DVB Logo
Home
Lead Story
မြူးမြူးကြွကြွအကများနှင့် ပိုပို၏သင်္ကြန်သီချင်းသစ်-ပိတောက်တခက် ရေတခွက်(ရုပ်သံ)
DVB
·
March 14, 2019
မြူးမြူးကြွကြွအကများနှင့် ပိုပို၏သင်္ကြန်သီချင်းသစ်-ပိတောက်တခက် ရေတခွက်(ရုပ်သံ)
Donate to DVB

    “ဖြူနီပြာဝါ ရောင်စုံများကြား… အားလုံးက လှနေပါတယ်… သင်္ကြန်မောင်တွေ ပျော်ရဲ့လားကွယ်… မဏ္ဍပ်ရှေ့က သူ့ကို တွေ့လိုက်ချိန်လေး… ရင်ခုန်ရင်း…  ပျော်ရွှင်ရင်း … ရေတွေရဲ့ ကြားထဲ”

    ဒါကတော့ အသစ်ထွက်ရှိလာတဲ့ တေးသံရှင် ပိုပိုရဲ့ သင်္ကြန်သီချင်းတပုဒ်ဖြစ်ပြီး လတ်တလော အွန်လိုင်းပေါ်မှာ ရေပန်းစားနေခဲ့ပါတယ်။

    “ဟန်တွေ ဘာတွေ မဆောင်ပါနဲ့… ဒါဟာ သင်္ကြန်ပဲ… ကျမကို ချစ်ရင်… လာပြော တော့ကွယ်… အစ်ကိုတွေမောင်တွေလည်း… ပူညံပူညံမလုပ်နဲ့… သင်္ကြန်တွင်းမို့ ခွင့်ပြုကွယ်… ပိတောက်တခက်နဲ့ ရေတခွက်သာ လောင်းဖို့ ယူခဲ့ပါ… ဖြေးဖြေးလေးလောင်း  ပါ… ဒါ ဒါ့ ဒါ… ဖြေးဖြေးလေးပက်ပါ… ဒါ ဒါ့ ဒါ… ဖြေးဖြေးလေးလောင်း ပါ… ဒါ ဒါ့ ဒါ… ဖြေးဖြေးလေးပက်ပါ”

    ပိတောက်တခက် ရေတခွက်လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးသံရှင် ပိုပိုက သူကိုယ်တိုင် ရေးစပ်ထားခဲ့တာဖြစ်ပြီး ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ မြူးကြွတဲ့ သံ စဉ်တွေနဲ့အတူ မော်ဒယ်တွေ၊ သင်္ကြန်မယ်တွေနဲ့ ကခုန်ရင်း သီဆိုသရုပ်ဆောင်ထားခဲ့ တာကို တွေ့ရပါတယ်။

    “သင်္ကြန်မယ်တွေ ပျော်ရဲ့လားကွယ်… မြို့မငြိမ်းရဲ့ သီချင်းလို မန်းတောင်ရိပ်သို့ ခို အို အို့… ကြိုဆိုမလို့… လည်လည်လျှောက်သွားမလို့…  ဟန်တွေ ဘာတွေ မဆောင်ပါ နဲ့… ဒါဟာ သင်္ကြန်ပဲ… တူတူတွဲလို့ ကလိုက်ကွယ်… အစ်ကိုတွေမောင်တွေလည်း… ပူညံ ပူညံမလုပ်နဲ့… သင်္ကြန်တွင်းမို့ ခွင့်ပြုကွယ်… ပိတောက်တခက်နဲ့ ရေတခွက်သာ လောင်း ဖို့ ယူခဲ့ပါ… ဖြေးဖြေးလေးပက်ပါ… ဒါ ဒါ့ ဒါ… ဖြေးဖြေးလေးလောင်းပါ… ဒါ ဒါ့ ဒါ… ဖြေးဖြေးလေးပက်ပါ… ဒါ ဒါ့ ဒါ… ဖြေးဖြေးလေးလောင်းပါ”

    ဒီသီချင်းကို ပိုပိုက သူကိုယ်တိုင် ဒါရိုက်တာအဖြစ် ပုံဖော်ရိုက်ကူးထားခဲ့တာဖြစ်ပြီး သင်္ကြန်ရဲ့ အငွေ့အသက်တွေနဲ့ မြူးမြူးကြွကြွ ခံစားကြရမှာ ဖြစ်ပါတယ်။

    သီချင်းရုပ်သံဗွီဒီယိုဖိုင်ကိုတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာ မျက်နှာပေါ်မှတဆင့် မတ်လ ၁၂ ရက်နေ့က ခုလိုရေးသားပြီး မျှဝေထားခဲ့တာကို တွေ့ရ ပါတယ်။

“မင်္ဂလာပါရှင်… ပိုပို့ရဲ့ ပိတောက်တစ်ခက် ရေတစ်ခွက် သင်္ကြန်💦 သီချင်း အ မိုက်စားလေးကို 🎶🎦Music Video အဖြစ်နဲ့ ပရိတ်သတ်လက်ထဲ ထည့်ပေးလိုက်ပါပြီ ရှင်… နားထောင်ပြီး ကြိုက်ရင်လည်း ကိုယ်ချစ်တဲ့ သူတွေ နားထောင်ဖို့ Mention ခေါ် လိုက်ပါ… Share ဖို့လဲ မမေ့နဲ့နော်”

လတ်တလောမှာတော့ ဒီသီချင်းရုပ်သံကို ၂ ရက်အတွင်း ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သိန်းကျော်ရှိနေခဲ့ပြီး ပရိသတ်တွေကြား ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013