DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းအစိုးရ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ Like လုပ်သူအများဆုံးဖြစ်  
DVB
·
March 14, 2019
ရန်ကုန်တိုင်းအစိုးရ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ Like လုပ်သူအများဆုံးဖြစ်  
Donate to DVB

ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာဟာ ပြည်နယ်နဲ့ တိုင်းအစိုးရတွေရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေထဲမှာ  Like အများဆုံးရရှိထားတယ်လို့ Social Media Development Myanmar ရဲ့ ၂၀၁၉ ဖေဖော်ဝါရီလ လေ့လာတွေ့ရှိချက်အရ သိရပါတယ်။

ဒုတိယနေရာမှာ ရှမ်းပြည်နယ်အစိုးရနဲ့ တတိယနေရာမှာ ကရင်ပြည်နယ်တို့ရှိနေပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကတော့ Post အများဆုံးတင်တာကို တွေ့ရပါတယ်။

မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအစိုးရတို့ရဲ့ ဖေ့စ်ဘွတ်ခ်ကတော့ လှုပ်ရှားမှုနည်းပါးပြီး ချင်းပြည်နယ်အစိုးရရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကိုတော့  မြင်တွေ့ရခြင်းမရှိဘူးလို့ဆိုပါတယ်။

ရန်ကုန်တိုင်းအစိုးရရဲ့ ဖေ့စ်ဘွတ်ခ်မှာ ၀န်ကြီးချုပ်နဲ့ လွှတ်တော်ဆိုင်ရာသတင်းတွေ လှုပ်ရှားမှုတွေကို ဦးစားပေးဖော်ပြထားပြီး မန္တလေးတိုင်းအစိုးရကတော့ ခရိုင်နဲ့ မြို့နယ်အလိုက် သတင်းတွေကို ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလအတွင်း လေ့လာဆန်းစစ်ချက်အရ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းတို့က ဖေ့စ်ဘွတ်ခ် ကြော်ငြာဝန်ဆောင်မှုအတွက် ငွေကြေးအသုံးပြုမှုရှိတယ်လို့ သိရပါတယ်။

တိုင်းနဲ့ပြည်နယ်အစိုးရတွေက ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကို သတင်းပြန်ကြားရေး ပုံစံနဲ့ဖော်ပြနေတာကိုတွေ့ရပြီး လူထုဆက်ဆံရေးအတွက် အသုံးပြုမှု နည်းပါးနေတယ်လို့ သိရပါတယ်။

Social Media Development Myanmar အဖွဲ့ဟာ မြန်မာနိုင်ငံရှိ  လူမှုကွန်ရက် အသုံးပြုသူတွေအတွက် ကောင်းမွန်တဲ့ လူမှုကွန်ရက်ပတ်ဝန်းကျင်ရရှိစေရေး သတင်း အချက်အလက်နဲ့ နည်းပညာတွေ  ဖြန့်ဝေဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013