DVB Logo
Home
မြန်မာသတင်း
ရဲစခန်းများကိုတိုက်ခိုက်နေမှု ရပ်တန့်ရန် နိုင်ငံခြားသံရုံးများတောင်းဆို
DVB
·
March 14, 2019
ရဲစခန်းများကိုတိုက်ခိုက်နေမှု ရပ်တန့်ရန် နိုင်ငံခြားသံရုံးများတောင်းဆို
Donate to DVB

ရခိုင်ပြည်နယ်အတွင်း ရဲစခန်းတွေ၊  အရပ်ဖက် အာဏာပိုင်တွေနဲ့ လူပုဂ္ဂိုလ်တွေအပေါ် တိုက်ခိုက်နေတာကို ရပ်တန့်ဖို့ ရန်ကုန်အခြေစိုက် နိုင်ငံခြားသံရုံးတွေက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အီးယူ ဥရောပသမဂ္ဂသံရုံး ၊ ဥရောပအဖွဲ့ဝင်နိုင်ငံ သံရုံးတွေ၊ ကနေဒါနဲ့ နော်ဝေသံရုံးတွေက ဒီကနေ့ မတ်လ ၁၄ ရက်မှာ ထုတ်ပြန်ချက်တရပ်ပြုလုပ်ပြီး တိုက်တွန်းလိုက်တာပါ။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် တောင်ပိုင်းမှာ  အေအေလက်နက်ကိုင်အဖွဲ့နဲ့ မြန်မာ့တပ်မတော်အကြား ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေဟာ အသက်အိုးအိမ် ဆုံးရှုံးနစ်နာမှုတွေနဲ့ ဆိုးရွားတဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေအနေကို ဖြစ်ပေါ်စေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ရဲစခန်းတွေ အရပ်ဘက် အာဏာပိုင်တွေနဲ့  လူပုဂ္ဂိုလ်တွေကို တိုက်ခိုက်နေတာ ရပ်တန့်ရမယ်၊ မတ်လ ၉ ရက်က ဖြစ်ပွားတဲ့ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က  ရဲတပ်ဖွဲ့ဝင် ၉ဦး သတ်ဖြတ်ခံရတဲ့ လုပ်ရပ်တွေဟာ ဘယ်လိုမှ တရားမျှတမှုမရှိပါလို့လည်း ဆိုပါတယ်။

ဒါ့အပြင် အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းဖို့နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အားလုံးအနေနဲ့ အတိတ်က နာကြည်းချက်တွေကို ဆွေးနွေးမှုတွေနဲ့  နိုင်ငံရေး ဖြစ်စဉ်တွေက တဆင့် ဖြေရှင်းဆောင်ရွက်နိုင်ဖို့ မျှော်လင့်တယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်းနဲ့ ကျောက်တော် မြို့နယ်တွေမှာ စစ်ဘေးရှောင်တွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ပေးခွင့် ပြုဖို့နဲ့  အခြေအနေပိုမိုဆိုးမလာစေဖို့ လယ်ယာစိုက်ပျိုးရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို မိုးဥတုမရောက်မီ ဆောင်ရွက်ခွင့် ပုဖို့လည်း နိုင်ငံခြားသံရုံးတွေက တိုက်တွန်းပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ တပ်မတော်နဲ့ အေအေ (ရက္ခိုင့်တပ်မတော်) တို့အကြား တိုက်ပွဲတွေ ပြင်းထန် ဆက်လက်ဖြစ်ပွားနေပြီး  စစ်ဘေးရှောင်ထွက်ပြေးလာသူပေါင်း ၁၀၀၀၀ ကျော်ရှိနေပြီလို့ ဒေသခံ ကူညီကယ်ဆယ်ရေးအဖွဲ့တွေရဲ့ စာရင်းတွေအရ သိရပါတယ်။

ဓာတ်ပုံ- EU

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013