15, 2019
မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များနှင့် ကေအန်ပီပီကို ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်
Donate to DVB

မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ၇ ဖွဲ့နဲ့ ကေအန်ပီပီ တပ်ဖွဲ့တို့ကို အစိုးရ ငြိမ်းချမ်းရေးကော်မရှင်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

မတ် ၂၁ ရက် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနမှာ တွေ့ဆုံပြီး ရှေ့ဆက်လက်ဆောင်ရွက်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆွေးနွေးညှိနှိုင်းလိုတယ်လို့ အစိုးရဖိတ်စာမှာ ဖော်ပြပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက သူတို့တပ်ဖွဲ့ ဆွေးနွေးပွဲတက်မယ်လို့ ပြောပါတယ်။

“ဖိတ်စာတော့ရောက်ပါပြီ၊ ဘယ်သူတက်မလဲဆိုတာ မသိသေးဘူး၊ ဌာနချုပ်က ဘယ်လိုစီစဉ်မယ်၊ ဘယ်သူ့ကိုလွှတ်မယ် မသိရသေးဘူး။”

မိုင်းလားတပ်ဖွဲ့ ပြောခွင့်ရ ဦးကြည်မြင့်ကလည်း သူတို့တပ်ဖွဲ့ ကိုယ်စားလှယ်တွေ ဆွေးနွေးပွဲတက်မယ်လို့ ပြောပါတယ်။

အစိုးရနဲ့ အခုဖိတ်ကြားထားတဲ့ တိုင်းရင်သား လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့ ၈ ဖွဲ့တို့ ဆွေးနွေးပြီးရင် နောက်တနေ့မှာ တပ်မတော် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့က တဖွဲ့ချင်းနဲ့ ဆက်လက်ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၁ ရက်က တပ်မတော်ဘက်ကနေ စစ်တိုင်း ၅ ခုမှာ တဖက်သတ် အပစ်အခတ် ရပ်စဲကြောင်း ကြေညာခဲ့ပြီးတဲ့နောက် ၃ လလောက်အကြာမှာ အစိုးရက မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၇ ဖွဲ့နဲ့ ဆွေးနွေးဖို့ ဖိတ်ခေါ်လာတာ ဖြစ်ပါတယ်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၇ ဖွဲ့ထဲမှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရက္ခိုင် အမျိုးသားအဖွဲ့ချုပ် (ULA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ (MNTJP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ (PSC) နဲ့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တို့ ပါဝင်ပါတယ်။

ကေအန်ပီပီ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီကတော့ အန်စီအေ ဆွေးနွေးပွဲတွေမှာ တောက်လျှောက်ပါဝင်ခဲ့ပေမယ့် ခုချိန်ထိ အန်စီအေ အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးသေးပါဘူး။

မြောက်ပိုင်းတပ်ဖွဲ့ ၇ ခုနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) အနေနဲ့ အစိုးရနဲ့ ဆွေးနွေးလိုတယ်လို့ အကြိမ်ကြိမ် ကမ်းလှမ်းခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013