DVB Logo
Home
မြန်မာသတင်း
မြစ်ဆုံကိစ္စအစိုးရဆုံးဖြတ်ပြီးပါက ပြည်သူကိုတင်ပြမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
DVB
·
March 14, 2019
မြစ်ဆုံကိစ္စအစိုးရဆုံးဖြတ်ပြီးပါက ပြည်သူကိုတင်ပြမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
Donate to DVB

မြစ်ဆုံစီမံကိန်းကိစ္စ အစိုးရဆုံးဖြတ်ချက်ချပြီးရင် ပြည်သူကို အသိပေးတင်ပြမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မတ် ၁၄ ရက်က ပြည်မြို့မှာလုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူထုတွေ့ဆုံပွဲမှာ ဒေသခံတဦးက မြစ်ဆုံကိစ္စမေးမြန်းရာမှာ အစိုးရအနေနဲ့ စီမံကိန်းလုပ်ငန်းတွေနဲ့ပတ်သက်ရင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစတဲ့ အချက် ၄ ချက်ပေါ် မူတည် စဉ်းစားတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ် ဘယ်လိုပဲ ကြီးကျယ်တဲ့ စီမံကိန်းတွေနဲ့ပဲဖြစ်ဖြစ် ကျမတို့က နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပတ်ဝန်းကျင်ထိမ်းသိမ်းရေး အဲ့ဒီ ရှုထောင့်လေးခုက ကျမတို့ ကြည့်ပြီးမှ ဆုံးဖြတ်ချက်ချမှာပါ။ ချတဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ပြည်သူကိုတင်ပြမယ်၊ ဘာ့ကြောင့် ချရတာဆိုတာလည်း တင်ပြမယ်ဆိုတာ ပြောလိုပါတယ်။”

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းဟာ ကချင်ပြည်နယ် ဧရာဝတီမြစ်အထက် မေခနဲ့ မလိခ မြစ်ပေါ်မှာ ရေကာတာ ၇ ခု တည်ဆောက်ကာ ရေအားလျှပ်စစ် ထုတ်လုပ်မယ့် စီမံကိန်းဖြစ်ပြီး တပ်မတော်အစိုးရလက်ထက် ၂၀၀၆ ခုနှစ်က တရုတ်ကုမ္ပဏီတခုနဲ့ အကျိုးတူပူးပေါင်း လုပ်ဆောင်ဖို့ သဘောတူစာချုပ်ချုပ်ဆိုခဲ့တာပါ။

ပြည်သူအများက ဆန္ဒထုတ်ဖော်ကန့်ကွက်ခဲ့ကြတဲ့အတွက် ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၁ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့ကစပြီး အခုချိန်ထိ လုပ်ငန်းလုပ်ဆောင်မှု ရပ်တန့်ထားတာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းမှာ တရုတ်အစိုးရက မြစ်ဆုံစီမံကိန်းကို ဆက်လက်လုပ်ဆောင်လို တဲ့စကား ထုတ်ပြောလာပြီးတဲ့နောက် အရပ်ဘက်အဖွဲ့တွေနဲ့ ပြည်သူတွေ စုပေါင်းပြီး ကန့်ကွက် ဆန္ဒပြတာတွေ ပြန်လည် လုပ်ဆောင်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013